စံပြကျေးရွာများတွင် နေထိုင်ရန် ဗမာပြည်မှ အိမ်ထောင်စု ၁၄၃ စု မောင်တောသို့ ရောက်ရှိ်

စံပြကျေးရွာများတွင် နေထိုင်ရန် ဗမာပြည်မှ အိမ်ထောင်စု ၁၄၃ စု မောင်တောသို့ ရောက်ရှိ်
by -
မောင်အေး

ရခ်ိုင်ပြည်နယ် မောင်တောမြို့နယ်တွင်တည် ဆောက်ပေးနေသော စံပြကျေးရွားများတွင် နေထိုင်ရန် အတွက် ဗမာပြည်မှ မိသားစု ၁၄၃ စုသည် လွန်ခဲ့သော သောကြာနေ့ကမောင်တော သို့ ရောက်ရှိ လာကြောင်း သတင်း ရရှိသည်

မောင်တော အစိုးရ ၀န်ထမ်း တစ်ဦးမှ “ စုစုပေါင်း မိသားစု ၁၄၃ စု ဖြစ်ပါတယ်။ လူဦးရေက စုစုပေါင်း ၄၂၂ ဦးပါ၀င်ပါတယ်။ သူတို့ထဲက မိသားစု ၄၀ ကို တောင်ပြိုမှာ နေရာချထားပေးပြီး ကျန်တဲ့ မိသားစုတွေက်ိုတော့ ညောင်ချောင်းနဲ့ ခရေမြိုင်မှာ နေရာချထား ပေးပါတယ်” ဟု ပြောသည်။

ယခု ပြောင်းရွေ့လာသော မိသားစုများမှာ (၁၉)ကြိမ်မြောက် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ပြောင်းရွှေ့လာသူများ အားလုံးမှာ ရန်ကုန်မှ ဖြစ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့လာသူမိသားစုများထဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ အနောက်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ တောင်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ မြောက်ပိုင်းခရိုင်မှ အိမ်ထောင်စု ၁၇ စု၊ ရဲတပ်ဖွဲ့မှ အိမ်ထောင်စု ၁၄ စုနှင့် အကျဉ်းဦးစီးမှ အိမ်ထောင်စု ၆၁ စု ဖြစ်သည်။

“ သူတို့ကို ရန်ကုန်ကနေ တောင်ကြီး သင်္ဘောနဲ့ စစ်တွေကို မတ်လ ၂၈ ရက်နေ့က ပြောင်းရွှေ့ခဲ့တာပါ။ မောင်တောကိုတော့ ဧပြီ ၁ ရက်နေ့မှာ ရောက်ပါတယ်။ မောင်တော ကညင်တန်း ရပ်ကွက်မှာ နေရာ ချထားပေးပြီး အဲဒီကတဆင့် စံပြကျေးရွာတွေကို အသီးသီး ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တည်ဆောက်နေသော စံပြကျေးရွာစီမံကိန်းကို ၁၉၉၉ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ အိမ်ထောင်စု ၁၈၀၉ စု၊ လူဦးရေ စုစုပေါင်း ၆၂၃၃ ဦးကို ပို့ဆောင််ပေး ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ပြောင်းရွှေ့လာသူများထဲတွင် ရန်ကုန်ကသာမက မြန်မာပြည် အရပ်ရပ်က လူများလည်း ပါ၀င်ပြီး လုပ်ကိုင် စားသောက်ရန် လယ်မြေများ၊ စက်ကရိယာများနှင့် နေထိုင်ရန် အိမ်များကိုလည်း အခမဲ့ အစိုးရမှ ကူညီထောက်ပံ့ကြောင်း သိရသည်။

ယခုအခါ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြိ်ု့နယ်များတွင် စံပြကျေးရွာပေါင်း ၅၀ ကျော် တည်ဆောက်ပြီ ဖြစ်ကြောင်း သိရသည်။

Most read this week