ယခုနှစ် သင်္ကြန်အတွက် ရခိုင်သင်္ကြန်ခွေ သုံးခု ထွက်ရှိ

ယခုနှစ် သင်္ကြန်အတွက် ရခိုင်သင်္ကြန်ခွေ သုံးခု ထွက်ရှိ
by -
နိရဥ္စရာ သတင်းဌာန

ယခုနှစ် သင်္ကြန်အတွက် ရခိုင် သံချပ်ခွေ တစ်ခုအပါအဝင် သီချင်းခွေ သုံးခု ထွက်ရှိလာကြောင်း သတင်း ရရှိသည်။

Thangran-padaukထွက်ရှိလာသော သီချင်းခွေများမှာ ဦးကျော်လှ၏ “ သောက်ဆန်း သင်္ကြန်” ၊ ခိုင်ကျော်လင်း ဦးဆောင် စီစဉ်သည့် “သင်္ကြန် ပိတောက်” နှင့် စုပေါင်း အဖွဲ့၏ “ ဘူးသီး ခရမ်းသီး အခင်ကြီး” တို့ ဖြစ်ကြသည်။ အနုပညာလောကမှ လူငယ် တစ်ဦးက “ ဒီနှစ်မှာ လက်ရှိ ထွက်လာတာက သုံးခွေဘဲ ရှိပါသေးတယ်။ သင်္ကြန်ပိတောက်မှာတော့ ကော်ပီ သီချင်းတွေ ပါလာပေမယ့် ဘူးသီးခရမ်းသီးကတော့ ကိုယ်ပိုင် သံစဉ်တွေ ဖြစ်ပါတယ်။ သံင်္ကြန် သံချပ်ကတော့ ရခိုင်ရိုးရာ မူအတိုင်းပါဘဲ” ပြောသည်။

ကိုခိုင်ကျော်လင်း စီစဉ်သော “ သင်္ကြန်ပိတောက်တွင်” ရခိုင်အဆိုတော် တဒါဇင်နီးပါး သီဆိုထားသော သီချင်းများ ပါ၀င်ပြီး ပါ၀င်သော တေးသံရှင် တစ်ချို့မှာ ဦးမောင်သိန်း၊ ခိုင်ကျော်လင်း၊ မျိုးရခိုင်၊ ခိုင်မင်းသွီး၊ မောင်ကိုကို၊ ညှာစိမ်းခိုင်၊ ၀တီစိုးမိုး၊ စောနှင်းနွယ်၊ ငြိမ်းစန္ဒာတို့ ပါ၀င်သည်။

ရခိုင် သင်္ကြန် သံချပ်မှာ ရှေ့မူအတိုင်း ဖြစ်သော်လည်း ရခိုင်သားများ ညီညွတ်ရန် လိုအပ်ကြောင်း ဖွဲ့ဆို ထိုးစပ် ထားသော စာသားများလည်း ပါ၀င်ကြောင်း သိရသည်။

“ သောက်ဆန်း သင်္ကြန်ကတော့ အရည်အသွေးကတော့ နည်းနည်း ညံ့တာပေါ့လေ။ အဓိက ငွေရေး ကြေးရေး အခက်အခဲကြောင့် ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့်လည်း စာသားတွေက ကောင်းပါတယ်။ အချင်းချင်း ရန်မဖြစ်ဖို့နဲ့ ညီညွတ်ရေးဟာ အဓိက ဖြစ်တယ်။ နန်းရာကုန်းကို ထိုးပြပြီး ပြောပြနေတာ ထို အဖြစ်အပျက် ဆိုတဲ့ စာသားတွေဟာ ရခိုင်တွေ အကုန်လုံး သင်ခန်းစာ ယူစရာပါဘဲ” ဟု အဆိုပါ လူငယ်က ပြောသည်။

အဆိုသီချင်းခွေများကို ရခိုင်ပြည်နယ် အနှံ့ ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် ဖြန်ချီနေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week