ကရင်နီပြည်နယ်သို့ ဂီတ အစည်းအရုံးမှ ရှိုးပွဲ လာလုပ်မည်

ကရင်နီပြည်နယ်သို့ ဂီတ အစည်းအရုံးမှ ရှိုးပွဲ လာလုပ်မည်
by -
ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ နာမည်ကြီး အဆိုတော် အဖွဲ့များသည် လာမည့်လ ၃ ရက်နေ့တွင် ကရင်နီပြည်နယ်သို့ ရှိုးပွဲများ လာရောက်ဖျော်ဖြေရန် အစီအစဉ် ရှိကြောင်း သိရသည်။ ...

မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ နာမည်ကြီး အဆိုတော် အဖွဲ့များသည် လာမည့်လ ၃ ရက်နေ့တွင် ကရင်နီပြည်နယ်သို့ ရှိုးပွဲများ လာရောက်ဖျော်ဖြေရန် အစီအစဉ် ရှိကြောင်း သိရသည်။

"အဆိုတော် ရှိုးပွဲ အကြီးအကျယ် ရှိတယ်။ ဒီမှာတော့ အကြီးအကျယ်ပဲ စီစဉ်ထားတယ်၊ အဆိုတော်တွေ အားလုံးနီးပါး လာကြမယ်တဲ့။ အိုင်စီတွေလဲ ပါမယ်။ အာဇာနည်၊ မျိုးကြီး၊ ဇော်ပိုင်တို့" ဟု လွိုင်ကော်မြို့မှ ဒေသခံတဦးက ပြောသည်။

ယခုလို ကရင်နီပြည်နယ်သို့ နာမည်ကြီး အဆိုတော်များ အထူးလာရောက်ဖျော်ဖြေရသည့် အစီအစဉ်သည် နိုင်ငံတော် အစိုးရ၏ အစီအစဉ် ဖြစ်သည်ဟု လွိုင်ကော်မြို့မှ အာဏာပိုင် ၀န်ထမ်းများနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက ''အသစ် တက်လာတဲ့ အစိုးရက လုပ်တယ်လို့ ကြားတယ်။ ကြံ့ခိုင်ရေးက လုပ်တယ်။ အစိုးရ လာခိုင်းတယ်" ဟု ပြောသည်။

ရှိုးပွဲကို လွိုင်ကော်မြို့ ကန္တာရဝတီ အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ၀င်ရောက်ကြည့်ရှုရန် တဦးလျှင် ၀င်ကြေး ၃ ထောင်ကျပ် ဖြစ်သည်ဟု ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက ပြောသည်။

''၀င်ကြေးက သုံးထောင်ပဲလေးနော်၊ စင်တွေလည်း ဆောက်ထားတယ်။ သွားကြည့်ဖို့ အားခဲထားတယ်" ဟု သူက ပြောပါသည်။

ပြီးခဲ့သည့် ၁၂ မှ ၁၈ ရက်နေ့အထိ ကရင်နီပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပခဲ့သော ကယားဒေးပွဲ ခေါ် ကယားပြည်နယ်နေ့ပွဲတွင် ရန်ကုန်မှ ကရင်နီတီးဝိုင်းအဖွဲ့နှင့်အတူ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ရဲလေး တို့အဖွဲ့ လာရောက်ဖျော်ဖြေခဲ့သည်။ ပြီးခဲ့သည့်နှစ် ကယားဒေးပွဲတွင်လည်း နာမည်ကြီး အိုင်စီအဖွဲ့နှင့် အဆိုတော် လေးဖြူတို့အဖွဲ့ လာရောက်ဖျော်ဖြေခဲ့သည်။

Most read this week