ဘုန်းတော်ကြီးကျောင်း ဖြိုဖျက်ခံရ၍ ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါးခန့် ကော့စ်ဘဇားတွင် ဆန္ဒပြ

ဘုန်းတော်ကြီးကျောင်း ဖြိုဖျက်ခံရ၍ ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါးခန့် ကော့စ်ဘဇားတွင် ဆန္ဒပြ
by -
နိရ ဉ္ဇရာသတင်း

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအား ဒေသခံ ဘင်္ဂလီ မွတ်ဆလင်များက ၀င်ရောက် ဖြိုဖျက်မှုကို ကန့်ကွက်သည့်အနေဖြင့် ယနေ့နံနက်က ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါး ...

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအား ဒေသခံ ဘင်္ဂလီ မွတ်ဆလင်များက ၀င်ရောက် ဖြိုဖျက်မှုကို ကန့်ကွက်သည့်အနေဖြင့် ယနေ့နံနက်က ဗုဒ္ဓဘာသာဝင် ၃၀၀ နီးပါး ကော့ဘဇားမြို့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

stage-protest--Coxsbazarဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူ ဦးမောင်အေးချမ်းက “လူပေါင်း ၂၀၀ ကျော်၊ ၃၀၀ ထိတောင် ရှိမယ် ထင်ပါတယ်။ အများစုက ဗုဒ္ဓဘာသာဝင်တွေပါ၊ ဟိန္ဒိလူမျိုးတွေလည်း ပါ၀င်တာကို တွေ့ရပါတယ်။ အဓိကတော့ သူပြောတဲ့ အထဲမှာ လူနည်းစုတွေရဲ့ ဘာသာရေး အဆောက်အအုံတွေကို အစိုးရက ကာကွယ်စောင့်ထိန်းပေးဖို့ တာဝန်ရှိတယ်ဆိုပြီး ပြောသွားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ဦးဆောင် လူပ်ရှားသူ တစ်ဦး ဖြစ်သူ ကိုကျော်ဇောအောင်ကလည်း “ ကျွန်တော်တို့ ဒီကနေ့ ဆန္ဒပြရတာ အတိုင်းအတာထိ တစ်ခုထိ အောင်မြင်မူ ရရှိတယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ သာမက ခရစ်ယာန် ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေလည်း ကျွန်တော်တို့နဲ့ အတူ ၀င်ရောက်ပြီး ဆန္ဒပြတယ်။ ထောက်ခံ အားပေးမူတွေကိုလည်း ရရှိပါတယ်။ ပီးရင် ကျွန်တော်တို့ လိုလား တောင်းဆိုတဲ့ အချက်တွေကိုလည်း အထက် အာဏာပိုင်တွေကို စာရေးပြီး တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

stage_protest__Coxsbazar_distယခုကဲ့သို့ တောင်းဆိုသဖြင့် အထက်အာဏာပိုင်များက ဘုန်းတော်ကြီးကျောင်း တည်တံ့ရေး အတွက် ကူညီပေးနိုင်မည်ဟု ထင်ပါသလားဟု မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“အထက် အာဏာပိုင်တွေက ဘယ်လို သဘောထားမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒီကျောင်းတော်ကို ပြန်လည် ထိန်းသိမ်းရေး အတွက် ဌာနဆိုင်ရာတွေရဲ့ အကူအညီ မပါဘဲနဲ့ ပြုလုပ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ ဘာသာရေး အစွန်းရောက်တွေက အားကြီးနေတဲ့ အတွက် ဘယ်သူမှ သူတို့ကို မပြောရဲဘူး။ ပြောရင်လည်း ရိုက်တာ ပုတ်တာ ညှဉ်းပမ်း နှိပ်စက်တာတွေလည်း ရှိတဲ့ အတွက် ဖြစ်ပါတယ်။”

၎င်းပြင်သူက “ ဒီလို လုပ်နေတာကို သက်ဆိုင်ရာ အစိုးရက ကာကွယ် မပေးနိုင်ရင် အကြင် အကြင် လူနည်းစုတွေ အနေနဲ့ ဒီနိုင်ငံမှာ ရှေ့ဆက် နေနိုင်ဖို့ဆိုတာ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

ဆန္ဒပြပွဲကို ကော့ဘဇားခရိုင် DC ကော်မရှင်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြပြီး နံနက် ၁၀ နာရီခွဲမှာ စတင်ကာ ၁၂ နာရီထိ ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

Most read this week