အရည်အချင်းရှိတဲ့ ၀န်ထမ်း ရရှိရေးအတွက် ဘွဲ့ရများသာ အလုပ်ခန့်တော့မယ်

အရည်အချင်းရှိတဲ့ ၀န်ထမ်း ရရှိရေးအတွက် ဘွဲ့ရများသာ အလုပ်ခန့်တော့မယ်
by -
ခိုနူမ်းထုန် သတင်းဌာန

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ၂၀၁၁ ခုနှစ်မှ စပြီး ဘွဲ့ရသူများကိုသာ အစိုးရဝန်ထမ်းခန့် အပ်ရန် ဒီနှစ်ဇန္နဝါရီလ ကတည်းက ပြည်နယ် နှင့် တိုင်းအသီးသီးထံ ညွန်ကြားလိုက်ကြောင်း သိရသည်။ ...

စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ၂၀၁၁ ခုနှစ်မှ စပြီး ဘွဲ့ရသူများကိုသာ အစိုးရဝန်ထမ်းခန့် အပ်ရန် ဒီနှစ်ဇန္နဝါရီလ ကတည်းက ပြည်နယ် နှင့် တိုင်းအသီးသီးထံ ညွန်ကြားလိုက်ကြောင်း သိရသည်။

အနိမ့်ဆုံး အစိုးရဝန်ထမ်းအဆင့်မှစပြီး ဘွဲ့ရများကိုသာ လျှောက်ခွင့်ပြုခြင်းသည် အရည် အချင်းရှိသူသာ အစိုးရ ၀န်ထမ်း တွင် အမှုထမ်းစေရန် ရည်ရွယ်သဖြင့် ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်ဟု ကျောင်းဆရာ တဦးက ဆိုသည်။

” မူလတန်းအဆင့်က စပြီး အင်္ဂလိပ်စာသင်ရတော့ယင် ကျောင်းဆရာတွေဟာ ၁၀ တန်း အောင်အဆင့်နဲ့တော့ မရ တော့ ဘူး၊ အနည်းဆုံး ဘွဲ့ရမှ ဖြစ်တာ” ဟု ချင်းပြည်နယ် တီးတိန် မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာကြီးတဦးက ပြော သည်။

ချင်းပြည်နယ်အတွင်း အစိုးရ ၀န်ထမ်းအများစု သည် အနိမ့်ဆုံးအစိုးရ ၀န်ထမ်းအလုပ်လုပ် ယင်း အဝေးသင်ဖြင့် ဘွဲ့ရ သူ များဖြစ်ကြ ကြောင်း အရည်အချင်းရှိသည့် ၀န်ထမ်းဆိုသည်မှာ ကိုယ့်ကြိုးစားမှုပေါ်မှာပဲ မူတည်ကြောင်း အစိုးရ ၀န်ထမ်း အသိုင်းအဝိုင်းအတွင်းပြောဆိုမှု များ ရှိသည်။

” အဝေးသင်ဘွဲ့ က အရည်အချင်းအတွက်မဟုတ်ဘူး၊ ရာထူးရရှိရေးအတွက်လောက်ပါ” ဟု အဝေးသင်ဖြင့် ဘွဲ့ရသူ ဟားခါးမြို့နယ်၊ မြေတိုင်းစာရေးတဦးက ပြောသည်။

စစ်အစိုးရ အုပ်ချုပ်ရေးအောက်တွင် ချင်းလူငယ်များသည် ၁၀ စာမေးပွဲအောင်နိုင်ရန်အတွက် ငွေဖြင့် ၀ယ်ယူနေကြ ကြောင်း၊ အဝေးသင်တက္ကသိုလ်တက်နေသူများသည်လည်း တက္ကသိုလ် ကျောင်းဆရာများထံ မေးခွန်းများကို ၀ယ်ယူ နေကြကြောင်းလည်း ထပ်မံသိရသည်။

” ကျတော်တို့ကျောင်းဆရာတွေကတောင် သင်ရိုးညွန်းတမ်းကို နားမလည်ဘူး၊ ပညာရေးပုံစံ က အမျိုးမျိုးပြောင်းလဲနေ တော့ ကျောင်းသားတွေအတွက်က ပိုဆိုးပြီပေါ့” ဟု ဟားခါးမြို့ ပေါ် က အထက်တန်းကျောင်းဆရာ တဦးက ပြောသည်။

ချင်းပြည်နယ်တွင် ပညာရေးဝန်ထမ်းမလုံလောက်ခြင်းကြောင့် ဒေသခံများ၏ သားသမီးများ ပညာရေးအတွက် ကိုယ်ထူ ကိုယ်ထကျောင်းများဖွင့်လှစ်နေကြကာ ယခုဆို ချင်းပြည်နယ်တွင် ကျေးရွာတိုင်းလိုလို ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်သည့် ကျောင်းတည်ဆောက်နေပြီဖြစ်သည်။

Most read this week