ဒန်ကလေကို အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်

ဒန်ကလေကို အင်းစိန်ထောင်မှ အာမခံဖြင့် လွှတ်
by -
မဇ္စျိမသတင်းဌာန

လူဝင်မှုှကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှှုနှင့် အမျိုးသမီးတဦးကို နာကျင်အောင် ပြုလုပ်မှှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခံရသည့် မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အင်္ဂါနေ့့တွင် အာမခံဖြင့် လွှတ်ပေး ...

ရန်ကုန် (မဇ္စျိမ) ။         ။ လူဝင်မှုှကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှှုနှင့် အမျိုးသမီးတဦးကို နာကျင်အောင် ပြုလုပ်မှှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခံရသည့် မြန်မာတိုင်းမ် အမှုဆောင်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးက အင်္ဂါနေ့့တွင် အာမခံဖြင့် လွှတ်ပေးလိုက်သည်။

မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ တရားရုံးက နောက်ထပ် ရုံးချိန်းကို လာမည့် ဧပြီလ ၄ ရက်နေ့သို့ ထပ်မံချိန်းဆိုထားသည်။

မစ္စတာဒန်ကလေကို မြန်မာတိုင်းမ်ဂျာနယ်မှ လုပ်ဖော်ကိုင်ဘက်နှစ်ဦး ထည့်ဝင်သည့် အာမခံငွေ ကျပ်သိန်း ၁ဝဝ ဖြင့် ရုံးတော်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာတိုင်းမ်၏ စီအီးအို ဒေါက်တာတင်ထွန်းဦးနှင့် မန်နေဂျာ ဦးဝေလင်းတို့က အာမခံပေးကြသည်။

မစ္စတာဒန်သည် ဗုဒ္ဒဟူးနေ့တွင် ရုံးပြန်တက်မှာဖြစ်ပြီး အင်္ဂလိပ်ပိုင်းအယ်ဒီတာအဖြစ် ပြန်လည်ထမ်းဆောင်မည်ဟု သိရသည်။

တရားသူကြီး ဦးအောင်မင်းက  နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အာမခံပေးကြောင်း တရားရုံးတွင် ပြောကြားခဲ့သည်။

သတင်းစာတိုက်မှ လုပ်ဖော်ကိုင်ဘက်များနှင့် သံတမန်များ တရားခွင်သို့ တက်ရောက်နားထောင်ခဲ့သည်။

မစ္စတာဒန်ကလေ၏ အမှှုကိစ္စအား ကမ္ဘာအရပ်ရပ်မှ သတင်းမီဒီယာများက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။ သူသည် ကမ္ဘောဒီးယား မီဒီယာ ဖနွမ်ပင်ပို့စ် ထုတ်ဝေသူ တဦးလည်း ဖြစ်သည်။

ကမ္ဘောဒီးယားမှ ဒန်ကလေ၏ စီးပွားဘက်များက အစောပိုင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲ၌ ဒန်ကလေမှ မူးယစ်ဆေးဝါးများ တိုက်ကျွေးပြီး ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည်ဟု စွဲချက်တင်ခဲ့သူ အမျိုးသမီးက သူ၏ စွဲချက်တင်ထားသည့် အမှှု ပြန်ရုပ်သိမ်းလိုကြောင်း တရားရုံးတော်သို့ လျှောက်ထားခဲ့သော်လည်း မြန်မာအာဏာပိုင်များက စွဲချက်အား ပြန်လည်ရုပ်သိမ်းခွင့် မပေးခဲ့ဟု ဖော်ပြပါရှိသည်။

သြစတြေးလျနိုင်ငံ Perth ဇာတိ မစ္စတာ ဒန်ကလေသည် မြန်မာပြည်တွင်း ဂျာနယ်လောကသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားဖြစ်ကာ၊ ၂ဝဝဝ ခုနှစ်တွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒန်ကလေနှင့်အတူ တွဲဖက်တည်ထောင်သူမှာ ဦးဆန်နီဆွေ ဖြစ်သည်။

ဦးဆန်နီဆွေမှာ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်၏ မိတ်ဆွေ တဦး၏ သားဖြစ်ပြီး၊ ဗိုလ်ချုပ်ခင်ညွန့် ဖမ်းဆီးထိန်းသိမ်းခံရပြီး တနှစ်မပြည့်ခင်အတွင်း ဦးဆန်နီဆွေလည်း ဖမ်းဆီးခံရပြီးနောက် အခြား မြန်မာများက သူ၏ မြန်မာတိုင်းမ် အစုရှယ်ယာအား လွှဲပြောင်းရယူ ပိုင်ဆိုင်ခဲ့သည်။

ရန်ကုန် မီဒီယာလောကမှ လေ့လာသူများ၏ အဆိုအရ မစ္စတာ ဒန်ကလေနှင့် ယခုလက်ရှိ မြန်မာတိုင်းမ် အမှှုဆောင် အရာရှိချုပ် ဒေါက်တာ တင်ထွန်းဦးသည် ဒန်ကလေ အဖမ်းမခံရမီလေးတွင် စီးပွားရေးပိုင်ဆိုင်မှှုများနှင့် ပတ်သက်၍ အငြင်းပွားမှု ရှိခဲ့သည်ဟု သိရသည်။ သူအဖမ်းခံရပြီး ၄ ရက်အကြာ၌ ဒေါက်တာတင်ထွန်းဦးက အမှှုဆောင် အရာရှိချုပ် ဖြစ်လာခဲ့သည်။ မစ္စတာ ဒန်ကလေမှာ မြန်မာတိုင်းမ် အင်္ဂလိပ် သတင်းစာ၏ ၄၉ ရာခိုင်နှှုန်းကို ပိုင်ဆိုင်ထားသည်။

Most read this week