လွှတ်တော်အသစ်အတွင်း ပြန်လည်တွေ့ဆုံဖို့ ညှိနှိုင်းပြီး ကျေကျေနပ်နပ်နှင့် စခန်းသွားရန် မွန်ပါတီ ဥက္ကဌမှပြော

လွှတ်တော်အသစ်အတွင်း ပြန်လည်တွေ့ဆုံဖို့ ညှိနှိုင်းပြီး ကျေကျေနပ်နပ်နှင့် စခန်းသွားရန် မွန်ပါတီ ဥက္ကဌမှပြော
by -
ဆူးပန်း

လာမည့် ဇန္နာဝါရီလကုန်လောက်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် လွှတ်တော်သစ် အစည်း အဝေးကို တက်ရောက်မည်ဖြစ်ပြီး လတ်တလော အနေအထားအရ အချင်းချင်း ညှိနှိုင်းပြီး ...

လာမည့် ဇန္နာဝါရီလကုန်လောက်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် လွှတ်တော်သစ် အစည်း အဝေးကို တက်ရောက်မည်ဖြစ်ပြီး လတ်တလော အနေအထားအရ အချင်းချင်း ညှိနှိုင်းပြီး ကျော်ဖြတ်သွားရန် လိုသည် ဟု ပါတီဥက္ကဌ နိုင်ငွေသိန်းမှ ပြောပါသည်။

AMDP - ဥက္ကဌနိုင်ငွေသိန်းလွှတ်တော်(၃)ရပ်ထဲတွင် စစ်တပ်မှ ကြောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၊ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်(၂၅)ရာခိုင်နှုန်း နေရာ ရယူထားသည့်အတွက် လွှတ်တော်ထဲတွင် အင်အားအများဆုံး ဖြစ်နေသောကြောင့် အပြောင်းအလဲလုပ်ရန် ခက်ခဲမည်ဟု ပြောဆိုမှုများ ရှိနေပါသည်။ သို့သော် လည်း တိုင်းရင်းသားများအနေနှင့် လက်ရှိနိုင်ငံရေး တစ်ကွေ့ကို မဖြစ်မနေကျော်ဖြတ်ရန် လိုသေးသည်ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ဥက္ကဌ နိုင်ငွေသိန်းက ယခုလိုပြောပါသည်။

“ကျွန်တော်နို့တိုင်းရင်းသားအနေနဲ့ကတော့ ပြည်ထောင်စုပေါ့ဗျာ။  အခုစစ်အစိုးရစစ်အုပ်ချုပ်ရေး ကနေပြီး တော့ ဒီမိုကရေစီကိုပြောင်းလဲတဲ့နေရာမှာ ဒါကကျွန်တော်တို့ခံယူတာက တော်တော်လေးအရေးကြီးတယ်လို့ထင်ပါ တယ်။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒီတိုင်းရင်းသားတွေနဲ့ အထူးသဖြင့်စစ်တပ်နဲ့ပေါ့ဗျာ။ ဆက်စပ်မှုက တော်တော် လေး လေးတယ်ဆိုတဲ့အနေအထားမျိုးရှိတယ်။ အမြဲတမ်းတိုင်းရင်းသားတိုးလို့မပေါက်တဲ့အနေအထားရှိတယ်။ ပြဌါန်းတဲ့ (၂၀၀၈)ဥပဒေနဲ့ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ တိုင်းရင်းသားအတွက်ကတော့ ဒါတွေက တွေးမယ်ဆိုလို့ရှိရင်တော့ ပြန်လည်တွေ့ဆုံဖို့ညှိနှိုင်းဖို့ ကျေကျေနပ်နပ်နဲ့စခန်းသွားဖို့။ မဟုတ်ဘူးဆိုလို့ရှိရင် တိုင်းရင်းသား ဟိုးချောင်မှာပိတ်ပြီးတော့ ဒီလိုဘဲနေနေမယ်ဆိုလို့ရှိရင်တော့ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့သံသယတွေ ကတော့ ပြေပျောက်သွားမှာမဟုတ်ဘူး။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် မွန်ဒေသအတွင်းမှာရှိသည့် လိုအပ်ချက်များနှင့် မွန်ပြည်သူများ တင်ပြသည့် အချက်အလက်များအပေါ်မှာအခြေခံပြီး လွှတ်တော်သစ်တွင် တင်ပြသွားမည်ဟု ပါတီခေါင်းဆောင် တစ်ဦးမှပြောပါသည်။  လာမည့်(၂ရ)နေ့တွင် ပျဉ်းမနားနေပြည်တော်တွင် ကျင်းပမည့်လွှတ်တော်သစ်တွင် မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်(၇)ယောက် ပြည်နယ်လွှတ်တော်တွင်(၇)ယောက် ကရင်ပြည်နယ် လွှတ်တော်မှ(၂)ယောက် အပေါင်း(၁၆)ယောက်တက်ရောက်မည်ဟုဆိုသည်။ လက်ရှိပြည်နယ်အတွင်း လိုအပ်ချက် များဖြစ်သော ပညာရေးကျန်းမာရေး စာပေယဉ်ကျေးမှုဆိုင်ရာကိစ္စများကို တင်ပြသွားမည်ဟု နိုင်ငွေသိန်းမှ ပြောပါသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် မွန်ဒေသတစ်ခုလုံးကိုကိုယ်စားပြုသည့် တစ်ခုတည်း သောပါတီဖြစ်သည့်အတွက် လွှတ်တော်အတွင်းမှာ စာပေယဉ်ကျေးမှုအတွက် အခြေခံဥပဒေထဲတွင် ထဲ့သွင်း ပေးနိုင်ရန်လိုလားသည်ဟု သံဖြူဇရပ်မြို့နေ မွန်စာပေနဲ့ယဉ်ကျေးမှုခေါင်းဆောင်တစ်ဦးမှ ယခုလိုပြောပါ သည်။

