အခြားဒေသများထက် သျှမ်းတောင်၌ ဘိန်းအရေအသွေးနှင့် အထွက်နှုန်းကောင်း

အခြားဒေသများထက် သျှမ်းတောင်၌ ဘိန်းအရေအသွေးနှင့် အထွက်နှုန်းကောင်း
by -
သျှမ်းသံတော်ဆင့်

အခြားဒေသများနှင့် ယှဉ်လျှင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ယခုနှစ်ဘိန်းအထွက် နှုန်းကောင်း၍ အရည်အသွေးလည်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။ ...

အခြားဒေသများနှင့် ယှဉ်လျှင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ယခုနှစ်ဘိန်းအထွက် နှုန်းကောင်း၍ အရည်အသွေးလည်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။

သျှမ်းပြည်တွင်း တနေရာက ဘိန်းခင်း (ဓါတ်ပုံ-SHAN)မိုင်းပန်မြို့အားဖြတ်သန်း၍ အနောက်ဘက်ရှိ နမ့်တိန်းချောင်းသို့စီးဝင်သည့် နမ့်ပန်ချောင်း၏ တောင်မြောက် ဝဲယာတောင်ကြော တလျှောက် နအဖ ထိန်းချုပ် နယ်မြေအတွင်း စိုက်ပျိုးသည့် ဘိန်းများ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြောင်း သိရသည်။

“ ဒီတပို့တွဲ လဆန်းကတည်းက အားလုံး ခြစ်သိမ်းပြီးနေပြီ။ အဝယ်တော်တွေတောင် လာကြပြီ။ ဖောက်သည်တွေ  သံလွင် အရှေ့ခြမ်းကရော အနောက်ခြမ်းကရော လာကြတာ။ အရင်နှစ်တွေက ပိသာချိန် ၆၀၀-၇၀၀ လောက်ဘဲ ထွက်မယ်။ ဒီနှစ်ပိသာချိန် ၁၀၀၀ ကျော် ထွက်မယ်။” ဟု ထိုဒေသသို့ အလုပ် သွားလုပ်သည့် နမ့်ဇန်မှ ဒေသခံတဦး ကပြောသည်။

မိုင်းပန်မြို့နယ် ပန်ပိအုပ်စု (အိမ်ခြေ ၃၀၀ ကျော်ရှိ) ဝမ့်မိုက်ပုတ် ပအိုဝ်းရွာအခြေချ ခမရ ၂၉၄ တပ်စခန်းခြေ ရင်းနှင့် ရွာနီးချုပ်စပ်မှ လျှိုမြောင်တောင်ခါးပန်းခပ်များများ  ဘိန်းခြံများဖြစ်နေကြောင်း၊ ပန်ပိအုပ်စု ၁၅ ရွာမှ ပအိုဝ်းနှင့် လိဆော ဒေသခံများ ပိုင်ဘိန်းခြံဖြစ်ကြောင်း သိရသည်။

ဘိန်းစေးခြစ်နေပုံ “သဘာဝဘေးလဲ မထိဘူး။ အနှောင့်အယှက် ကင်းအောင်လဲ အာဏာပိုင်တွေကို ပေးကျွေးထားတယ်။ ဒီနှစ် ၁၅ ရွာစုပေါင်းပြီး ၃၄ သိန်း ပေးရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဘိန်းခြံတောင်သူများမှာ လိဆောလူမျိုးထက် ပအိုဝ်းလူမျိုး များပြားကြောင်း၊ ဘိန်းများကိုလည်း တောလမ်းထက် အာဏာပိုင်များအား လာဘ်ထိုးကာ ကားလမ်းဖြင့်သာ အပို့များကြောင်း ထိုဒေသသို့ အလုပ်သွားလုပ်ဖူးသည့် နယ်စပ်မှ ဒေသခံတဦးက ပြောပြသည်။