မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းရေး ဆက်လက် ကူညီမည်ဟု ချက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Karel Schwarzenberg က တနင်္လာနေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ...
ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းရေး ဆက်လက် ကူညီမည်ဟု ချက်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Karel Schwarzenberg က တနင်္လာနေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြောခဲ့ကြောင်း ၎င်းဝန်ကြီးဌာန ကြေညာချက်အရ သိရသည်။
Karel Schwarzenberg က မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ သိရချိန်အထိ ဥရောပ သမဂ္ဂ EU က စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှှု ဆက်လက်ပြဋ္ဌာန်းရန် ထောက်ခံအားပေးမည်ဟု အာမခံခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင်များနှင့် ပိုမိုက်သွယ်လုပ်ဆောင်ရန်ပါ တိုက်တွန်းခဲ့သေးသည်။
“သူ့အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှှုတွေ ပိုမိုပြုလုပ်ပြီး ထင်မြင်ချက်တွေကို တိုက်ရိုက် ဖွင့်ဟနိုင်မယ့် အခွင့်အရေးမျိုး ရဖို့လိုအပ်ပါတယ်။ ကျနော့်အနေနဲ့လည်း ကျနော့်လုပ်ဖော်ကိုင်ဘက်တွေနဲ့ တခြားနိုင်ငံက မိတ်ဆွေ နိုင်ငံခြားရေးဝန်ကြီးတွေကို သူနဲ့တိုက်ရိုက်ဆက်သွယ်ဖို့ တိုက်တွန်းမှာပါ” ဟု Karel Schwarzenberg က ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြီးနောက် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအရေး ရုန်းကန်ကြိုးပမ်းမှှုများကို ချက်ပြည်ထောင်စုနှင့် နှိှုင်းယှဉ်၍လည်း ပြောကြားခဲ့သေးသည်။
“ကျနော်တို့ရဲ့ ချက်ပြည်ထောင်စုဟာလည်း အာဏာရှင်အောက်မှာ အနှစ် ၄ဝ လောက် နေခဲ့ရတဲ့အတွက် ဒီမိုကရေစီရေး ကြိုးပမ်းရာမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲတဲ့ လူတွေ အများကြီး လိုအပ်တာကို ကျနော်တို့ နားလည်ပါတယ်” ဟု သူက ဆိုသည်။
ကြေညာချက်တွင် “လက်ရှိ မြန်မာစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် နှိမ့်ချဆက်ဆံမှှုများကို ဥပဒေမဲ့စွာ ပြုလုပ်နေသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆန့်ကျင်ကန့်ကွက်သင့်သည်” ဟုပါ တိုက်တွန်းထားသည်။
ချက်နိုင်ငံ သမ္မတဟောင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့သူ မစ္စတာ Vaclav Havel ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံအားပေးခဲ့သူ ဖြစ်သည်