“လာမဲ့လွှတ်တော်အစည်းအဝေးမှာလေ မွန်ဒေသလုံးဆိုင်ရာ မွန်ပါတီအနေနဲ့ ဒီမွန်ပြည်နယ်အတွင်း မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေမှာပေါ့လေ။ မွန်စာပေကို ဘာသာရပ်တွေမှာ ကျောင်းရဲ့သင်္ခန်းစာထဲမှာ မရှိမဖြစ် ဘာသာရပ်အနေအထားမျိုးနဲ့ အစိုးရကဥပဒေပြဌာန်းပြီးတော့ ညွှန်ကြားစေလိုပါတယ်။ နောက်တစ်ခု ကတော့ မွန်ဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေအတွက်ပါ မွန်တိုင်းရင်းသားတွေအတွက်ပါ စာပေနဲ့ ယဉ်ကျေးမှုကို တိုးတက်မြင့်တင်ရအောင် အားပေးယုံနဲ့မကဘဲနဲ့ကို အခြေခံဥပဒေထဲမှာလဲ ဥပဒေတစ်ခု အနေအထားမျိုးနဲ့ အဲတာ လဲ ထည့်သွားစေချင်ပါတယ်။ မွန်ဒေသလုံးဆိုင်ရာပါတီကို ပေးပြီးတော့ ဆွေးနွေးစေ ချင်ပါတယ်။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအပါအဝင် တိုင်းရင်းသားပါတီခြောက်ဖွဲ့သည် ဇန္ဖာဝါရီလလယ် လောက်တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးခဲ့ပြီး တောင်းဆိုချက်(၅)ချက်ကိုတင်ပြခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌနိုင်ငွေသိန်းမှပြောပါသည်။ အဆိုပါတာင်းဆိုချက်များမှာ  မြန်မာနိုင်ငံမှာစီးပွါးရေးပိတ်ဆို့မှု တွေရုပ်သိမ်းစေရန်။ ဒုတိယသမ္မတတစ်နေရာကိုတိုင်းရင်းသားတွေထဲမှ ခန့်အပ်ရန်။  လွှတ်တော်အသီးသီးတွင် ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌနေရာကို တိုင်းရင်းသားများကိုခန့်အပ်ရန်။ ထောင်ထဲတွင်ရှိသည့်နိုင်ငံရေးအကျဉ်းသား များကိုလွှတ်ပေးရန်။ ထောင်အတွင်းထိန်းသိမ်းထားရသည့် နိုင်ငံရေးအကျဉ်းသားများကို အခွင့်အရေး အပြည့်အဝ ပေးရန် တောင်းဆိုထားသည်ဟု နိုင်ငွေသိန်းကပြောပါသည်။

အဆိုပါတင်ပြထားသည့် အချက်(၅)ချက်ထဲတွင် ဒုတိယသမ္မတတစ်နေရာကို တိုင်းရင်းသားတွေထဲမှ ခန့်ထားရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှထောက်ခံခဲ့ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ မူအရထောက်ခံထားပါသည်။

Most read this week