မြန်မာနိုင်ငံသား ၄၂ ဦး မီဇိုရမ်ရဲကဖမ်း

မြန်မာနိုင်ငံသား ၄၂ ဦး မီဇိုရမ်ရဲကဖမ်း
by -
ခိုနူမ်းထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ မီဇိုရမ်ပြည်နယ်တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသတွင်း အာဏာပိုင်များက ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ ...

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ မီဇိုရမ်ပြည်နယ်တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသတွင်း အာဏာပိုင်များက ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့သည်။
Mizoram-Police
ပြည်နယ်၏မြို့တော် အိုင်ဇောလ် မြို့မစျေးကြီးနားရှိ တည်းခိုခန်း ၂ ခုမှ မြန်မာနိုင်ငံသား အလုပ်သမား ၃၁ ဦးကို မီဇိုရမ် ပြည်သူ့ရဲများက ဖမ်းဆီးခဲ့ပြီး ထို့နောက် ဇောင်းသွီရပ်ကွက်တွင် ယက္ကန်းခတ်နေကြသော အလုပ်သမား အမျိူးသမီး ၉ နှင့် အမျိူးသားတဦးအပြင် ဘောင်းကွန်ရွပ်ကွက်တွင်နေထိုင်သော မော်တော်ယာဉ်မောင်း နှစ်ဦး ကို ယခုလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် မီဇိုရမ်ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အထက်ပါအဖမ်းခံရသည့် သူများအနက် ယက္ကန်းသမား ၁၀ နှင့် ယာဉ်မောင်း ၂ ဦးတို့ကို ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲခန့်က ၄င်းတို့၏အလုပ်ရှင်များက ရွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် အယောက် ၃၁ ဦးကိုမူ ယနေ့တွင် မီဇိုရမ်ဗဟိုတရားရုံးသို့ အမှုစီရင်သွားမည်ဟုသိရသည်။ ၄င်းတို့ကို တရားမဝင်နေထိုင်သူ(နိုင်ငံခြားသားအမှု)ဖြင့် တရားစွဲဆိုပြီး အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ပြန်လည်ပို့ဆောင်ဖွယ်ရှိသည် ဟု အိုင်ဇောလ်ရောက်မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုဘီးအာကခိုနူမ်းထုန်ကိုပြောသည်။

” ၁၀ ယောက်အောက်ဆိုရင်တော့ ငွေကြေး အကုန်ကျခံပြီးတော့ ရွေးထုတ်လို့ရတယ်၊ ဒါပေမဲ့ အခုဟာက အယောက် ၃၀ ကျော်ဆိုတော့ ရွေးထုတ်ဖို့ မဖြစ်နိုင်ဘူး နယ်စပ်ကိုပြန်ပို့ဖို့ဘဲသေချာတယ်၊ ခါတိုင်းလုပ်နေ ကြပုံစံအရဆိုရင် ဒီနေ့ ဘောင်းကွန်ရဲစခန်းမှာ တစ်ညချူပ် ပြီးတော့ နောက်နေ့မှာ နယ်စပ်ကိုပြန်ပို့မယ်”ဟု သူကပြောသည်။

ယခုအဖမ်းခံနေရဆဲဖြစ်သည့် ၃၁ ဦးမှာ ချင်းအမျိူးသားများဖြစ်ကြပြီး အများစုမှာ လွှသမားများဖြစ်ကြသည်။ ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်ကြသူ မြန်မာနိုင်ငံသားစုစုပေါင်း ၁ သိန်း နီးပါးခန့်ရှိသည်ဟု အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အဆိုအရ သိရသည်။

Most read this week