ဒေါ်စုလှူဒါန်းသော ထီးတော် တင်ပွဲ တပေါင်းလပြည့်နေ့က ဂီရိမုန်တိုင်းသင့် ဒေသတွင် ကျင်းပ

ဒေါ်စုလှူဒါန်းသော ထီးတော် တင်ပွဲ တပေါင်းလပြည့်နေ့က ဂီရိမုန်တိုင်းသင့် ဒေသတွင် ကျင်းပ
by -
နိရ ဉ္ဇရာသတင်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျီးခေါင်းတောင် ကျေးရွာ စေတီထီးတော်မှာ ဂီရိမုန်းတိုင်းကြောင့် မြေခခဲ့ရသဖြင့် ဒေါ်စု လှူဒါန်းသော ထီးတော်ကို တပေါင်းလပြည့်နေ့က အသစ် ပြန်လည် တင်ခဲ့ကြောင်း သတင်း ရရှိ ...

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျီးခေါင်းတောင် ကျေးရွာ စေတီထီးတော်မှာ ဂီရိမုန်းတိုင်းကြောင့် မြေခခဲ့ရသဖြင့် ဒေါ်စု လှူဒါန်းသော ထီးတော်ကို တပေါင်းလပြည့်နေ့က အသစ် ပြန်လည် တင်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ထီးတော်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်က လှူဒါန်းခြင်း ဖြစ်ပြီး ထီးတော်တင်ပွဲကို CRPP အတွင်းရေးမှူး ဦးအေးသာအောင်နှင့် NLD မှ ဒေါ်မေဝင်းမြင့် အပါအဝင် ခေါင်းဆောင် ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။

“ထီးတော်တင်ပွဲကို နံနက် ရ နာရီကနေ ၉ နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ဦးအေးသာအောင်တို့ ဒေါ်မေဝင်းမြင့်တို့ တက်ရောက်ခဲ့ကြပါတယ်။ ထီးတော်ရဲ အောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူများမှ လှူဒါန်းသည်ဆိုပြီး စာရေးသားထားပါတယ်” ဟု ပြောသည်။

Most read this week