ချင်းပြည် နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်၊ တီးတိန် မြို့နယ် နှင့် တွန်းဇံမြို့နယ်ရှိ အဖိုးတန်သစ်မာများကို သစ်တော ၀န်ထမ်းများနှင့် သစ်မှောင်ခိုများက ခုတ်လှဲ ရောင်းချနေသည်ဟု သိရ သည်။ ...
ချင်းပြည် နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်၊ တီးတိန် မြို့နယ် နှင့် တွန်းဇံမြို့နယ်ရှိ အဖိုးတန်သစ်မာများကို သစ်တော ၀န်ထမ်းများနှင့် သစ်မှောင်ခိုများက ခုတ်လှဲ ရောင်းချနေသည်ဟု သိရ သည်။
နှစ်စဉ် ချင်းပြည်နယ်မှ သစ်မာ တန်ချိန် တသိန်းခန့်ကို သစ်တောဝန်ထမ်းများနှင့် စစ်တပ် တွေက ခုတ်ရောင်းလေ့ရှိ ကြောင်း သစ်မှောင်ခို တဦးထံမှ ပြောကြကြောင်း သိရသည်။
“စစ်တပ်တွေက လွှစင်ထောင်ပြီး လွှသမားတွေကို နေ့စားနဲ့ ခိုင်းတယ်၊ အဲဒီသစ်တွေကို သစ်တောဝန်ထမ်းတွေက အိမ် ဆောက် လိုသူများနှင့်ပရိဘောဂ လုပ်သူတွေထံ ရောင်းတယ်” ဟု စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဟိုင်ခေါလ် ရွာသားက ပြောသည်။
အလားတူ တွန်းဇံမြို့နယ် အတွင်း သစ်မာများကိုမူ သစ်မှောင်ခိုများက ခုတ်လှဲပြီး တဖက် အိန္ဒိယ နိုင်ငံ မဏိပူရ်ပြည်နယ် တွင်းသို့ ခိုးထုတ်ရောင်းချနေကြသည်ဟု သိရသည်။
”ကျတော်တို့ ဒေသက သစ်မာတွေ ကုန်လုနီးနီးပါပဲ၊ အရေးယူဖို့ဆိုလည်း နယ်စပ် ဒေသဆိုတော့ တဖက်လက်နက်ကိုင် အဖွဲ့ အစည်းတွေကို ကြောက်ကြတယ်၊ မလှုပ်ရဲကြ ဘူးလေ၊ သစ်တွေကို တဖက်နိုင်ငံအထိ ဆင်နဲ့ ဆွဲသွားကြတယ် ” ဟု တွန်းဇံမြို့နယ် ဒေသခံ တဦးက ပြောသည်။
ဖလမ်းမြို့နယ်၊ ကွန်ဒေါင်း၊ ဒါရ်ဘို၊ မွန်ဆုမ်း၊ တီဒီလ်း၊ တလောန်ဇာရ်၊ ခုပ်လဲန်၊ ဇတွာလ်၊ မူရမ်း ရွာပတ်ဝန်းကျင်မှ ကျွန်း သစ်များကိုမူ မဏိပူရ် မြစ်ကြောင်းအတိုင်း ကလေး – ဂန့်ဂေါ ကားလမ်းအထိ မျောချပြီး ကလေးမြို့တွင် ရောင်းချကြသည် ဟု သိရသည်။
”သစ်လုံးတကုဗကို ကျပ်ငွေ လေးထောင်၊ ပျဉ် တကုဗကို ကျပ်ငွေ ငါးထောင်နဲ့ ရောင်းကြတယ်” ဟု ကွန်ဒေါင်းရွာသား ဦး ဟရမ်လျန်ကပ်က ပြောသည်။
၂၀၀၈ ခုနှစ် အတွင်း ဖလမ်းမြို့နယ်မှ သစ်တောအရာရှိ ဦးပါကီးယိုးသည် ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်အကြားတွင် အမှု မပေါ် အသတ်ခံခဲ့ရဘူးသည်။