ရခိုင်ပြည်နယ် လွှတ်တော် ပြည်နယ်ခန်းမတွင် ပြုလုပ်မည်

ရခိုင်ပြည်နယ် လွှတ်တော် ပြည်နယ်ခန်းမတွင် ပြုလုပ်မည်
by -
နိရဥ္ဇရာ သတင်းဌာန

ရခိုင်ပြည်နယ်၏ ပြည်နယ် လွှတ်တော်ကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ခန်းမတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ...

ရခိုင်ပြည်နယ်၏ ပြည်နယ် လွှတ်တော်ကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ခန်းမတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မြို့တော်ခန်းမအမည်မဖေါ်လိုသူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက “ ရခိုင်ပြည်နယ် လွှတ်တော်ကို စစ်တွေက ရခိုင်ပြည်နယ် မြို့တော်ခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကို ဇန္နဝါရီလ ၃၁ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်တွင် စတင် ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွှတ်တော် ကျင်းပမည့် နေရာနှင့် နေ့ရက် အချိန်ကို သက်ဆိုင်ရာ ပါတီရုံးများသို့ အကြောင်းကြားထားကြောင်းနှင့် တချို့ လွှတ်တော် အမတ်များမှာ လွှတ်တော်တက်ရန် စစ်တွေသို့ လာရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ ရုံးတာဝန်ရှိသူ တစ်ဦးက “ ဇန္နဝါရီလ ၁၇ ရက်နေ့ မနက်ဖြန်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ရခိုင်ပြည်နယ် လွှတ်တော် ကို်ယ်စားလှယ်တွေ အကုန်လုံးရောက်ရှိမှာ ဖြစ်ပါတယ်။ သူတို့ ရောက်ရှိလာပီးတဲ နောက်ပိုင်းမှာ လွှတ်တော် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေကို ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ် လွှတ်တော် အမတ်များ၊ ကြ့ံခိုင်ရေး လွှတ်တော် အမတ်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးရး ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။

ရခိုင်ပြည်နယ် လွတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှာ စစ်တပ် လွှတ်တော် အမတ်များနှင့် ပေါင်းလျှင် အင်အား အကောင်းဆုံး ဖြစ်နိုင်သဖြင့် ရခိုင်ပြည်နယ် လွှတ်တော်ကို လွှမ်းမိုးထားနိုင်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှာ အတိုက်အခံ အဖြစ် ရပ်တည်သွာရမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို ရခိုင်ပြည်နယ် မြို့တော်ခန်းမတွင် ယာယီ ပြုလုပ်သွားမလား၊ သီသန့် ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦး ဆောက်မလား ဆိုသည်ကို သဲကွဲစွာ မသိရှိ ရသေးကြောင်း ရတပ ရုံးတာဝန်ခံ တစ်ဦးက ပြောသည်။

Most read this week