သဘာဝဓာတ်ငွေ့ပိုက်များ တရုတ်နယ်စပ် ဖြတ်ကူးသယ်ယူ

သဘာဝဓာတ်ငွေ့ပိုက်များ တရုတ်နယ်စပ် ဖြတ်ကူးသယ်ယူ
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနှစ်နိုင်ငံ သဘာဝဓာတ်ငွေ့ပိုက်လှိုင်း သွယ်တန်းရေး စီမံကိန်းတွင် အသုံးပြုမည့် ပိုက်လုံးများကို တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ တဆင့် မြန်မာဘက်သို့ ယနေ့နနက် အစောပိုင်းက သယ်ဆောင် ...

တရုတ် - မြန်မာနှစ်နိုင်ငံ သဘာဝဓာတ်ငွေ့ပိုက်လှိုင်း သွယ်တန်းရေး စီမံကိန်းတွင် အသုံးပြုမည့် ပိုက်လုံးများကို တရုတ်နယ်စပ် ကျယ်ဂေါင်မြို့မှ တဆင့် မြန်မာဘက်သို့ ယနေ့နနက် အစောပိုင်းက သယ်ဆောင်သွားကြောင်း သိရသည်။

china-steel-pipesမြန်မာနိုင်ငံဘက်မှ ကားအစီးရေ ၂၀ ကျော်ဖြင့် ဓါတ်ငွေ့ပိုက်လုံးများ သယ်ယူသွားခြင်းဖြစ်ကြောင်းတရုတ် နယ်စပ် ဒေသခံ မျက်မြင်များက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တရုတ် - မြန်မာ သဘာဝဓါတ်ငွေ့ပိုက်လှိုင်းဆိုပြီး ပိုက်လုံးတွေပေါ်မှာ တရုတ်စာနဲ့ရေးထားတယ် HoWo ကုမ္ပဏီလုပ် Sino Truck ဆိုတဲ့ မြန်မာ ဆယ်ဘီးကား ကြီးတွေပေါ်မှာ တင်သွားတာ ကျယ်ဂေါင် - မူစယ် ၊ မန်ဝိန်းကြီးဂိတ်အတိုင်း သယ်သွားတာ” ဟု မျက်မြင်တစ်ဦးက ပြောသည်။

ပိုက်လုံးလုံးပတ်မှာ လက်တစ်ပွေ့စာကျော်ကျော်ခန့်ရှိပြီး အရှည်ပေ ၂၀ ခန့်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ယူနန်ပြည်နယ် အထိ အရှည် ၁၇၂၇ ကီလိုမီတာရှိသည့် သဘာဝဓာတ်ငွေ့ ပိုက်လှိုင်း စီမံ ကိန်းကို လွန်ခဲ့ သည့်နှစ် ဇွန်လပိုင်းမှစ၍ တရုတ် China National Petroleum Corp (CNPC) ကုမ္ပဏီက စတင် ဖေါက်လုပ်ခဲ့ရာ ၂၀၁၃ တွင် ပြီးစီး မည်ဟု သိရသည်။

တရုတ် - မြန်မာနယ်စပ် မူစယ်နှင့် ရွှေလီမြို့များကို ဖြတ်သန်းဖေါက်လုပ်မည် ဖြစ်ပြီး ဓာတ်ငွေ့ပမာဏ ၁၂ ဘီလျံ Cubic meters သယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။