မြန်မာ့ တပ်မတော် ၀ါးလုပ်ငန်းတွင် ၀င်စွက်ဖက်၍ ဒေသခံ ၀ါးလုပ်သူများ အခက်ကြံု

မြန်မာ့ တပ်မတော် ၀ါးလုပ်ငန်းတွင် ၀င်စွက်ဖက်၍ ဒေသခံ ၀ါးလုပ်သူများ အခက်ကြံု
by -
ထွန်းထွန်း

အိန္ဒိယနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ တပ်မတော်မှ ၀ါးအဝယ်ဒိုင်ဖွင့်လှစ်ပြီး ဒေသ ၀ါးလုပ်ငန်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသဖြင့် ၀ါးစျေးများမြှင့်တက်ကာ ဒေသခံ ၀ါးလုပ်ငန်း လုပ်သူများ ...

အိန္ဒိယနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မြန်မာ တပ်မတော်မှ ၀ါးအဝယ်ဒိုင်ဖွင့်လှစ်ပြီး ဒေသ ၀ါးလုပ်ငန်းတွင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသဖြင့် ၀ါးစျေးများမြှင့်တက်ကာ ဒေသခံ ၀ါးလုပ်ငန်း လုပ်သူများ အခက်ကြံုတွေ့နေကြရကြောင်း သတင်း ရရှိသည်။

ချင်းပြည်နယ်တွင် လွန်ခဲ့သောနှစ်က ၀ါးသီးများ သီးပြီး ၀ါးတောများ ပြုန်းတီးကာ ၀ါးများ ရှားပါးမူကို အခွင့်ကောင်းယူပြီး စစ်တပ်က ၀ါးအဝယ်ဒိုင်ဖွင့်၍ စီးပွားရှာဖွေနေခြင်း ဖြစ်သည်။

၀ါးကုန်သည် တစ်ဦးက “အခု ၀ါးအဝယ်ဒိုင်ဖွင့်ပြီး ၀ါးတွေကို အတင်း မရောင်းမနေရ ၀ယ်ယူနေတဲ့ တပ်ရင်းက ပလက်ဝ အခြေစိုက် ၂၈၉ တပ်ရင်း ဖြစ်ပါတယ်။ ခုနှစ် ဇန္နဝါရီလက စတင်ပြီး ပလက်ဝမြို့နယ် မီးဝကျေးရွာမှာ ၀ါးဒိုင် ဖွင့်ပြီး ၀ါးတွေကို ၀ယ်ယူနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ၀ါးများကို အိန္ဒိယနယ်စပ် အနီးရှိ ချင်းလက်ချောင်း၊ ကလက်ချောင်းများ မှ ထုတ်ယူသော ၀ါများ ဖြစ်ပြီး အဆိုပါ ၀ါးများကို ခမရ ၂၈၉ က သူတို့ ၀ါးဒိုင်တွင် မရောင်းမနေရ စနစ်ဖြင့် ၀ယ်ယူနေခြင်း ဖြစ်သည်။

“ကုလားတန် အထက်ပိုင်းက ယူလာတဲ့ ၀ါးတွေကို မီးဝရွာ အထိဘဲ ယူလို့ ရပါတယ်။ စစ်တပ် ၀ါးအဝယ်ဒိုင်က အဲဒီရွာမှာ ဖွင့်ထားတော့ ကျော်ပြီး ယူလို့ မရတော့ပါဘူး။ စစ်တပ်ဒိုင်က ၀ယ်တဲ့ နေရာမှာလည်း ၀ါးအလုံး ၁၀၀ ကို အပြင် ပေါက်စျေး ၂၀၀၀၀ ကျပ် ပတ်ဝန်းကျင်မှာ စျေးရှိပေမယ့် စစ််တပ်က ကျပ် ၉၀၀၀ နှုန်းနဲ့ ရောင်းရပါတယ်။ ပီးရင် ၀ါး ၁၀၀ ကနေ ကျပ် ၁၀၀၀ စီ အခွန်ခဆိုပြီး ထပ်ကောက်ပါ တယ် “ဟု သူက ပြောသည်။

