မြန်မာထိပ်ပိုင်း စစ်အရာရှိ ရာထူးများပြောင်းလဲ

မြန်မာထိပ်ပိုင်း စစ်အရာရှိ ရာထူးများပြောင်းလဲ
by -
သျှမ်းသံတော်ဆင့်

သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်ထံ မတ်လ ၃၀ ရက်နေ့က အာဏာလွဲပြောင်းပြီးနောက် ထိပ်ပိုင်းမြန်မာ စစ်အရာရှိရာထူးနေရာ ပြောင်းရွေ့မှု များဆက်တိုက်ပြုလုပ်နေကြောင်းနေပြည်တော်စစ်ရုံး ချုပ်နှင့်နီးစပ်သည့် သတင်း ရပ်ကွက် အဆိုအရသိရ သည်။

min-aung-ling

 ကာကွယ်ရေးဦးစီးချုပ် အဖြစ် ခန့်အပ်ခံရသည့် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ ယခင်ကြည်းရေလေညှိနှိုင်း ကွပ်ကဲရေးမှူး နေရာနှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခံရသည့် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၏ယခင်အမှတ် ၆ ကစထမှူး နေရာ များသို့ လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်တို့အား အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ် လှမင်း၏ အမှတ် ၃ ကစထမှူးနေရာနှင့် လေ့ကျင့်ရေး အရာ ရှိချုပ် နေရာများသို့ လပခတိုင်းမှူး ဗမခ ရဲအောင်နှင့် နေပြည်တော်စစ်တိုင်းမှူး ဗိုလ်မှူးချုပ်မောင် မောင်အေးတို့ အသီးသီးဝင် ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်တွင်း စစ်ရာထူး အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေရာ ရဲချုပ်အဖြစ် စကခ ၄ မှူးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း အား ခန့်အပ်လိုက်ကြောင်း သိရသည်။