တတိယ အကြိမ်မြောက် သမိုင်းဝင် ထိပ်ကျင်းတောင် အဘယသုခ စေတီပွဲတော် ဘင်္ဂလာဒေချ့်တွင် ကျင်းပ

တတိယ အကြိမ်မြောက် သမိုင်းဝင် ထိပ်ကျင်းတောင် အဘယသုခ စေတီပွဲတော် ဘင်္ဂလာဒေချ့်တွင် ကျင်းပ
by -
ထွန်းထွန်း

ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘဇား ခေါ် ဖလောင်းချိတ်မြို့တွင် သမိုင်းဝင် ထိပ်ကျင်းတောင် အဘယ သုခ စေတီတော် တတိယအကြိမ်မြောက် ပွဲတော်ကို တပေါင်းလပြည့်နေ့က ကျင်းပခဲ့ကြောင်း သတင်း ရရှိ ...

ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ်ဘဇား ခေါ် ဖလောင်းချိတ်မြို့တွင် သမိုင်းဝင် ထိပ်ကျင်းတောင် အဘယ သုခ စေတီတော် တတိယအကြိမ်မြောက် ပွဲတော်ကို တပေါင်းလပြည့်နေ့က ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

Thik-kyin-Dungအခမ်းအနားတွင် ပထမဦးစွာ သာသနာ့ အလံတော်များကို လွှင့်ထူပြီး ရခိုင် ဗဟိုစည်ဖြင့် တီးခတ်ကာ ဖလောင်းချိတ်မြို့ရှိ တောကျောင်း ဘုန်းတော်ကြီးကျောင်းမှ စတင်၍ စေတီတော်ရှိရာ မင်္ဂလာ မဏ္ဍပ်သို့ ရဟန်းတော်များနှင့် မြို့သူ မြို့သူများက သို့ စီတန်းပြီး တက်ရောက်ခဲ့ကြသည်။

ပွဲတော် အခမ်းအနားကို နံနက် ၁၀ နာရီတွင် သာသနာ့ အောင်လံတော်နှင့် ဘင်္ဂလာဒေချ့် အလံတော်တို့ကို တောကျောင်း ဆရာတော် ဦစန္ဒာဝရနှင့် City College မှ ကျောင်းအုပ် ဆရာကြီး ဦးလှရီ (ခေါ်) ဦးကျော်သိန်းအောင်တို့မှ လွှင့်တင်ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

ပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်ကို စေတီတော် ထိန်းသိမ်းရေး ကော်မီတီ ဒု အတွင်းရေးမှူး ဦးမောင်ရီက ယခုကဲ့သို့ ပြောသည်။

“တတိယ အကြိမ်မြောက် အဖြစ် ထိပ်ကျင်းတောင်ပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော ့ဘင်္ဂလား ဒေ့ချ်နိုင်ငံမှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေဟာ မိမိတို့ဗုဒ္ဓဘာသာ၊ သာသနာကို အစဉ် ကြည်ညို လေးစားလာဖို့ရယ်၊ မိမိတို့ ရခိုင့် ရှေးဟောင်းအမွေအနှစ်တွေကို မပျက်စီးအောင် အစဉ်အမြဲ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် နိုင်ဖို့ရယ်၊ နောက်တချက်ကတော့ နိုင်ငံတကာ ရောက် ရခိုင် အသိုင်းဝန်းတွေက ဒီထိပ်ကျင်းတောင် စေတီတော် ပြန်လည် တည်ဆောက်ရေးမှာ တတတ်တအား အလှူငွေတွေ ထည့်ဝင်ခဲ့ကြတဲ့ အတွက် အားလုံးသော အလှူရှင်တွေ ကုသိုလ် ကောင်းမူ ရရှိနိုင်စေဖို့ ရည်ရွယ်ပြီးတော့ ပြုလုပ်ရတာ ဖြစ်ပါတယ်။”

Thait-Kyin-Daungထိပ်ကျင်းတောင် စေတီတော်သမိုင်း အကျဉ်းချုပ်နှင့် ပတ်သက်ပြီး ဦးမောင်ရီက ယခုကဲ့သို့ ဆက်ပြောသည်။

