ရှမ်းပြည်နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီအပေါ် မြန်မာစစ်အစိုးရ တပ်ကနေ ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၂)ဖွဲ့နှင့် စုဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)မှ မတ်ချ်လ(၂၉)ရက်နေ့ ...
ရှမ်းပြည်နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီအပေါ် မြန်မာစစ်အစိုးရ တပ်ကနေ ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၂)ဖွဲ့နှင့် စုဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)မှ မတ်ချ်လ(၂၉)ရက်နေ့တွင် သဘောထား ကျေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။
ယခုလို သဘောထားကျေညာချက်ထုတ်ပြန်ရသည့်ရည်ရွယ်ချက်ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ၏ ဒုတိယ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဂေါ်ရီဇော်ဆိုင်းက ယခုလိုရှင်းပြပါသည်။
“အစိုးရအနေနဲ့ ဒီထိုးစစ်ဆင်တဲ့ဟာကို ပြည်တွင်းမှာ ဒီလိုစစ်ဆင်ရေးနဲ့ ဖြေရှင်းလို့တော့ ကျွန်တော်တို့ နိုင်ငံအတွက်အကျိုးမရှိဘူး။ စစ်နဲ့ဖြေရှင်းတာဟာ ရှုပ်ထွေးဖို့ပိုပြီး နိုင်ငံအတွက်အကျိုးဆုတ်ယုတ်ဖို့ ဒါဘဲရှိမယ်။ အဲတာကြောင့်မို့လို့ လိုအပ်တဲ့ နိုင်ငံရေးအဖြေရှာမှု တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ကြဖို့ ဒီသဘောထားနဲ့ ထုတ်ပြန်တာဘဲဖြစ်တယ်ခင်ဗျာ။”
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၂)ဖွဲ့နှင့် စုဖွဲ့ထားပါသည်။ နိုင်ငံရေးပြသနာကို စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းတာဟာ အကျိုးမရှိနိုင်ဘူးလို့ ဖက်ဒရယ် ကောင်စီ၏ ဒုတိယ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဂေါ်ရီဇော်ဆိုင်းက ပြောပါသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့ဝင်များ အပေါ်မှာ စစ်အစိုးရမှ စစ်ရေးအရထိုးစစ်ဆင်လာမည်ဆိုလျှင် အပြန်အလှန်စစ်ရေးအရ အကူအညီပေးမည်ဟု ကြေညာချက်ထုတ်ပြန်ထားမှုရှိခဲ့သော်လည်း ယခုလိုရှမ်းပြည်တိုးတက်ရေးပါတီနှင့် ကေအာန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတို့အပေါ် ထိုးစစ်ဆင်နေသည့်အပေါ်တွင် လက်တွေ့ကျကျလုပ်နိုင်သည့် အနေအထားမရှိသေးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ ဒုတိယဥက္ကဌ ဒုတိယ ဗိုလ်ချုပ် ကြီးဂေါ်ရီဇော်ဆိုင်းက ပြောပါသည်။
“ကျွန်တော်တို့အနေနဲ့ထူးထူးခြားခြား ကူညီနိုင်မဲ့အနေအထားကတော့ လောလောဆယ်မှာ ကျွန်တော်တို့လဲ ဘဲ လက်တွေ့ဘယ်လောက်လုပ်နိုင်မယ်ဆိုတာတော့ မပြောနိုင်ဘူးဗျ။ ဒါပေမဲ့လို့ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့အချင်း ချင်းမှာ အားပေးဖို့ ဖြစ်နိုင်တဲ့အကူအညီတွေပေးကြဖို့ ဒီလောက်ဘဲကျွန်တော်တို့ ရည်ရွယ်ချက်ရှိတယ်ခင်ဗျာ့။”
ယခုတက်လာသည့်အစိုးရသစ်အနေနှင့် မတ်ချ်လ(၁၃)ရက်နေ့ကစပြီး ရှမ်းပြည်နယ်အတွင်း ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ကို လက်နက်ကြီးများသုံးပြီး အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သည်ဟု ကြေညာချက်ထဲတွင်ဖေါ်ပြထားပါသည်။
မြန်မာစစ်အစိုးရအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် နယ်ခြားစောင့်တပ်ဖွဲ့စည်း ရေးနှင့် ဌာနေပြည်သူ့စစ်အသွင်ပြောင်းလဲရန် အကြပ်ကိုင်တွန်းအားပေးနေသည့်နောက်ပိုင်းတွင် တပ်အသွင် ပြောင်း လဲရေးကို လက်မခံသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ရေးအရ ထိုးနှက်တိုက်ခိုက်မှု များရှိလာခဲ့ သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးေ ဂါ်ရီဇော်ဆိုင်းကပြောပါသည်။
တိုက်ပွဲတွေပြင်းထန်လာမည်ဆိုလျှင်ဒေသအတွင်းမတည်ငြိမ်မှုလူ့အခွင့်အရေးချိုးဖေါက်မှုများအပြင် စစ်ပြေးဒုက္ခသည်များပိုပြီးတိုးပွါးလာမည်ဟုနယ်စပ်စစ်ရေးအကဲခတ်သူများမှသုံးသပ်ပြောဆိုနေကြသည်။