မွန်ခေါင်းဆောင်များ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲ တက်ရောက်

မွန်ခေါင်းဆောင်များ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲ တက်ရောက်
by -
မင်းချမ်း

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ထွန်းသိန်းနှင့် နိုင်ငွေသိမ်းတို့သည် ရန်ကုန်မြို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ...

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ထွန်းသိန်းနှင့် နိုင်ငွေသိမ်းတို့သည် ရန်ကုန်မြို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနေ့ ညစာစားပွဲသို့ မွန်ခေါင်းဆောင်နှစ်ဦး တက်ရောက်စဉ် (ထိုင်နေသည့်ပုဂ္ဂိုလ် ၅ ဦး-ဝဲမှယာသို့- နိုင်ထွန်းသိန်း၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငွေသိမ်း၊ ဦးဝင်းတင်)

အဆိုပါ ညစာစားပွဲတွင် တက်ရောက်လာကြသောတိုင်းရင်းသားများကိုယ်စား မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဒုဥက္ကဌ နိုင်ငွေသိမ်းက ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ကြောင်း NLD ဝဘ်ဆိုက်စာမျက်နှာ၌ သတင်းဖေါ်ပြသည်။

ထို့နောက် အခမ်းအနားတွင် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 အခမ်းအနားတစ်ခုတွင် နိုင်ထွန်းသိန်းအား ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေပုံCRPP အဖွဲ့ဝင်များဖြစ်ကြသော ဦးကျင်ရှင်ထန်း၊ ဦးအေးသာအောင်နှင့် ဦးထောင်ကိုထန်း တို့အပြင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ဦးသာဘန်း၊ ကရင်ဒီမိုကရေစီအဖွဲ့မှ စောဟယ်ရီ၊ ကယန်းဒီမိုကရေစီအဖွဲ့မှ ဦးအာပီသောင်း၊ ၉၀ ရွေးကောက်ပွဲလွှတ်တော်ကိုယ်စားလှယ်များ၊ စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ ၈၈ ကျောင်းသားများနှင့် နိုင်ငံခြား သံတမန်များ တက်ရောက်ခဲ့သည်ဟု သိရသည်။

အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ညနေလေးနာရီခွဲတွင် စတင်ကျင်းပြီး ညနေ ခြောက်နာရီတွင် ပြီးဆုံးကြောင်း သတင်း ရရှိပါသည်။

နိုင်ထွန်းသိန်း အသက်(၉၄) နှစ်နှင့် နိုင်ငွေသိမ်း အသက်(၈၇)နှစ်တို့သည် မွန်နိုင်ငံရေး လောကတွင် ဝါအရင့်ဆုံး ပုဂ္ဂိုလ်များလည်း ဖြစ်ကြသည်။

လက်ရှိမွန်နိုင်ငံရေးလောက၌ ၂၀၁၀ ရွေးကောက်ပွဲလက်မခံသော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ၂၀၁၀ ရွေးကောက်ပွဲဝင်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် လက်နက်ကိုင်မွန်ပြည်သစ်ပါတီဟူ၍ ပါတီကြီး ၃ ပါတီထင်ရှားစွာ တည်ရှိနေသည်။

Most read this week