တိုက်ပွဲအတွင်း နအဖတပ်သားများ လက်နက်ပစ် ထွက်ပြေး

တိုက်ပွဲအတွင်း နအဖတပ်သားများ လက်နက်ပစ် ထွက်ပြေး
by -
သျှမ်းသံတော်ဆင့်

၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော နအဖနှင့်သျှမ်းပြည် တပ်မတော်ကြား နမ့်မ - မောက်တောင်းဂွင် တိုက်ပွဲတွင် လက်နက် ပစ်၍ ထွက် ပြေးကြသည့် နအဖ တပ်သားများလည်းရှိကြောင်း တိုက်ပွဲဝင် တပ်သားများ အသိုင်းအဝိုင်း ထံမှသိရ ...

၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော နအဖနှင့်သျှမ်းပြည် တပ်မတော်ကြား နမ့်မ - မောက်တောင်းဂွင် တိုက်ပွဲတွင် လက်နက် ပစ်၍ ထွက် ပြေးကြသည့် နအဖ တပ်သားများလည်းရှိကြောင်း တိုက်ပွဲဝင် တပ်သားများ အသိုင်းအဝိုင်း ထံမှသိရသည်။

နအဖတပ်သားများ (ဓါတ်ပုံ- PYNG)“နမ့်မ မောက်တောင်းဂွင်တိုက်ပွဲက ၂ နေရာဖြစ်တာ။ နမ့်မရွာ မှာတနေရာ။  တင်းဟိုင်းရွာ မှာတနေရာ နီးနီး လေးဘဲ။ ၁၆ ရက် ညနေ တိုက်ပွဲတုန်းက ဗမာတပ်ဘက်ကဆုတ်ခိုင်းတဲ့အချိန် ဗမာစစ်သား ၄-၅ ယောက် သူများနဲ့အတူ လိုက် မဆုတ်ဘဲ လက်နက်တွေလွှင့်ပစ်ပြီး တခြားကိုထွက်ပြေးသွားတာတွေ့ရတာ” ဟုရှေ့တန်း တပ်မှူးများနှင့်နီးစပ်သည့် အသိုင်းအဝိုင်း က ပြောသည်။

အဆိုပါ တိုက်ပွဲ ၂ နေရာစလုံး နအဖတပ်ဘက်မှ ၁၀ ယောက်ထက်မနည်းသေသည်ဟု လည်းသိရသည်။

“နမ့်မတိုက်ပွဲက ၃ နာရီ နီးပါးကြာတယ်။ ဗမာတပ်ဘက်က လက်နက်ကြီး နဲ့ဘဲထုတယ်။ တင်းဟိုင်းတပ်စခန်း မှာတော့  လက်နက် ကြီးရောလူရော တက်တိုက်တယ်။ တိုက်ပွဲ ၂ နေရာစလုံး ဗမာတပ်ဘက်  ၁၃ ယောက်သေ တယ်။ ကျနော် တို့က တောင့် ခံ တိုက်ခိုက်တော့ ဗမာစစ်တပ်ကလွယ်လွယ်နဲ့ ဝင်လို့မရဘူး။ ကျနော်တို့ဘက်က တပ်သား ၅ ယောက် ထဲနဲ့ တညလုံး မနေ့က မနက် ၈ နာရီအထိ ခံချတာလေ” ဟု တိုက်ပွဲဝင် သျှမ်းတပ်မှူးငယ် တဦး ကပြောကြောင်း ၎င်းနှင့် နီးစပ် သည့်ပုဂ္ဂိုလ် တဦးကပြောပါသည်။

လားရှိုးတောင်ဖက်၊ လားရှိုး- မိုင်းရယ်ကားလမ်းအနောက်ဖက် နမ့်မ မောက်တောင်းဂွင်၌ဖြစ်ပွါးသောအဆိုပါ တိုက်ပွဲမှာ SSPP/SSA ၏ ဒုဗိုလ်မှူးကြီးငေါဝ်းဖှ ဦးဆောင်သော တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၂၄၆ ဖြစ်သည်ဟုဆို၏။ တိုက်ပွဲ ဝင်တပ်မှူး တပ်သား များအား ရန်သူတယောက် ကျည်တတောင့်(မတွေ့လျင်မပစ်)  ညွှန်ကြားထားသောကြောင့် လက် နက်ငယ် ကျည်ဆံ ၂၀၀ ကျော် ၄၀ မမ M 79 ၊ ဗုံးသီး ၁၀ လုံးကျော်သာ အသုံးပြုကြောင်း၊ ထို့ကြောင့်ရန်သူ အသေအပျောက်များရခြင်းဖြစ်ကြောင်း ၎င်းတပ်မှူးငယ်ကပြောသည်။

၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်နေရာအသီးသီးတိုက်ပွဲများအတွင်း SSPP/SSA  ဘက်မှ ၃ ဦးကျဆုံး၊ ၂၀ ကျော် ဒဏ်ရာ ရကာ နအဖ တပ်မှ ၁၅ ယောက်ထက်မနည်းသေ ၁၀၀ ခန့်ဒဏ်ရာရကြောင်းသီးခြားအတည်မပြု နိုင်သော ဆို့စ်တခု  ကဆိုသည်။

ယနေ့တွင်လည်း စိန်ကျော့တဝိုက်ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမှတ် ၉ မြို့နယ်စစ်ဒေသထိန်း ချုပ်နယ် မြေ စိန်ကျော့ အရှေ့ တောင် ဘက် ဝမ့်ဇန့်တိုက်နယ်အတွင်းတပ်စခန်းအချို့အား နအဖတပ်က ဝန်းရံထားသည် ဟုဆိုသည်။

“ ဒီတိုက်ပွဲမှာ ဗမာတပ်က စိန်ကျော့ပြည်သူ့စစ်တွေကိုပါ ခေါ်မယ်လို့ သတင်းကြားထားတယ်။ ငယ်ပေါင်း ကြီးဖော်တွေ ဒိုးတူဘောင် ဖက်တွေ အချင်းချင်းပြန်ချခိုင်းတော့မှာပေါ့။ နမ့်မတိုက်ပွဲတုန်းကလဲ မန့်ပန် ဌာနေပြည် သူ့စစ် ဗိုလ်မွန်းရဲ့ လူတွေပါတာတွေ့ရတယ် ” ဟု သျှမ်းပြည်မြောက်ပိုင်းစစ်ရေးလေ့လာသူတဦးက လည်းပြောသည်။

ယခုဖြစ်ပွါးခဲ့သော နအဖနှင်သျှမ်းတပ်ကြားတိုက်ပွဲနှင့်ပါတ်သက်၍ တောင်ကြီးအခြေစိုက်ရပခ တိုင်းရုံးမှ ဒုဗိုလ်တဦးက လည်း “ ဘယ်မှာလဲ သူတို့မဟာမိတ်တွေ၊ ဘယ်မှာလဲသူတို့သဘောတူညီချက်တွေ၊ စာရွက်ထဲမှာ ဘဲရှိတယ်။ ဘယ်အဖွဲ့မှ သူတို့ကို မကူနိုင်ပါ ဘူး” ဟု လှောင်ပြောင်ပြောဆိုခဲ့သေးသည်ဟု သိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့နှင့်လည်း မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည်။