ရခိုင်ပြည်နယ် ဝန်ကြီးဌာနများနှင့် ၀န်ကြီးစာရင်း ကျေညာ

ရခိုင်ပြည်နယ် ဝန်ကြီးဌာနများနှင့် ၀န်ကြီးစာရင်း ကျေညာ
by -
စံလင်း

ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာန ၉ ခုနှင့် ၀န်ကြီးများ စာရင်းကို အသစ်ဖြစ်လာသော သမ္မတ သိန်းစိန်က ယမန်နေ့က ကျေညာသည်။ အဆိုပါ ၀န်ကြီးဌာနနှင့် ၀န်ကြီးများမှာ ဗိုလ်မှူးကြီး ထိန်လင်း (စစ်တပ် အမတ်) လုံးခြံုရေးနှင့် နယ်စပ်ရေးရာ ...

ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာန ၉ ခုနှင့် ၀န်ကြီးများ စာရင်းကို အသစ်ဖြစ်လာသော သမ္မတ သိန်းစိန်က ယမန်နေ့က ကျေညာသည်။

အဆိုပါ ၀န်ကြီးဌာနနှင့် ၀န်ကြီးများမှာ ဗိုလ်မှူးကြီး ထိန်လင်း (စစ်တပ် အမတ်) လုံးခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးကျော်ခင် (ကြံ့ဖွံ့) လယ်ယာ/သစ်တောနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာအောင်ကျော်မင်း (ကြံ့ဖွံ့) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန၊ ဦးမြအောင် ( ကြံ့ဖွံ့) စီးပွားရေးဝန်ကြီးဌာန၊ ဦးစိုးအေး (ကြံ့ဖွံ့) ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသာလူချေ (ရတပ) စက်မှု၊ အလုပ်သမား၊ အားကစားဝန်ကြီးဌာန၊ ဦးကျော်သိန်း (ရတပ) သားငါး၊ သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးအောင်သန်းတင် (ရတပ) ယဉ်ကျေးမှုနှင့် လူမှုကယ်ဆယ်ဝန်ကြီးဌာန၊ ဦးလှဟန် (ကြံ့ဖွံ့) သာသနာရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးသိန်းအောင်နှင့် ဒေါ်စီစီ၊ စာရင်းစစ်ချုပ် ဦးထွန်းစံအောင် တို့ဖြစ်သည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရခိုင်ပြည်နယ်တွင် ဦးကိုကိုနိုင်က ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဦးဇော်အေးမောင်က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဦးဘကြူ က ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတို့ ရရှိကြသည်။

Most read this week