ဇော်ဝင်းထွဋ်နဲ့ ဖြူဖြူကျော်သိန်းတို့ သံတွဲတွင် ဖြေဖျော်မည်

ဇော်ဝင်းထွဋ်နဲ့ ဖြူဖြူကျော်သိန်းတို့ သံတွဲတွင် ဖြေဖျော်မည်
by -
စံလင်း

မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျင်းပမည့် မေတ္တာ ဝတီ ဘိုးဘွား ရိပ်သာ ရံပုံငွေပွဲ စင်တင် တေးဂီတ ဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်နှင့် ဖြူဖြူကျော်သိန်းအပါအဝင် တခြား အဆိုတော်များ သွားရောက် ဖြေဖျော်ကြမည် ...

မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် ကျင်းပမည့် မေတ္တာ ဝတီ ဘိုးဘွား ရိပ်သာ ရံပုံငွေပွဲ စင်တင် တေးဂီတ ဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်နှင့် ဖြူဖြူကျော်သိန်းအပါအဝင် တခြား အဆိုတော်များ သွားရောက် ဖြေဖျော်ကြမည်ဟု သိရသည်။

စင်တင်တေးဂီတဖျော်ဖြေပွဲတွင် ပါ၀င် ဖြေဖျော်ကြမည့် သူများမှာ နန္ဒ၊ ဇော်ဝင်းထွဋ်၊ ဖိုးကာ၊ ဟန်ထွန်း၊ ဖြူဖြူကျော်သိန်း၊ အေသင်ချိုဆွေတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်တင် ဂီတ ဖြေဖျော်ပွဲကို မဟာနွယ် အနုပညာဝန်ဆောင်မှုလုပ်ငန်းနှင့် သရုပ်ဆောင် နန္ဒ တို့က ပူးပေါင်း စီစဉ်ခြင်း ဖြစ်ပြီး ရရှိလာသော အမြတ်ငွေများကို သံတွဲမြို့ မေတ္တာဝတီ ဘိုးဘွားရိပ်သာ အတွက် အသုံးပြုသွားမည်ဟု သိရသည်။

ရံပုံငွေ စင်တင်တေးဂီတ ဖျော်ဖြေပွဲကို Gold Rost Coffee Mix မှ Main Sponsor အဖြစ် တာဝန်ယူထားခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ မေတ္တာဝတီ ဘိုးဘွားရိပ်သာဝင်း အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကြိုတင်လက်မှတ်များကို ဦးတင်လေး(လက်ပတ်နာရီ ဆေးလိပ်ခုံ)၊ ဒေါ်ရှမ်း(ဗိုလ်ချုပ်လမ်း)၊ ကိုကြည်မင်းသိမ်း (ဂျိတ္တော လမ်းဆုံလက်ဖက်ရည်ဆိုင်)၊ မောင်မေ(လက်ဖက်ရည်ဆိုင်-ငပလီ) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း စီစဉ်သူများက ကျေညာထားသည်။

Most read this week