ကျောက်တော်မြို့ ဆိပ်ကမ်း တစ်လျှောက်ရှိ နှစ်ချို့ ပင်များ ခုတ်ပစ်မည်ဆို၍ မြို့လူထု စိုးရိမ်

ကျောက်တော်မြို့ ဆိပ်ကမ်း တစ်လျှောက်ရှိ နှစ်ချို့ ပင်များ ခုတ်ပစ်မည်ဆို၍ မြို့လူထု စိုးရိမ်
by -
နိရ ဉ္ဇရာသတင်း

ကျောက်တော်ဆိပ်ကမ်းတွင် နှစ်ပေါင်း ရ၀ နှင့် ၈၀ အကြား သက်တမ်းရှိ သစ်ပင်ကြီးများကို သက်ဆိုင်ရာမှ ခုတ်လှဲပစ်မည် ဆိုသည့် သတင်းကြောင့် မြို့သူ မြို့သားများ စိုးရိမ်နေကြောင်း သတင်း ရရှိ ...

ကျောက်တော်ဆိပ်ကမ်းတွင် နှစ်ပေါင်း ရ၀ နှင့် ၈၀ အကြား သက်တမ်းရှိ သစ်ပင်ကြီးများကို သက်ဆိုင်ရာမှ ခုတ်လှဲပစ်မည် ဆိုသည့် သတင်းကြောင့် မြို့သူ မြို့သားများ စိုးရိမ်နေကြောင်း သတင်း ရရှိသည်။

ကျောက်တော်မြို့ဆိပ်ကမ်း တလျှောက်ရှိ နှစ်ချို့ သစ်ပင်ကြီးများ“ဒီသစ်ပင်ကြီးတွေက ကျောက်တော် ဆိပ်ကမ်းတလျောက်မှာ တည်ရှိလာတာ ကြာပါပြီ။ အရိပ်အာဝါသရတယ်။ လှေသမားတွေ၊ ခရီးသည်တွေ အဲဒီ သစ်ပင်ကြီး အရိပ်အောက်တွေမှာဘဲ အနားယူသူယူ၊ ထမင်းချက်သူချက် အဲသလို မှီခိုအားထားရတဲ့ သစ်ပင်ကြီးတွေပါ။ အခုတော့ ပြည်နယ် ပယက အမိ်န့်နဲ့ ခုတ်လှဲပစ်မယ်ဆိုပြီး သတင်း ဖြစ်နေတော့ မြို့လူထုက စိုးရိမ်နေကြပါတယ်” ဟု မြို့ခံ လူကြီး တစ်ဦးက ပြောသည်။

ကျောက်တော်မြို့မှာ ကုလားတန် မြစ်အထက်ပိုင်းတွင်တည်ရှိပြီး ချင်းပြည်နယ် အပါအဝင် အိန္ဒိယနှင့်ပါ ကုန်စည် ကူးသန်းရောင်းဝယ် ဖေါက်ကားရာ မြို့ဖြစ်သဖြင့် အထူးစည်ကားပြီး စီးပွားရေး အရ အရေးပါကာ စက်လှေ သဗ္ဗာန်များ မပြတ် ၀င်ထွက်သွားလာနေသော မြို့ဖြစ်သည်။

တခြား မြို့ခံ လူငယ် တစ်ဦးကလည်း “ ကျွန်တော်တို့မြို့မှာ လှေပြိုင်ပွဲတွေ လုပ်ရင် ဒီသစ်ပင်ကြီးတွေက တအားကို အရိပ်ရတဲ့ အတွက် လူတွေ အတွက် အထူး အကျိုးရှိပါတယ်။ လူတွေက နေ့လည်ပိုင်းဆိုရင် အဲဒီ အပင်အောက်တွေမှာ အရိပ်ခိုနေကြတာ ဖြစ်ပါတယ်။ ဘယ်သူမှ သစ်ပင်ကြီးတွေကို ခုတ်လှဲပစ်မှာကို မလိုလားကြပါဘူး” ဟု ပြောသည်။

အဆိုပါ နှစ်ချို့ သစ်ပင်ကြီးများမှာ ကျောက်တော် ဆိပ်ကမ်း လမ်းတလျောက်တွင် တည်ရှိပြီး အများစု သစ်ပင်ကြီးများမှာ “ စံပယ်ပင်” များဖြစ်ကြသည်။

ကျောက်တော်မြို့ဆိပ်ကမ်း တလျှောက်ရှိ နှစ်ချို့ သစ်ပင်ကြီးများအိန္ဒိယနှင့် ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်း အတွက် ကျောက်တော် ဆိပ်ကမ်းကိုလည်း ပြင်ဆင် တည်ဆောက်မည် ဖြစ်ရာ သက်ဆိုင်ရာက နှစ်ပေါင်း ရ၀ - ၈၀ သက်တမ်းရှိ သစ်ပင်ကြီးများကို ခုတ်လှဲပစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ အရှေ့မြောက် ပြည်နယ်များနှင့် ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း စီမံကိန်းကို ယခု စတင် အကောင်အထည်ဖေါ် တည်ဆောက်နေရာ လက်ရှိအခြေအနေတွင် စစ်တွေမြို့ရှိ သမိုင်းဝင် မင်းကြီးကျောက်တန်း ပျက်စီးဆုံးရှံုးသွားတော့မှာ ဖြစ်သလို တခြား သဘာဝ ပတ်ဝန်းကျင်များလည်း အထူး ပျက်စီးနေကြောင်း သိရသည်။

စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော်မှ “ ရခိုင် လူထု အကျိုးဖြစ်မှာက နောက်မှာပါ။ အခုလောလောဆယ်မှာတော့ စစ်တွေက သမိုင်းဝင် မင်းကြီးကျောက်တန်း ပျောက်ကွယ်သွားတော့မယ်။ ဒါပြင် ဆိပ်ကမ်းကို မြေဖို့နေတဲ့ အတွက် သဲတွေ၊ ကျောက်တွေကို ရတဲ့နေရာက စည်းမဲ့ကမ်းမဲ့ ယူနေတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူတွေ အကြီးအကျယ် ဖြစ်နေပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကုလားတန် မြစ်ကြောင်း စီမံကိန်းကြောင့် ကျောက်တော်မြို့ ဆိပ်ကမ်းတလျှောက်ရှိ နှစ်ချို့ပင်များ ခုတ်လှဲခံရတော့မည့် အပြင် ကျောက်တော်နှင့် ပလက်ဝ အကြား ဖေါက်လုပ်နေသော ကားလမ်း အတွက် လယ်မြေ ဧက အများအပြားလည်း သိမ်းဆည်းခံနေရကြောင်း သိရသည်။

စစ်တွေ ပွိုင့်ကမ်းခြေ အနီးမှ သဲများကိုလည်း ကားကြီးများဖြင့် စစ်တွေ ဆိပ်ကမ်းသစ်နေရာတွင် မြေဖို့ရန် ယူဆောင်နေသဖြင့် သာယာလှပသော ပွိုင်းကမ်းခြေရှိ ကျောက်ဆောင်များနှင့် ကျောက်တန်းများကိုလည်း ထိခိုက်နိုင်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။

Most read this week