ခံတပ်ကြီးအချို့ရုပ်ပေးရန် မိုင်းလားတပ်ဖွဲ့အား နအဖ ထပ်မံသတိပေး

ခံတပ်ကြီးအချို့ရုပ်ပေးရန် မိုင်းလားတပ်ဖွဲ့အား နအဖ ထပ်မံသတိပေး
by -
သျှမ်းသံတော်ဆင့်

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားတပ် လက်အောက်ခံ တပ်စခန်းအချို့ရုပ်သိမ်းပေးရန် ယမန်နေ့က တြိဂံစစ်တိုင်း၏ ဦးစီးအရာရှိ ...

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားတပ် လက်အောက်ခံ တပ်စခန်းအချို့ရုပ်သိမ်းပေးရန် ယမန်နေ့က တြိဂံစစ်တိုင်း၏ ဦးစီးအရာရှိ ပထမတန်း G.1 ထပ်မံ သတိပေး ပြောကြားခဲ့ပါသည်။

မိုင်းလားတပ်ဖွဲ့မှ တပ်သားများမတ်ခ်ျ ၂၂ ရက် တရုတ်-ဗမာ နယ်ခြားကော်မတီ အစည်းအဝေးမှ တရုတ် အာဏာပိုင်များအား တြိဂံတိုင်း G.1 ဗိုလ်မှူးကြီး ခင်မောင်ထွေး ဦးဆောင်သည့်အဖွဲ့  သွားရောက် ပို့ဆောင်စဉ် မိုင်းလားတပ်ဖွဲ့အား ပန်နောဝ် တောင်ရှိ မိုင်းလား တပ်စခန်းအား ရုပ်ပေးရန် ထပ်မံ ပြောကြားခြင်း ဖြစ်သည်။

“၂၁ ရက်နေ့တုန်းက တရုတ်အာဏာပိုင် နယ်ခြား ကော်မတီဝင်တွေနဲ့ ကျိုင်းမှာ တွေ့ဆုံ ဆွေးနွေးကြတယ်။ (တရုတ်အာဏာပိုင်ပြန်ပို့) အပြန် ခရီးမှာ မိုင်းလားတပ်ဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံပြီး ပြောတာ” ဟု အမည်မဖေါ်လိုသည့် နီးစပ်သူတဦးက ပြောပါသည်။

ပန်နောဝ်တောင်တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ အခြေချထားသည်မှာ မိုင်းလားထိန်းချုပ်နယ်မြေအတွင်း သာဖြစ်ကြောင်း၊ မည်သူနှင့်မျှ ပြဿနာတစုံတရာလည်းမရှိကြောင်း၊ တပ်ရုပ်ပေးမည်မရုပ်ပေးမည်ကိုတော့ မိုင်းလားတပ်ဖွဲ့အတွင်းဆွေးနွေးရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နီးစပ်သည့် ကျိုင်းတုံသား တဦးက ပြောပါသည်။

ပန်နောဝ်တပ်စခန်းအား ရုပ်ပေးရန် နအဖ စစ်တပ်မှ သတိပေးသည်မှာ  ၄ ကြိမ် မြောက်ဖြစ် ကြောင်း၊ တပ်ရုပ်မပေးရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဂျန္နဝါရီလပိုင်းတုန်းကလည်း မိုင်းယောင်း အခြေစိုက် နအဖ တပ်က အမြောက်ဖြင့်ပစ်ခတ်ခြိမ်းခြောက်ခဲ့ဖူးကြောင်း ထိပ်ပိုင်းအရာရှိနှင့်နီးစပ်သူ တဦးကသျှမ်းသံတော်ဆင့် အား ဤကဲ့သို့ ပြောပြပါသည်။

“တပ်ရုပ်ပေးရေးကိစ္စအပြင်၊ SSPP/SSA နဲ့ ဖြစ်တဲ့တိုက်ပွဲအကြောင်းလဲ မိုင်းလားတပ်ဖွဲ့က နအဖ ဂျီဝမ်းကို မေးသေးတယ်ပြောတယ်။ ဘာ့ကြောင့် သျှမ်းအပစ်ရပ်တွေကိုထိုး စစ်ဆင်တိုက်ခိုက် တာလဲ၊ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာချင်တယ်ဆို စသဖြင့်ပေါ့။ G.1 အပါအဝင် ဘယ်သူမှ ပြန်မဖြေဘဲမျက်နှာပျက် သွားကြတယ်ပြောတယ်”

ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့်  သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA သည်မိုင်းလား တပ်ဖွဲ့၊ ဝတပ်ဖွဲ့ အပြင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့်လည်းစစ်ရေး မဟာမိတ် တပ်ဖွဲ့ များဖြစ်ကြသည်။

Most read this week