“ထိပ်ကျင်းတောင် စေတီသမိုင်း အကျဉ်းချုပ်က ဒီလိုပါ။ ဒီစေတီတော်ဟာ နှစ်ပေါင်းသုံးရာကျော်က တည်းက ဒီတောင်ပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံ ဘာသားခြားတွေ လက်ချက်ကြောင့် ၂၀၀၀-ခုနှစ်မှာ ပျက်စီး မြေခ သွားခဲ့ရပါတယ်။ ပြိုပျက်စီးပြီးတဲ့နောက် အဲဒီတောင်မှာနေရာယူထားကြတဲ့ ဒေသခံ ဘာသားခြားတွေက ဘုရားမြေပေါ်မှာ အိမ်တွေ ဆောက်လာတဲ့ အတွက် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပြီး အတင်း အားနဲ့ ဖယ်ရှားခဲ့ရပါတယ်။ ဘာသာ သာသနာ အတွက် ဖြစ်တာကြောင့် တမြို့လုံက လူတွေ အင်တိုက် အားတိုက် စုစည်း ညီညွတ်စွာ ကြိုးပမ်းခဲ့တဲ့ အတွက် စေတီတော်မြေကို ပြန်လည် ရရှိခဲ့ပါတယ်။ စေတီတော် ပြန်လည် တည်ဆောက်ရေးမှာ အခက်အခဲတွေ အများကြီး ရှိနေတဲ့ အတွက် နိရဥ္စရာ အယ်ဒီတာ ဦးခိုင်မြတ်ကျော်က နိုင်ငံတကာမှာရှိတဲ့ ရခိုင် လူမျိုးတွေဆီက မေတ္တာရပ်ခံ အကူအညီ တောင်းပေးမူကြောင့် အကူအညီတွေ ရရှိခဲ့ပြီး ကျွန်တော်တို့ မြို့သူ မြို့သားတွေရဲ့ အကူအညီနဲ့ ပူးပေါင်းပြီး ၂၀၀၈-ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင် တည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်“ ဟု ပြောဆိုသည်။

စေတီတော်မှာ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သော်လည်း စေတီတော်မှာ တောင်ပေါ်တွင် တည်ရှိသဖြင့် မြေပြိုမူများ ရှိနေကာ မိုးတွင်းကာလတွင် ပြိုပျက်သွားမည့် အန္တရာယ်ဖြင့် ကြံုတွေ့နေရကြောင်း ဆက်ပြောသည်။

“ တတ်နိုင်မယ် ဆိုရင် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေဆီက အကူ အညီ ဆက်လက် လိုအပ်နေပါတယ်။ စေတီမှာ ပြင်ပ တံတိုင်း မရှိတဲ့့ အတွက် မိုးတွင်းဆိိုရင် မြေတွေ ပြိုကျနေတဲ့ အတွက် စေတီတော် အတွက် အန္တရာယ် ထပ်ရှိနေပါတယ်။ အချိန်မရွေး တံတိုင်း မကာရင် ပြိုပျက်နို်င်ပါတယ်။ ဒါ့အပြင် ဘာသာခြားတွေက တံတိုင်း မရှိတဲ့ အတွက် စေတီပေါ်ကို ၀င်ထွက်ချင်သလို ၀င်ထွက်သွားလာနေပါတယ်။ ဒါကြောင့် စေတီတော် တံတိုင်း အတွက် ဆက်လက် ကူညီပေးကြဖို့ ပြောချင်ပါတယ်။”

အဆိုပါစေတီပွဲတော်သို့ ပင့်ဖိတ်ထားသော ရခိုင်ပြည်နယ် မောင်တောမြို့မှ အောင်ဗလ ဆရာတော်ကြီး အပါ၀င် ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ဘုန်းတော်ကြီး အပါး ၃၀ ကျော် တက်ရောက်ခဲ့သည်။ ၎င်းပြင် ကော့စ်ဘဇားမြို့ city collegမှေe ကျာင်း အုပ်ဆရာကြီး ဦးလှရီ (ခေါ်) ဦးကျော်သိန်းအောင်၊ မြို့လူကြီး တစ်ဦးဖြစ်သည့် ဦးမဲရှင် နှင့် တခြား လူကြီးများနှင့် မြို့သူ မြို့သား ၂၀၀ ကျော် တက် ရောက်ခဲ့ကြသည်။

Most read this week