ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ပတ်စပို့ယူပြီး ဘန်ကောက်ကို ပြန်တက်လာသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအများစုသည် ထိုင်းနိုင်ငံ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် ...
ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ပတ်စပို့ယူပြီး ဘန်ကောက်ကို ပြန်တက်လာသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအများစုသည် ထိုင်းနိုင်ငံ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန်အတွက် အလုပ်သမားများ အခက်ခဲ ကြံုတွေ့နေရပြီး ထိုင်းရဲများ၏ ဖမ်းဆီးစစ်ဆေးမှုကို ခံနေကြရသည်ဟု အဖမ်းခံရသည့် အလုပ်သမား အချို့မှ ပြောပါသည်။
ထ်ိုင်းဘာသာစကားကို ကောင်းကောင်း မကျွမ်းကျင်သည့် အလုပ်သမား အသစ်များသည် လူကုန်ကူး ပွဲစား များ၏ လိမ်လည်လှည့်စားမှုများကိုလည်း ခံနေကြရပြီး တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ရထားသော်လည်း တချို့ သော ထိုင်းရဲတွေ စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများ ခံနေရဆဲဟု ဘန်ကောက်မြို့တော် အဝင်ဂိတ်တွင် အဖမ်းခံ ရသည့် နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးမှ ယခုလို ပြောပါသည်။
“ကုန်ကျစရိတ်တွေ ပွဲစားကိုပေးပြီမှ ပွဲစားကပြောတယ် တံဆိပ်မရိုက်လည်း သွားလို့ရတယ်ဆိုပြီတော့ ကျမတို့ ဘက်ကောက်ကို တက်လာတော့ပေါ့ ၊ ဘန်ကောက် ရဲဂိတ်ကိုလည်း ရောက်ရော ကျမအုပ်စု လူသုံးယောက်နဲ့ တခြားက ခုနှစ်ယောက်ကို ရဲက ဖမ်းဆီးလိုက်တယ်။ ပတ်စပို့မှာ ထိုင်းတံဆိပ် မရိုက်နိုပ်ထားတဲ့အတွက်ပါ၊ နေ့တိုင်း လိုလို ပတ်စပို့ရှိတဲ့သူတွေ အဖမ်းခံနေရတယ်၊ ကျမတို့ အဖမ်းခံရတဲ့အချိန်မှာ အချုပ်ခန်းမှာ လူအယောက် (၂ဝ)လောက်ရှိတယ်၊”
ယခုလို အဖမ်းခံရသည့်လူများကို ထိုင်းရဲများမှ ထိုင်းစကားကျွမ်းကျင်ပြီး ငွေပေးနိုင်သည့်သူများကိုသာ လွှတ်ပေးပြီး မပေးနိုင်သည့်သူများကို အချုပ်ခန်းမှာထားကာ မြဝတီကို ပို့သည်ဟုလည်း အဆိုပါ အမျိုးသမီးမှ ယခုလို ပြောပါသည်။
“ပတ်စပို့လုပ်တဲ့စရိတ်ကလည်းမနည်းဘူး ။ ပတ်စပို့လုပ်ပို့က (၄၅ဝဝ)ဘတ် အလုပ်လုပ်ခွင့်လက်မှတ်ရဘို့ ကို တနှစ်မှာ (၂၈ဝဝ)ဘတ်။ ထိုင်းအစိုးရကို (၂၄ဝဝ)ဘတ်။ ကိုယ့်ကို တာဝန်ယူ ပေးတဲ့လူကို တစ်လကို(၂၆၆) ဘတ ်လတိုင်းပေးရမှာ ဖြစ်တယ်။ တံဆိပ်ပြန်နိုပ်ရင်တော့ နိုပ်ခ (၁၁ဝဝ) ဘတ်် ပေးရဦးမယ်၊ လမ်းစရိတ် စားစရိတ်နဲ့(၂)သောင်းနီးပါကုန်တယ်။ အဲဒါကြောင့် ပတ်စပို့လုပ်ပြီလည်း သွားလာရအဆင်ပြေတယ်ဆိုပေမယ့် လခနည်းနည်းနဲ့အလုပ်လုပ်ရရင်တော့ ဘယ်လိုမှအဆင်မပြေဘူး။”
နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများစွာသည် မိသားစုအတွက်ဝင်ငွေရှာရန်နှင့် မိသားစုများထံသို့ ငွေတချို့ပြန်ပို့နိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည့် အတွက် ယခုလို အလုပ်သမားလက်မှတ်လုပ်ဆောင်ရန်အတွက် ငွေကြေးပေးဆောင်နေရသည့်အပေါ် အခက်အခဲဖြစ် နေသည်ဟု ထိုင်းနိုင်ငံစူရပ်ဌာနေရှိ ရာဘာခြစ်အလုပ်သမားတစ်ချို့မှပြောပါသည်။
သို့သော် အကယ်၍ နိုင်ငံကူးလက်မှတ်မလုပ်လျှင် အချို့မှာအလုပ်ရှင်ကောင်းနှင့်တွေ့လျှင်မထောင်းသာ သော်လည်းအချို့မှာ၄င်းတို၏့လုပ်အားခများတရားသဖြင့်မရရှိဘဲထိန်းချုပ်ထားခြင်း ပြင်ပသို့ထွက်ခွာခွင့်မရခြင်း စသည်တို့ ထိန်းချုပ်ထားခြင်းကိုလည်းခံနေကြရသည်ဟု အလုပ်သမားများမှဆိုပါသည်။
အလုပ်သမားများအဓိကလိုအပ်ချက်ဖြစ်သည့် လုံခြံုရေး နေထိုင်ရေး လုပ်အားခတရားသဖြင့် ရရှိနိုင်ရန် အတွက်် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရသဘောတူညီထားသည့် တရားဝင်အလုပ်လုပ်နေထိုင်ခွင့် ပတ်စပို့ စာအုပ် (နိုင်ငံကူးလက်မှတ်)ကို ငွေကုန်ကျခံပြီး ပွဲစားများနှင့်နည်းအမျိုးမျိုး အဆက်သွယ်အမျိုးမျိုးနှင့် သွား ရောက်လုပ် ကိုင်ကြရပြီး လုပ်အားခနှင့်မထိုက်တန်သောငွေကြေးပေးဆောင်နေရခြင်းအတွက် အခက်ခဲများ နှင့်ကြံုတွေ့နေ သည်ဟု နိုင်ငံကူးလက်မှတ်လုပ်ဆောင်သူ အလုပ်သမားတချို့မှပြောပါသည်။
(၂ဝဝ၃) ခုနှစ်ဝန်းကျင်မှစပြီ ထိုင်းအစိုးရနှင် မြန်မာအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရတရားဝင် အလုပ်လုပ်ကိုင်ခွင့်အတွက် ယာယီနိုင်ငံကူးလက်မှတ်ကို စတင်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် မြဝတီ ကော့သောင်း တာချီလိတ် အစရှိသည် ့နယ်စပ်မြို့နယ်များတွင် လုပ်ဆောင်ပေးနေသည်ဟု အလုပ်သမားများမှပြောပါသည်။