ကန်ဘောက် - မြိုင်ကလေး ဂက်စ်ပိုက်လိုင်း အစားထိုး

ကန်ဘောက် - မြိုင်ကလေး ဂက်စ်ပိုက်လိုင်း အစားထိုး
by -
ကွန်းချမ်း

တနင်္သာရီတိုင်းမှ ကရင်ပြည်နယ်သို့ သွယ်တန်းထားသည့် ကန်ဘောက်-မြိုင်ကလေး ဂက်စ်ပိုက်လိုင်း မကြာခဏ ယိုစိမ့်နေသဖြင့် ယခုလဆန်းမှစ၍ ပိုက်သစ်များဖြင့် အစားထိုး သွယ်တန်းလျက် ရှိ ...

ချင်းမိုင် (မဇ္စျိမ) ။      ။ တနင်္သာရီတိုင်းမှ ကရင်ပြည်နယ်သို့ သွယ်တန်းထားသည့် ကန်ဘောက်-မြိုင်ကလေး ဂက်စ်ပိုက်လိုင်း မကြာခဏ ယိုစိမ့်နေသဖြင့် ယခုလဆန်းမှစ၍ ပိုက်သစ်များဖြင့် အစားထိုး သွယ်တန်းလျက် ရှိသည်။

အစားထိုး သွယ်တန်းနေသည့် ပိုက်သစ်များ (ဓါတ်ပုံ မဇ္စျိမ)မတ်လ ၃ ရက်နေ့မှစ၍ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များအတွင်း ကိုးရီးယားနိုင်ငံထုတ် အရှည် ပေ ၄ဝ၊ အချင်း ၃ဝ လက်မ၊ အထူ ၁ လက်မခန့်ရှိ ပိုက်သစ်များဖြင့် အစားထိုးနေခြင်း ဖြစ်သည်။

ဂက်စ်ပိုက်လိုင်းတလျှောက် စစ်တပ်တည်ရန်နှင့် ပိုက်လိုင်း လုံခြုံရေးအတွက် သိမ်းဆည်းခံရသည့် မြေဧကပေါင်း ၁၅,ဝဝဝ ကျော် ရှိပြီး၊ တပ်စခန်းပေါင်း ၃ဝ ကို တိုးချဲ့ချထားခဲ့ကြောင်း လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) (HURFOM) က ၂ဝဝ၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်သည့် “Laid Waste” “အလုံးစုံ ပျက်သုဉ်းခြင်း” အမည်ရှိ အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

ထို့ပြင် ကင်းစောင့်ရခြင်း၊ ပစ္စည်းသယ်ပို့ရခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း၊ လုံခြုံရေး တပ်သားများ၏ အနိုင်ကျင့် ခြိမ်းခြောက် ရိုက်နှက်ခံခြင်းကိုလည်း ဒေသခံများ ကြုံတွေ့ကြရကြောင်း အစီရင်ခံစာက ဆိုသည်။

အရှည် ၁၈ဝ မိုင် ရှိသည့် ထိုပိုက်လိုင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအဖွဲ့ MOGE က ၂ဝဝဝ ပြည့်နှစ်တွင် စတင်သွယ်တန်းခဲ့သည်။

တနင်္သာရီတိုင်း ကန်ဘောက်မှ မွန်ပြည်နယ်ကို ဖြတ်ကာ ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ တနေ့လျှင် ဓာတ်ငွေ့ကုဗပေ ၁၁ဝ သန်း ပေးပို့လျက်ရှိသည်။

၂ဝဝ၆ ခုနှစ်မှစ၍ မွန်ပြည်နယ် မော်လမြိုင် ငန်းတေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သထုံ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ရန်ကုန်မြို့သို့ ထပ်ဆင့်ဖြန့်ဖြူးလျက် ရှိသည်။