မြန်မာ စစ်ပြေးတဦး မီဇိုရမ် ပြည်နယ်တွင် ဓားခုတ်ခံရ

မြန်မာ စစ်ပြေးတဦး မီဇိုရမ် ပြည်နယ်တွင် ဓားခုတ်ခံရ
by -
ခိုနူမ်းထုန် သတင်းဌာန

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Sairang ကျေးရွာ Puicheri ရပ်ကွက်တွင် ယခုလ ၁၃ ရက်နေ့က မြန်မာ့ တပ်မတော်မှ ထွက်ပြေးလာသူ မောင်ဇော်လင်း ဓားဖြင့်အခုတ်ခံရပြီး အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ...

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Sairang ကျေးရွာ Puicheri ရပ်ကွက်တွင် ယခုလ ၁၃ ရက်နေ့က မြန်မာ့ တပ်မတော်မှ ထွက်ပြေးလာသူ မောင်ဇော်လင်း ဓားဖြင့်အခုတ်ခံရပြီး အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Sairang ကျေးရွာတွင် ပန်းရံလုပ်ငန်းကို လုပ်ကိုင်နေသော မောင်ဇော်လင်းသည် သူငယ်ချင်းဖြစ်သူ ချင်းအမျိူးသား Enga က၄င်းတို့နေအိမ်၌ ဓားဖြင့်ခုတ်ခဲ့ရာ ကျောပြင် နှင့် ဘယ်ဘက်လက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“ကျနော် နှင့် Enga က အလုပ်အတူတူလုပ်တာပါ၊ အလုပ်ရှင်က ကျနော်တို့နှစ်ယောက်ကို ထင်းခွေသွားဖို့ အလုပ်ခိုင်း တယ်၊ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၀း၃၀ လောက်က ကျနော်တို့ ထင်းခွေသွားတယ်၊ တောင်ပေါ်က နေတောင် အောက်ကို ထင်းခွေကျဖို့ သူကိုအကူအညီ တောင်းတော့ သူက မကူညီဘူး ခင်ဗျားကြွေးတဲ့ထမင်းစား တာလည်း မဟုတ်ဘူး၊ မကူညီနိုင်ဘူးဆိုပြီးမှ ပြောတယ်၊ အဲဒါနဲ့ ကျနော်တစ်ယောက်တည်း ထင်းခွေပြီးသာတွေနဲ့ အိမ်ဘက် ကိုပြန် လာခဲ့တယ်၊ ထမင်းချက်မလို့လုပ်တဲ့အချိန်မှာ အနောက်ကနေ ဓါးနှစ်ချောင်းကိုင်ပြီး ကျနော်မထင်မှတ်တဲ့အချိန်မှာ ကျနော့နောက်ကျောကို ဓါးနဲ့ခုတ်တယ်၊ ကျနော်လည်းကျသွားတော့ ကျနော့်လည်ပင်းကို ဓါးနဲ့ပြန်ခေါက်ဖို့လုပ်တဲ့ချိန်မှာ ကျနော့လက်နဲ့ ဓါးကို ကာလိုက်တော့ လက်ကပြတ်လို့နီးနီးဖြစ်သွားတယ်၊ ပြီးတော့ သူကချက်ချင်းထွက်ပြေးသွားတယ််” ဟု မောင်ဇော်လင်းက ရှင်းပြသည်။

၄င်း၏သူငယ်ချင်း Enga ကို မီဇိုရမ်ရဲများက လိုက်လံ ရှာဖွေနေဆဲ ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အဘ ဦးစိန်မောင် နှင့် ဒေါ်တင်တင်ညွန့်တို့၏သား အသက်(၂၂) နှစ် အရွယ် မောင်ဇော်လင်းသည် အသက် ၁၄ နှစ်အရွယ် လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်က စစ်ထဲသို့အတင်းအဓမ္မစုဆောင်းခံရသူဖြစ် သည်။  ၂၀၀၃ ခုနှစ်က ချင်းပြည်နယ် မတူပီမြို့ ခလရ (၃၀၄)တပ်ရင်းတွင် စတင်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၃ ခုနှစ်မှာပင် မတူပီမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မီဇိုရမ် ပြည်နယ်တောင်ပိုင်း မရာ ဒေသတွင် ကျဘန်းအလုပ်များ လုပ်ကိုင်ကာ အသက်မွေးဝန်းကျောင်းခဲ့သည်ဟုမောင်ဇော်လင်း ကပြောသည်။

၂၀၁၁ ခုနှစ်ဆန်းပိုင်းတွင် ပြည်နယ်၏မြို့တော် အိုင်ဇောလ်သို့ ရောက်ရှိလာကာ Sairang ကျေးရွာတွင် ပန်းရံလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်ဟုသူကပြောသည်။

“ကျနော်က အိုင်ဇောလ်ကို ရောက်တာ ၂ လလောက်ဘဲရှိသေးတယ်၊ ပန်းရံလုပ်ငန်းကိုလုပ်ပါတယ်၊ စကားကလည်း မတတ်တော့ ကျနော်အရမ်းအားငယ်တယ်၊ ဆေးရုံမှာဆိုရင်လည်း ခဏခဏ ငိုတယ်၊ ကျနော့်ကို ညအိပ်စောင့်တဲ့သူက အလုပ်ရှင်ရဲ့သားဆိုပေမဲ့ စကားကလည်း မတတ်တော့ ကျနော့်အတွက်တော့ တကယ်ကိုမလွယ်ဘူးဗျာ၊ အရမ်းကို အခက် ကြံုရတယ်” ဟု သူက ခိုနူမ်းထုန်ကိုပြောသည်။

၄င်း၏ဒဏ်ရာဒဏ်ချက်များကို အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံးကြီးမှ ဆရာဝန်များက ယခုလ ၂၅ ရက်နေ့က  ခွဲစိတ်ကုသ ပေးခဲ့ကြသည်ဟုသိရသည်။

Most read this week