သျှမ်းပြည် (မြောက်ပိုင်း) နမ့်ဆန်နှင့် မန်တုံမြို့ နယ်များ အတွင်းရှိ ပလောင်လူငယ်များသည် အလုပ်အကိုင် ရှာဖွေရန် တရုတ် နိုင်ငံ ရွေလီမြို့ သို့ ယမန်နေ့က ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ...
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ဆန်နှင့် မန်တုံမြို့ နယ်များ အတွင်းရှိ ပလောင်လူငယ်များသည် အလုပ်အကိုင် ရှာဖွေရန် တရုတ် နိုင်ငံ ရွေလီမြို့ သို့ ယမန်နေ့က ထပ်မံရောက်ရှိလာကြောင်း သိရသည်။
လူလတ်ပိုင်း အိမ်ထောင်သည် မိသားစုများ အပါအဝင် အသက် ၂၀ ၀န်းကျင်အရွယ် အမျိုးသမီး အမျိုးသား စုစုပေါင်း ၃၀ ကျော်ခန့် ရောက်ရှိလာခြင်း ဖြစ်သည်။
“ရွာကတော့ ပေါင်းစုံပဲ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေကပေါ့ ကျနော်တို့ဒီမှာ ကြံလာခုတ်တဲ့အဖွဲ့ ပန်းရံအဖွဲ့တွေ အများကြီး ပေါ့နော် ရောက်လာတာတော့ ” ဟု ပလောင်လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်ကစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် အဆိုပါဒေသတစ်ဝိုက်မှ ပလောင်လူမျိုးများ နေရပ် စွန့်ခွာနေ ရာ ယနေ့ဆိုလျှင် ပလောင်လူမျိုး ၂ သောင်းဝန်းကျင်ခန့် တရုတ်နယ်စပ်၌ ရောက်ရှိနေပြီး လူငယ် လူဦးရေ၏ ရ၀ ရာခိုင် နှုန်းခန့် ပြင်ပထွက် အလုပ်လုပ်နေရကြောင်း သိရသည်။
“လုပ်ငန်းက အဆင်မပြေတာရယ် အခက်အခဲပေါင်းစုံရှိတာပေါ့ အရင်တုန်းကတော့ တစ်ရွာကို တစ်ဦးစ နှစ်ဦးစ ထွက်ကြ တာပေါ့ အခုဆိုရင် ရွာတွေမှာ ရဝ ရာခိုင်နှုန်းလောက် လူငယ်ပိုင်းတွေ အကုန်လုံး ထွက်နေကြတာလေ ” ဟု သူက ဆိုသည်။
ယခုအခါ ပလောင်လူမျိုးများ၏ မိရိုးဖလာ လက်ဖက်ခြံ လုပ်ငန်းတွင် လက်ဖက်စျေးများ ကျဆင်းလာရာလက်ဖက် တစ် ပိဿာလျှင် ကျပ် ၂၀၀၀ ၀န်းကျင်သာ စျေးပေါက်တော့ကြောင်း သိရသည်။
ထိုသို့ လက်ဖက်စျေး ကျဆင်းမှုနှင့်အတူ ပလောင်လူမျိုးများ စီးပွားရေး ကျပ်တည်းလာပြီး အတိုးနှုန်းကြီးစွာဖြင့် ငွေချေး ခြင်း လက်ဖက်ခြံ ပေါင်နှံခြင်းများ ပြုလုပ်ရကြောင်း အချို့မှာ ငွေပြန်မဆပ်နိုင်ခြင်းခြံများပြန်မရွေးနိုင်ခြင်း များ ရှိကြောင်း သိရသည်။
“လက်ဖက်ပေါ်တဲ့အချိန်လောက်ပဲ ၀င်ငွေရှိတာကိုး ကုန်တဲ့အချိန်ရောက်ပြီဆိုရင် နောက်တစ်သီးစားရဖို့အတွက် ခြံပေါက် ရတယ် ထင်းခုတ်ရတယ် အဲဒီအလုပ်တွေလုပ်ရတဲ့ အခါကျတော့ ဝင်ငွေက မရှိတော့ဘူးလေအပိုဝင်ငွေရ အောင် ကျနော် တို့ အပြင်ထွက်ပြီး အလုပ်လုပ်ရတယ် ” ဟု နောက်ထပ်ပလောင်လူငယ် တစ်ဦးက ပြောသည်။
ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပညာရေး ကျန်းမာရေးကဏ္ဍ များကို နအဖ စစ်အစိုးရက လစ်လျူရှုထားသဖြင့် တောင် ပေါ်ဒေသနေ ပလောင်လူမျိုးများသည် အခြားလူမျိုးများထက် ပညာရေး ၊ ကျန်းမာရေးတွင် အစစ အရာရာ နိမ့်ကျနေ ကြောင်း သိရသည်။