စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ် အခြေစိုက် မိုင်းနောင် မြို့နယ်ခွဲတွင် သံချပ်ကာ တိုက်ခိုက်ရေး တပ်ရင်းနှင့် အတူ လေကြောင်းရန် ကာကွယ်ရေး တပ်ပါ တိုးချဲ့ ထားရှိမည်ဟု သတင်းထွက်နေကြောင်း သိရ ...
စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ် အခြေစိုက် မိုင်းနောင် မြို့နယ်ခွဲတွင် သံချပ်ကာ တိုက်ခိုက်ရေး တပ်ရင်းနှင့် အတူ လေကြောင်းရန် ကာကွယ်ရေး တပ်ပါ တိုးချဲ့ ထားရှိမည်ဟု သတင်းထွက်နေကြောင်း သိရသည်။
ယခုလဆန်းပိုင်းအတွင်း ထိုသတင်း စတင်ကြားသိရ ခြင်းဖြစ်ပြီး မည်သို့စတင်မည်ကိုမူမသိရသေးဟု ဆို၏။
“စကခ ၂ မှာသံချပ်ကာကား ၆ စီးရပ်ထားတာ တလလောက်ရှိပြီ။ ကျည်ကျတော့ ၆ ဘီးကား ၂ စီး အပြည့် တင်ထား တယ်တဲ့။ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းလဲထားမယ်ဆိုဘဲ ” ဟု မိုင်းရှူး-တောင်ကြီး ကားဆရာ တဦးကပြောသည်။
အဆိုပါသံချပ်ကာကားများ၌ တပ်ဆင်ထားသည့် လက်နက်ကြီးမှာ ရ မိုင်အကွာ ပစ်ခတ်နိုင်ကြောင်းတပ်အရာရှိ များနှင့် ရင်းနှီးသည့် အဆိုပါကားဆရာက ဆက်ပြောပြသည်။
“ လေကြောင်းတပ် (လေကြောင်းရန်ကာကွယ်ရေးစခန်း) လဲထားမယ်ဆိုဘဲ ။ နောက်ပြီး အဲ့ဒီမှာ ထရန်စဖော်မာ အကြီး ကြီးထားဘို့အဆောက်အဦးလုပ်နေတယ်။ အဓိကကတော့ ကျိုင်းတောင်းကနေ သွယ်သွားမယ့်ဓါတ်အား လိုင်းကို တပ်တွင်းအတွက် ခွဲဝေသုံးဖို့ ဘဲ။ ” ဟု ဆိုသည်။
အဆိုပါ ထရန်စဖော်မာဖြင့် ကျိုင်းတောင်းမှ ရေအားလျှပ်စစ်အသုံးပြုမည်ဖြစ်ကြောင်း မိုင်းနောင်မှ
အစိုးရဝန်ထမ်း တဦး ကလည်းပြောသည်။
ဖေဖော်ဝါရီလအတွင်း တိုးချဲ့ဆဲ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေသို့ သံချပ်ကာကား ၁၆ စီးထက်မနည်း ရောက်ရှိနေကြောင်းလည်း နိုင်ငံရေး စစ်ရေးလေ့လာသူများက အတည်ပြုပြောဆိုခဲ့ဖူးသည်။
တဖက်ကလည်း ပြီးခဲ့သည့်လအတွင်း သျှမ်းပြည်တပ်မတော် SSPP-SSA နယ်မြေဌာနချုပ်ဝမ့်ဟိုင်းအတွင်း ဝင်သွားလာ သည့် ယာဉ်များအားလုံးကို နအဖတပ်က ပိတ်ပင်ထားခဲ့သည်။