အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) တိုင်းမှူးမိုင်းရှူး သွားမည့်ခရီးစဉ်ကြောင့် တောင်ကြီးသွား မည့် ခရီး သည်/ ကုန် တင်ယာဉ် အားလုံးခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသတွင်းသတင်းက ပြော ပါသည်။
“တောင်ကြီးသွားဖို့ အဆင်သင့်ပြင်ထားပြီး အားလုံးဘဲ ကားပေါ်တောင်ရောက်ပြီ။ ထွက်ခါနီး ကျမှ အာဏာပိုင်တွေ က ကားပေးမထွက်ဘူး။ တောင်ကြီးကတိုင်းမှူးလာမှာမို့လို့တဲ့’’ - ဟု ခရီး သွား တဦးက မကျေမနပ်ဖြင့် ပြောပါ သည်။
ဧပြီ ၁ ရက်နေ့ မိုင်းနောင်မြို့နယ်ခွဲ ကျေးသီးမြို့နယ် မှတဆင့် မိုင်းရှူးသို့ သွားမည့် တောင်ကြီး အခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး ခရီးစဉ် ကြောင့် မိုင်းရှူး - တောင်ကြီး ခရီးသွားလာ မှုကို ယနေ့ မနက် က စစ်တပ်က ပိတ်လိုက်ကြောင်း၊ မိုင်းရှူးမြို့နယ်အတွင်း သိမ်းပိုက်ထားသော (SSPP/SSA တပ်စခန်းအချို့) တပ်စခန်းအချို့ အား ကြည့်ရှူ့ စစ်ဆေးပြီး စစ်ရေးစီမံကိန်း ထပ်မံညွှန်ကြားဖွယ်ရှိကြောင်း ဒေသခံတဦးက ဤကဲ့သို့ ပြောပါသည်။
“မတ်ခ်ျ ၃၀ သျှမ်းပြည်အစိုးရကို အာဏာလွဲပေးပြီးနောက်တရက် မိုင်းနောင်ကို ရပခ တိုင်း မှူး ပထမဦးဆုံးခရီး ထွက်တယ်၊ အဲဒီမှာ ညအိပ်တယ်။ စကခ ၂ ရိပ်သာမှာ။ ဒီကနေ့ မိုင်းရှူးကို ဆက်လာမယ်ဆိုတော့ သူ့ခရီးကို နှောင့်အယှက် အတားအဆီး ဖြစ်မှာ စိုးရိမ်လို့ ခရီးသွားတွေ ကို ပိတ်ပင်တာထင်တယ်”
လားရှိူး - မိုင်းရှူးကားလမ်းအား ဗမာစစ်တပ် ပိတ်ပင်ထားပြီးနောက် မိုင်းရှူး- မိုင်းနောင် - တောင်ကြီးကားလမ်း ပိုမိုအသုံးများလာကြောင်း၊ ဗင်ကားတစီးလျှင် ၆ - ယောက်မှ ၈ ယောက်အထိ တင်ဆောင်ကြောင်း၊ ကားခလည်း (ရှေ့ခန်း) တယောက် ၄ သောင်းခွဲ နောက်ခန်း တယောက် သုံးသောင်း၊ ဖင်ပိတ်ခန်း (ကယ်ရီယာခန်း) ၁ သောင်း ခွဲပေးရသည်ဟု ခရီးသွားတဦးကပြောပါသည်။
မိုင်းရှူး - တောင်ကြီး နေ့စဉ် ပြေးဆွဲနေသည့် ဗင်ကားအသေးစား တနေ့ အနည်းဆုံး ၄-၅ စီးရှိသောကြောင့်၊ တောင်ကြီးခရီးသည်များ ယနေ့ဗင်ကား ၄ စီး လူအပြည့် ထိုင်ခုံလက်မှတ် ဝယ်ထားပြီးဖြစ်ကြောင်း ဗင်ကား အသိုင်းအဝိုင်း ကလည်းပြောပါသည်။
ယခု ရပခ တိုင်းမှူး၏ ခရီးစဉ်ကို ကြည့်ခြင်းအားဖြင့် သျှမ်းပြည်တွင် အစိုးရသစ်ရှိလာ သော်ငြား တိုင်းမှူးတွင် အာဏာရှိနေသေးကြောင်း၊ တိုင်းပြည်ကို နဂိုအတိုင်း စစ်တိုင်းမှူးများက ဆက် လက် ချယ်လှယ်မည့် အလား အလာများနေကြောင်း ပြည်နယ်လွှတ်တော် အမတ်တဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်က သုံးသပ်ပါသည်။