တာချီလိတ် - ကျိုင်းတုံလမ်း ယခင်ကထက် ဂိတ်ကြေး ပိုမိုကောက်ခံ

တာချီလိတ် - ကျိုင်းတုံလမ်း ယခင်ကထက် ဂိတ်ကြေး ပိုမိုကောက်ခံ
by -
မွေခေါဝ်

သံလွင်အရှေ့ပိုင်း တာချီလိတ်-ကျိုင်းတုံ ကားလမ်းရှိ ဂိတ်ကြီးများ၌ ယခင်ကထက် ဂိတ်ကြေး နှစ်ဆတိုးမြှင့် ကောက်ခံနေကြောင်း နယ်စပ် သတင်းများအရ သိရှိရပါသည်။ ...

သံလွင်အရှေ့ပိုင်း တာချီလိတ်-ကျိုင်းတုံ ကားလမ်းရှိ ဂိတ်ကြီးများ၌ ယခင်ကထက် ဂိတ်ကြေး နှစ်ဆတိုးမြှင့် ကောက်ခံနေကြောင်း နယ်စပ် သတင်းများအရ သိရှိရပါသည်။

ကျိုင်းတုံ-တာချီလိတ် ဆမ်လောဝ် အမြန်ယာဉ် (S.H.A.N- Arntai)“ဂိတ်ကြီးတွေမှာ ဂိတ်ကြေးတွေ နှစ်ဆ ပိုတောင်းလာတယ်။ နောက်ပြီး လမ်းတလျှောက်တောင်ကုန်း တပ်စခန်း တချို့မှာ တပ်တွေ ၃-၄ ခုမက ပိုလာတော့ သူတို့လဲ ကြုံရင် ကြံုသလို ပိုက်ဆံတောင်းတယ်။ အသေးစား ပိုက်ဆံ တောင်းဂိတ် တွေပေါ့။ အနည်းဆုံး တထောင်နှစ်ထောင် ကုန်တာဘဲ။ ခက်တယ်ဗျာ လိုင်စင်ရ ဓားပြတွေဘဲ” ဟု တာချီလိတ် ကား ဆရာ တစ်ဦးက ပြောပါသည်။

တာချီလိတ် - ကျိုင်းတုံကားလမ်းတလျှောက်ရှိ ဂိတ်ကြီးများမှာ တာချီလိတ်အထွက် မယန်းဂိတ်၊ တာလေဂိတ် (တာလေမြို့နယ်ခွဲ)၊ မိုင်းဖြတ်နှင့် ကျိုင်းတုံ(နမ့်ပုံဂိတ်)တို့ဖြစ်ကြသည်။

အဆိုပါဂိတ်ကြီးများ၌ ဘတ်စ်ကားတစ်စီး ယခင် ၃,၀၀၀ မှ ယခု ၅,၀၀၀၊ ဗဲင်းကားတစ်စီး ယခင် ၁,၀၀၀ မှ ယခု ၅,၀၀၀၊ ၆ ဘီး/၁၀ ဘီး ကုန်တင်ကားကြီးတစ်စီး ယခင် ၅,၀၀၀ မှ ယခု ၁၀,၀၀၀ အထိ ကောက်ခံနေသည်ဟု ၎င်းကဆက် လက်ပြောပါသည်။

ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးကာလက သံလွင်အရှေ့ခြမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)   မဲဆွယ်စည်းရုံးရေးဆင်းစဉ် တာချီလိတ် - ကျိုင်းတုံလမ်းပေါ် ရှိ ဂိတ်များလျှော့ချရုပ်သိမ်းနိုင်ရန် ကြိုးပမ်းပေးမည်ဟု ကတိပေးခဲ့ဖူးကြောင်း ကျိုင်းတုံကားဆရာတစ်ဦးက ပြောပါသည်။

“ဂိတ်ကြေးတွေတိုးကောက်လို့ကားဆရာတချို့ ကျိုင်းတုံစစ်တိုင်းရုံးကိုစာတင်မယ်တဲ့။ တချို့လဲ  ကြံ့ဖွံ့ပါတီကို သွား ပြောတယ်။ လောလောဆယ် အစိုးရသစ်ဖွဲ့နေတဲ့အချိန်ဖြစ်တာကြောင့် နေပြည်တော်က ပေါ်လစီ စောင့်ကြည့်ဦးမယ် လို့ ပြောလာတယ်”

တဖက်၌လည်း ဝ တပ်ဖွဲ့ပိုင် ဆမ်လောဝ် ( ကြယ်သုံးပွင့်) ယာဉ်လိုင်းအမည်ဖြင့် ကျိုင်းတုံ-တာချီလိတ်အကြား ဘတ်စ် ကားပြေးဆွဲမှု အားလုံးရပ်နားရန် တြိဂံတိုင်းမှူးဂျီဝမ်း ဆင့်ခေါ်သတိပေးပြီးနောက် ၃-၄ အကြာ  စစ်အရာရှိဟောင်းအ ချို့ ရှယ်ယာဝင်ထားသော တက်နေဝန်းလိုင်းကားအသစ်ထပ်မံဖွင့်လှစ် ပြေးဆွဲ လျက်ရှိသည်ဟု သိရှိရပါသည်။

တက်နေဝန်း ယာဉ်လိုင်းသစ်အား ငွေရှင်ဒေါ်နန်းကလက် နှင့် ပိုက်ဆံရှိ နအဖ စစ်ဗိုလ်ဟောင်းများ စုပေါင်းရှယ်ယာ ဝင်ကြသည်ဟု သိရသည်။