ယခုကဲ့သို့ စစ်တပ် ၀ါးအဝယ်ဒိုင်မှ ပလက်ဝမြို့ မြောက်ပိုင်းတွင်တည်ရှိသော မီးဝကျေးရွာမှ နေပြီး ၀ါးများကို တန်ရာ တန်ကြေး မပေးဘဲ ၀ယ်ယူနေသဖြင့် ၀ါးလုပ်ငန်း လုပ်ကိုင်သူ စီးပွားရေး သမားများနှင့် ၀ါးထုတ်လုပ်သူ ကျေးရွာသားများမှာ အထူး အခက်အခဲကြံုနေရကြောင်း သိရသည်။

ယခင်နှစ်များက ၀ါးစီးပွားရေး သမားများ အနေဖြင့် ပုဂ္ဂလိက ၀ါးအဝယ်ဒိုင်သို့ တိုက်ရိုက် ရောင်းချခွင့် ရရှိကြသော်လည်း ယခု နှစ်ဇန်နဝါရီလ ကစပြီး စစ်တပ်မှ ၀ါးအဝယ်ဒိုင် ဖွင့်လှစ်ကာ ၀ါးလုပ်ငန်းကို တိုက်ရိုက်ကိုင်တွယ်လာခြင်း ဖြစ်ကြောင်း သိရသည်။

တခြား ကျေးရွာသား တစ်ဦးကလည်း “စစ်တပ်ကို မရောင်းလို့ကို မရဘူး။ သူတို့ကို မရောင်းလို့ရှိရင် ၀ါးခုတ်ခွင့်၊ ၀ါးသယ်ယူခွင့် မရဘူးပေါ့နော်။ တဘက်ကကြည့်မယ်ဆိုလို့ရှိရင် ဒီလောက်လူတွေဟာ မရှိဆင်းရဲလို့ ၀ါးခုတ်ပြီးရောင်းစားနေတာကိုမှ လွတ်လပ်စွာ ရောင်းပိုင်ခွင့် မရှိဘူး။ စစ်တပ်ဆီ ရောင်းရတယ်။ စစ်တပ်က လူထုတွေဆီက ခေါင်းပုံ ဖြတ်နေတယ်“ ဟု ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်းများသည် ဒေသအတွင်းက လူထုများ လုပ်ကိုင် နိုင်သည့် တနိုင် တပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်ကြသည့် သစ်လုပ်ငန်း၊ ငါးလုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း၊ ၀ါးလုပ်ငန်း၊ အုတ်ဖုတ် လုပ်ငန်းများတွင် ပါ၀င်ပတ်သက်ပြီး စီးပွားရှာနေကြသဖြင့် ဒေသခံ လူထုမှာ အထူး ဒုက္ခရောက်နေကြရကြောင်း သတင်း ရရှိသည်။

အခမ်းအနားသို့ ဒေသ အာဏာပိုင်များနှင့် ထောက်လှမ်းရေးများ လာရောက်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပြုလုပ်ခြင်း မရှိကြောင်း သိရသည်။

“NLD ခေါင်းဆောင်တွေကလည်း ထီးတော်တင်ပွဲ အခမ်းအနားမှာ ထူးထူးထွေထွေ ဘာမှ ပြောဆိုသွားတာ မရှိပါဘူး။ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က လှူဒါန်းတဲ့ အတွက် ထီးတော်ကို လာရောက် တင်ပေးရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ အခမ်းအနားက အေးအေးဆေးဆေး ပီးဆုံးသွားခဲ့ပါတယ်။ ကျေးရွာသားတွေလည်း လာကြတော့ အနည်းငယ် စည်ကားခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

အခမ်းအနားအပြီးတွင် ဦးအေးသာအောင်တို့ အဖွဲ့မှ ကျေးရွာသားများသို့ အဝတ်အစားများနှင့် ဆေးဝါးများလည်း လှူဒါန်းခဲ့ကြောင်း သူက ပြောသည်။

Most read this week