သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းထားမြို့နယ်ခွဲသို့ သွားမည့် နအဖစစ်တပ် ငှားရမ်းသော ကုမ္ပဏီတခုမှ ဖောက်လုပ်ဆဲ ကားလမ်းမြေထိုးစက်အား အမည်မသိ လက်နက်ကိုင် လူတစုက ဝင်ရောက် ပစ်ခတ် ...
သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းထားမြို့နယ်ခွဲသို့ သွားမည့် နအဖစစ်တပ် ငှားရမ်းသော ကုမ္ပဏီတခုမှ ဖောက်လုပ်ဆဲ ကားလမ်းမြေထိုးစက်အား အမည်မသိ လက်နက်ကိုင် လူတစုက ဝင်ရောက် ပစ်ခတ် ဗုံးဖောက်ခွဲခဲ့ကြောင်း သိရသည်။
“မိုင်းပန်ကနေ အရှေ့တောင်ဘက် ပါခါး-တောင်ကွိုင်း- နမ့်တောင်းကနေ (သံလွင် မြစ်ကူး) တာ့ဆွပ်ပတ် ဆိပ်ကမ်း ဖြတ်ပြီး မိုင်းထားကိုသွားတဲ့လမ်း။ အရင်က နွေရာသီသုံးလမ်းပေါ့။ အခုအဲ့လမ်း ကိုပြန်ချဲ့နေတာ။ မိုင်းပန်ကနေ မိုင် ၂၀ အထိလမ်းရှင်းပြီး ရ မိုင်ခင်းပြီးနေပြီ ။ ” ဟု နယ်စပ် ရောက် မိုင်းပန်ဒေသခံတ ဦးကပြောသည်။
မိုင်းပန်အခြေစိုက် ခမရ ၃၃၂ က လုံခြုံရေးယူကာ ဆင်ဖြူကုမ္ပဏီ တာဝန်ယူချဲ့ပြင်နေသော အဆိုပါ လမ်းပေါ် ရှိမြေထိုးစက် ၃ စီး တောင်ကွိုင်းနှင့် နမ့်တောင်းအကြား ပြီးခဲ့သည့်လ ၁၇ ရက်က ဗုံးခွဲ ဖျက်ဆီးခံရခြင်းဖြစ်သည်။
“ဆင်ဖြူကုမ္ပဏီကမက်ခရို မြေတူးကား ၃ စီး၊ ဘူဒိုဇာမြေထိုးစက် ၆ စီးနဲ့အလုပ်လုပ်တယ်။ အဲဒီက ၃ စီး ဗုံးထိ သွားတယ်။ ဒါပေမယ့် အခုပြန်ပြင်ပြီး သုံးနေတာတွေ့ရတယ်။ လာပစ်တဲ့လူတော့ မသိလိုက်ဘူးဆိုဘဲ။ ”
နမ့်တောင်းအုပ်စု ဟွေ့ပါတက်ပ် အနီးတိုက်ခိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်ဖြူ ကုမ္ပဏီက မိုင်းပန်မှ ၁၀ မိုင်အကွာခင်းပြီး ပါက ရန်ကုန်အခြေစိုက် ဦးထွန်းမြင့်ပိုင် တစ်သုံးလုံးကုမ္ပဏီက ဆက်လက်တာ ဝန်ယူဖောက် လုပ်ချဲ့ပြင်မည်ဖြစ် ကြောင်းမိုင်းပန် ကား ဆရာတဦးကလည်း ပြောသည်။
တာ့ဆွပ်ပတ်ဆိပ်ကမ်းတွင် ကုန်နှင့်ယာဉ် တန်ချိန် ရ၀ ဖြတ်သန်းနိုင်သည့် ယာယီတံတားတစင်းလည်း တည်ဆောက် မည်ဟု သိရသည်။ မိုးနဲ ကျိုင်းတုံ ရထားလမ်းလည်း အဆိုပါလမ်းအတိုင်း ဖေါက်လုပ်သွားမည် ဟုဆိုသည်။
မိုင်းထားကျေးရွာသည် မိုင်းတုံမြို့ အနောက်တောင်ဘက်တွင်တည်ရှိပြီး ၂၀၀၁-၂၀၀၂ နအဖနှင့် ဝ တပ်ဖွဲ့ တို့စုပေါင်းပြီး သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်းဌါနချုပ်အား တိုက်ခိုက်စဉ်မှစ၍ ယနေ့အထိ ရွာပျက်ကြီး အဖြစ် ၉-၁၀ အိမ်ခန့် သာကျန် တော့သည်ဟုသိရသည်။
တောင်ပိုင်း ဝ စစ် ဒေသ ၁၇၁ နှင့် သျှမ်းပြည်တပ်မတော်တို့လှုပ်ရှားသည့်နယ်မြေလည်းဖြစ်ပြီး ၂၀၁၀ နှစ်ကုန်ပိုင်းက ကျေးရွာအဆင့်မှ မြို့နယ်ခွဲအဆင့်တိုးမြင့်ခဲ့သည်။