ငလျင်ဒဏ်သင့်ပြည်သူ မိသားတစုလျင် ဒုသမ္မတ သစ် ကျပ်နှစ်သိန်းစီထောက်ပံ့

ငလျင်ဒဏ်သင့်ပြည်သူ မိသားတစုလျင် ဒုသမ္မတ သစ် ကျပ်နှစ်သိန်းစီထောက်ပံ့
by -
သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသငလျင်ဒဏ်သင့် တာလေမိုင်းလင်း လူထု မိသားစုတခုအား (ဒု) သမ္မတသစ် ဒေါက်တာ စိုင်းမောက်ခမ်း ပထမဆုံးခရီးထွက် ကာတအိမ် ထောင်လျင် ကျပ်ငွေနှစ်သိန်းစီ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

dr_sai_mawk_kham

“ယမန်နေ့တုန်းက ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်လဲ ပါတယ်၊ လာတာအုပ်စုလိုက်ဘဲ။ သေကျေပျက်စီးဆုံးရှုံးတဲ့အိမ်တွေကို တအိမ် ကျပ် ၂ သိန်းစီထောက်ပံ့တယ်” - ဟု လုပ်အားစေတနာရှင် တဦးကပြောပါသည်။

ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယသမ္မတအဖြစ် ရာထူးလက်ခံ ကျမ်းသစ္စာကျိမ်ပြီး ဒုတိယမြောက်နေ့ (ဧပြီ ၁ - ၂ ရက်၌) ပထမဦးဆုံးအကြိမ်အဖြစ် ငလျင်ဒဏ်သင့်သည့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နှင့်မိုင်းလင်း ကျေးရွာအုပ်စုသို့ ခရီးထွက်ခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူအား တအိမ်လျှင် ကျပ်ငွေ နှစ်သိန်းထောက်ပံ့ ခဲ့ကြောင်း၊ စာပေယဉ် ကျေးမှုအဖွဲ့အားလည်း ပုဂ္ဂိုလ်ရေးအနေဖြင့် ထောက်ပံ့ခဲ့သေး ကြောင်း ကြားသိရပါသည်။

“ကျနော်တို့အိမ်တော့ မရဘူး၊ စပါးကျီဘဲပျက်တယ်လေ၊  သေဆုံးတဲ့သူတွေရဲ့မိသားစုတွေ၊ အိမ်ပြိုကျ ပျက် စီးတဲ့သူတွေကို တအိမ်ကျပ် နှစ်သိန်းထောက်ပံ့တယ်။ ဘယ်သူတွေဘယ်လောက်ကူညီကူညီ မရှိမဖြစ် အဓိ က လိုအပ် နေတာ ကတော့ ရေပေါ့ ” ဟု ပါဆတ်ရွာသား တဦးဖြစ်တဲ့စိုင်းခမ်းကျောဝ်က ပြောပါ သည်။

အနည်းအကျဉ်းယိုင်နဲ့ပျက်စီးသည့်အိမ်များအား ကျပ် တစ်သိန်းကူညီကြောင်း၊ တာလေမြို့နှင့် တာချီလိတ် မြို့ရှိ ငလျင်ဒဏ်သင့်အကူအညီပေးနေသည့် သျှမ်းစာပေးယဉ်ကျေးမှုအဖွဲ့အားလည်း ကျပ် ၂ သန်း (ကျပ် သိန်း ၂၀)ကူညီပေးကြောင်း၊ ဂျကူနီ  လားဟူပြည်သူ့စစ်အဖွဲ့အားလည်း ထို့နည်းတူ ကူညီထောက်ပံ့ခဲ့ကြောင်း ဤကဲ့သို့ပြောပါသည်။

“လားဟူပြည်သူ့စစ်တပ်ဖွဲ့ကိုလဲထောက်ပံ့တယ် ၊ တာလေနဲ့ တာချီလိတ်သျှမ်းစာပေယာဉ်ကိုတော့ သူ့ပိုက်ဆံ နဲ့ ကျပ် ၂ သန်း ထောက်ပံ့တယ် ၊ ဒါတော့ အစိုးရနဲ့မဆိုင်ဘူးလို့ပြောတယ်။”

ဒေါက်တာစိုင်းမောက်ခမ်းသည် နိုင်ငံတော် ဒုတိယသမ္မတရာထူးလက်ခံချိန်အထိ ဗဟို သျှမ်းစာပေယဉ်ကျေး မှု ဥက္ကဌ တာဝန်ထမ်းဆောင်ထားသူ ဖြစ်သည်။ ဒေါက်တာ စိုင်းမောက်ခမ်း၏ ခရီးစဉ်မှ ငလျင်ဒဏ် သင့်ပြည် သူများအား ကျပ်ငွေ သိန်း ၃၆၀၊ ပျှမ်းမျှ ငလျင်ဒဏ်သင့်နေအိမ် ၁၈၀ ထက်မနည်း ကို ကူညီထောက်ပံ့ ခဲ့သည်ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောပါသည်။

မြန်မာ့အလင်းသတင်းစာကမူ  တာလေမြို့နယ်ခွဲရှိ ပျက်စီးသည့်အိမ်ခြေ ၂၁၄ အိမ်အတွက် ကျပ်ငွေ ၁၀ သန်း၊ နားယောင်းရွာအိမ်ခြေ ၁၅၀ အတွက် ရ သန်း ၅ သိန်းနှင့်တာလေ မြို့နယ်ခွဲအတွင်း ဘုန်းကြီးကျောင်း များပြုပြင်ရန် ကျပ်သန်း ၃၀  နှင့် ဆေးရုံ ပြုပြင်ရန် ကျပ်သန်း  ၃၀ ပေးအပ်လှူသန်းခဲ့သည် ဟုဖော်ပြထား သည်။