အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ Central Anti Drug Squad (CADS) နှင့် Champhai Sub-Hqrs YMA အဖွဲ့က မြန်မာပြည်သား တစ်ဦးထံမှ ရူပီး ရ သိန်းကျော် ...
အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ Central Anti Drug Squad (CADS) နှင့် Champhai Sub-Hqrs YMA အဖွဲ့က မြန်မာပြည်သား တစ်ဦးထံမှ ရူပီး ရ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။ သို့သော် ဘိန်းဖြူပိုင်ရှင်မှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု သိရသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Khawzim ကျေးရွာနေ Khawneihlala ၏ သား အသက်(၄၀) အရွယ်ရှိ Rodinliana ထံမှ ဘိန်းဖြူ ၆ ဟောင် နှင့် Cane(ပီနီစီလင်ပုလင်း) ၈ ခု (ရှုပီးရ သိန်း ၄ သောင်း) တန်ဖိုးရှိတဲ့ ဘိန်းဖြူကို မီဇိုရမ်ပြည်နယ် နယ်စပ် Champhai မြို့ Hotel Holiday Home တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃ ရက်နေ့ဖမ်းဆီးရမိခြင်းဖြစ်သည်။
အဆိုပါဘိန်းဖြူကို ကျန်ဖိုင်းမြို့၌ အရောင်းအဝယ် လုပ်နေချိန်တွင် CADS က သွားရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု ဒေသထုတ် သတင်းစာတွင် ဖော်ပြထားသည်။
“သတင်းကြားကြားချင်း အဖွဲ့ ရ ယောက်ဟာ Champhai ကို သွားပြီး၊ Hotel Holiday Home မှာ ဘိန်းဖြူ ရောင်းနေချိန်မှာ ပစ္စည်းနဲ့ လက်ပူးလက်ကြပ် မိသွားတယ် ”ဟု သတင်းစာတွင်ဖော်ပြထားသည်။
ထို့နောက် ၄င်းတို့ကို အိုက်ဇောလ်မြို့သို့ ပို့ဆောင်ရန် စီစဉ်နေသည့် အချိန်တွင် ဘိန်းဖြူပိုင်ရှင် Rodinliana ထွက်ပြေးလွတ်မြောက်သွား ခဲ့ပြီး ယခုထိ မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။
ချင်းပြည်နယ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားတချိူ့တို့သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားခြင်းကြောင့် မကြာခဏ အဖမ်းခံလျက် ရှိကြသည်။ ထို့အပြင် အမျိူးသမီးငယ်များအား မုဒိမ်းကျင့်သတ်ဖြတ် သည့်ကိစ္စ တွေမှာလည်း ပါ၀င်ပတ်သက်နေလျက် ရှိသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က မီဇိုရမ်ပြည်နယ်အုပ်ချူပ်ရေးမှူး MM Lakhera က မီဇိုရမ်မှာရှိနေကြ သည့် မြန်မာနိုင်ငံ သားများသည် မကောင်းမှုဒုစရိုက်တို့မှာ ၀ါ၀င်ပတ်သက်နေသည့်အတွက်ကြောင့် သူ့အနေနဲ့ စိတ်ကသိကအောင့်ဖြစ်မိကြောင်း နှင့် သန်းခေါင်စာရင်းများလည်း ကောက်ခံရန် လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
မီဇိုရမ်ပြည်နယ်အုပ်ချူပ်ရေးမှူး၏ပြောဆိုချက်နဲ့ပတ်သက်ပြီးအကောင်အထည်ဖော်ဆောင်နိုင်ရန်ဆိုပြီး ပြီးခဲ့သည့်ဇန်နဝါရီ ၂၇ ရက်နေ့တုန်းက မီဇိုရမ်ပြည်နယ်ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြစ်ကြသော MUP, YMA, MHIP, MZP နှင့် MSU ခေါင်းဆောင်တို့ကထပ်မံဆွေးနွေးခဲ့ကြသည်။