နေပြည်တော် သမ္မတ ဦးသိန်းစိန် ခန့်အပ်ပေးသည့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် လွှတ်တော်မှ ရွေးချယ် ခန့်အပ်သည့် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ အမတ်များဖြစ်သော သျှမ်းပြည်ဝန်ကြီးချုပ်၊ ဝန်ကြီးဌာန ဝန်ကြီးများ တာဝန်ထမ်းဆောင်သွားနိုင်ရန် ရပခ တိုင်းမှူးမှ အာဏာ အပ်နှင်းခဲ့ကြောင်း သိရှိရ ...
နေပြည်တော် သမ္မတ ဦးသိန်းစိန် ခန့်အပ်ပေးသည့် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် လွှတ်တော်မှ ရွေးချယ် ခန့်အပ်သည့် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရ အမတ်များဖြစ်သော သျှမ်းပြည်ဝန်ကြီးချုပ်၊ ဝန်ကြီးဌာန ဝန်ကြီးများ တာဝန်ထမ်းဆောင်သွားနိုင်ရန် ရပခ တိုင်းမှူးမှ အာဏာ အပ်နှင်းခဲ့ကြောင်း သိရှိရပါသည်။
“ဒီနေ့မနက်ပိုင်း နေပြည်တော် လွှတ်တော်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်း တယ်၊ အာဏာ အားလုံးကို အစိုးရသစ် သမ္မတ သိန်းစိန်နဲ့အဖွဲ့ကို လွဲအပ်လိုက်တယ် လို့ကြားရတယ်။ တောင်ကြီး မှာလဲ ရပခ တိုင်းမှူးကလဲ အဲလိုဘဲ လုပ်တယ်” - ဟု နိုင်ငံရေးပါတီ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦး က ပြောပါ သည်။
မတ်ခ်ျ ၃၀ ရက်နေ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဖျက်သိမ်းခြင်းနှင့် နိုင်ငံတော်သမ္မ သစ် ဦးသိန်းစိန် ကျမ်းသစ္စာကျိန်ခြင်းပြုလုပ်သကဲ့သို့ သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် လည်း ပြည်နယ် လွှတ်တော်၌ ကျမ်းသစ္စာကျိန်ခဲ့ကြောင်း တောင်ကြီးသျှမ်းနိုင်ငံရေး အသိုင်းအဝိုင်းကပြောပါသည်။
“ထူးခြားတာက ကျားခေါင်းလွှတ်တော်ထဲမှာ လူသိရှင်ကြား လူအများရှေ့အာဏာလွဲအပ်ပွဲလုပ်တာ မဟုတ် ဘူး။ တောင်ကြီး ရပခ စစ်တိုင်းရုံးမှာ လုပ်တာ။ ဒီညနေလဲ တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦးကနေ သျှမ်းပြည်အစိုးရ အဖွဲ့ ဝန်ကြီးတွေကို ညစာစားပွဲ ဧည့်ခံမယ် တဲ့။ လွှတ်တော်အစည်း အဝေး လဲ ဒီကနေ့နောက်ဆုံးဘဲ” - ဟု ပြည်နယ်လွှတ်တော်အမှတ်တဦးကပြောပါသည်။
သျှမ်းပြည်အစိုးရ ဝန်ကြီးချုပ်ဦးဆောင်မှုအောက်၌ ဝန်ကြီးဌာန ၉ ခု ရှိကြောင်း၊ ဝန်ကြီးဌာန ၉ ခု အနက် ရ ဌာနမှာ ကြံ့ခိုင်ဖွံဖြိုးရေးအမတ်များသာဖြစ်နေပြီး တိုင်းရင်းသားပါတီအနေဖြင့် ကျားဖြူပါတီ အမတ် ၂ ဦးသာ ဝန်ကြီးရာထူး အရွေးခံရကြောင်း ပြောပါသည်။
သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် (ဗိုလ်မှူးကြီး အငြိမ်းစား/ပွေးလှစော်ဘွားမျိုး) USDP ၁။ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး - ဗိုလ်မှူးကြီး အောင်သူ (စစ်တပ်) ၂။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး - ခွန်သိန်းအောင် (တောင်ကြီး/ပအိုဝ်းအမျိုးသား) USDP ၃။ စီးပွားရေးဝန်ကြီး- ဦးသောင်းရွှေ(ဓနု) USDP ၄။ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး - ဦးတူးမောင်(တာချီလိတ် အမတ်/ဗမာ) USDP ၅။ လယ်ယာနှင့်သစ်တောဝန်ကြီး - စိုင်း ဆာလူ (ကွတ်ခိုင်) USDP ၆။ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး - Dr.မျိုးထွန်း (လောဝ်ကိုင်း၊ ကိုးကန့်) USDP ရ။ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး - ဦးထွန်းရင် (တောင်ကြီး၊ သျှမ်း) USDP ၈။ စက်မှု နှင့် သတ္တုတွင်း ဝန်ကြီး - စိုင်းအိုက်ပေါဝ်း (ကျားဖြူ) ၉။ ဆောက်လုပ်ရေးဝန်ကြီး - စိုင်းနော်ခမ်း(ကျားဖြူ) တို့ဖြစ်ကြသည်။