ဇန္နာဝါရီလ (၄) ရက်နေ့ကို ရာမည အလုပ်သမားသမဂ္ဂနေ့ သတ်မှတ်ပြီး

ဇန္နာဝါရီလ (၄) ရက်နေ့ကို ရာမည အလုပ်သမားသမဂ္ဂနေ့ သတ်မှတ်ပြီး
by -
ကိုသိုက်

ထိုင်းနိုင်ငံ ဒေသအသီးသီးမှ မွန်ရွှေ့ပြောင်း အလုပ်သမား ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ  ရာမည အလုပ်သမားသမဂ္ဂနေ့ အဖြစ် ဇန္နာဝါရီလ(၄)ရက်နေ့ကို သတ်မှတ်ပြီး စံခလပူရီမြို့တွင် အခန်းအနားတစ်ခု ကျင်းပ ...

ထိုင်းနိုင်ငံ ဒေသအသီးသီးမှ မွန်ရွှေ့ပြောင်း အလုပ်သမား ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ  ရာမည အလုပ်သမားသမဂ္ဂနေ့ အဖြစ် ဇန္နာဝါရီလ(၄)ရက်နေ့ကို သတ်မှတ်ပြီး စံခလပူရီမြို့တွင် အခန်းအနားတစ်ခု ကျင်းပခဲ့သည်။

ထူးထူးခြားခြား လွတ်လပ်ရေးနေ့ကိုမှ ရာမည အလုပ်သမားသမဂ္ဂနေ့ ရွှေးချယ် သတ်မှတ်ရသည့် အပေါ် ရာမည အလုပ်သမားသမဂ္ဂ၏ ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှ ယခုလို ရှင်းပြပါသည်။

“ဇန္နာဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဖြစ်တယ်။ အဲဒီ လွတ်လပ်ရေးနေ့မှာ ကျွန်တော် တို့တိုင်းနိုင်ငံ ကျွန်တော်တို့တိုင်းရင်းသားတွေဟာ လွတ်လပ်ခွင့်မရှိသေးဘူး။ အဲဒီရှိလာအောင် သဘောမျိုးနဲ့ အဲဒီ အထိမ်းအမှတ်ကိုလဲ ယူတဲ့ သဘောမျိုးလည်း ဖြစ်တယ်။ နောက် အလုပ်သမားတွေရဲ့ဘဝလွတ်မြောက်ရေးဆိုတာ အဲဒီ ဗမာပြည် လွတ်လပ်ရေးနဲ့ထပ်တူထပ်မျှဖြစ်အောင် ဒါကျွန်တော်တို့ ကြိုးပမ်းတဲ့ အနေနဲ့ ဇန္နာဝါရီလ(၄)ရက်နေ့ကို အသိမှတ်ပြုရခြင်း ဖြစ်ပါတယ်။”

တိုင်းတပါးနိုင်ငံတွင်အလုပ်ဝင်လုပ်နေသည့် မွန်ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ၄င်းတို့၏ရပိုင်ခွင့် အခွင့်အရေးအတွက်၄င်း၊ အလုပ်သမားများ၏ခလေးများပညာရေး ကျန်းမာရေးစံနစ်အတွက်၄င်း အလုပ်သမား များ၏ ရသင့်ရထိုက်သော အခွင့်အရေး ပိုပြီးနားလည်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး  အလုပ်သမားများ၏ လုပ်ငန်းခွင်တွင်တွေ့ကြံုလာသည့် အတွေ့အကြံုပေါ်တွင်အခြေခံကာ နောင်တချိန် တိုင်းနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ထားသည်ဟု ရာမညအလုပ်သမား သမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမည အလုပ်သမားသမဂ္ဂသည် ထိုင်းနိုင်ငံဒေသအသီးသီးဖြစ်သည့် မဲဆောက်ဒေသ ကိုးရတ်ဒေသ ဗန်ကောက် မဟာချိုင် ကျန်ပူရီ တာရပ် ရနောင်း ဖူးကက် ဖန်းငါး ပချွပ်ကရီကန် ချွန်ပူရီ စူရပ် ဟတ်ယိုင်ဒေသမှ အလုပ်သမားအဖွဲ့များနှင့်ဖွဲ့စည်းထားသည်ဟု နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမညအလုပ်သမား သမဂ္ဂအဖွဲ့အနေနှင့် မွန်ဒေသကိုအခြေခံပြီး အောက်မြန်မာပြည်ဒေသမှ အလုပ်သမားအရေးတွေကိုလည်း လုပ်ဆောင်သွားမည်ဟုဆိုပါသည်။

(၂၀၁၀)နှစ်ကုန်ပိုင်း ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံဒေသအသီးသီးမှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ ပြည်တွင်းမှကိုယ်စားလှယ်များ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် (၆၀)ကျော်နှင့် စံခလပူရီမြို့တွင် မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်၏ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့ပါသည်။

Most read this week