နိုင်ငံတကာရောက် ကရင်အချို့ ကရင် နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

နိုင်ငံတကာရောက် ကရင်အချို့ ကရင် နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး
by -
နန်းထူးစံ

ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၅၀ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို နိုင်ငံတကာရောက် ကရင်လူမျိုးအချို့က ကြိုတင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ...

ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၅၀ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို နိုင်ငံတကာရောက် ကရင်လူမျိုးအချို့က ကြိုတင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲတော်။အမေရိကန်နိုင်ငံ မင်နီစိုးတားပြည်နယ်၊ ဆစ်ပေါလ် (St.Paul) မြို့တွင် ရောက်ရှိ နေထိုင်သည့် ကရင်များက ယမန်နေ့ (တနင်္ဂ နွေ)နေ့တွင် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်လူထု ရာနှင့်ချီ၍ တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုနေ့သည် ကရင်လဖြစ်သည့် သလေလဆန်း ၁ရက်နေ့၊ ကရင်နှစ်သစ်ကူးနေ့ဖြစ်သော်လည်း နိုင်ငံတကာသို့ ရောက်ရှိနေ သည့် ကရင်လူမှုအသိုင်းအဝိုင်းများက ၎င်းတို့ရောက်ရှိရာ နိုင်ငံ၏ အားလပ်ရက်များတွင်သာ နှစ်သစ်ကူးပွဲတော်ကို ကြိုတင် ကျင်းပလေ့ရှိသည်။

အလားတူ ဒီဇင်ဘာလ ၂၆ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Sacred Heart Convent School ခေါင်တိန်ဘုရားရှိခိုး ကျောင်းတွင် Oversea Karen Relieve Social Organization (OKRSO) မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်သို့ နာမည်ကြီး ပိုးကရင်အဆိုတော်များဖြစ်သည့် ကျော်လိုက်သိန့်၊ နန်းသိန်းလားဘောင်နှင့် နန်းမူးထွန့်အွာတို့ အပါအဝင် ဧည့်ပရိ ဿတ်ပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့သည်ဟု OKRSO အတွင်းရေးမှူး နန်းဖောင်အွာက ပြောသည်။

စောမူ့လျားဖောင်မှ ရိုးရာစောင်း တီးခတ်နေစဉ်။“ဘန်ကောက်မှာလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲက အဆိုတော် ကျော်လိုက်သိန့်က ဖီ့ဘူးယော်ရွတ်ဆိုပေးတယ်။ ဒီပွဲမှာ ပရိဿတ် ၅၀၀ကျော်တက်ရောက်တယ်။ နောက်ပြီး OKRSO က လူငယ်ကျောင်းသားဒုံးအဖွဲ့နဲ့ ပြည်ပရောက် ကရင်စာပေနဲ့ ယဉ်ကျေးမှု ဒုံးအဖွဲ့တွေအပြင် အုပ်စုလိုက်ရော၊ တစ်ကိုယ်တော် သီဆိုဖျော်ဖြေမှုတွေလည်း တင်ဆက်ခဲ့ကြတယ်လေ။ နောက်ပြီး ပြည်ပ ရောက် စောမူ့လျားဖောင်က ကရင့်ရိုးရာ စောင်းတူရိယာတီးခတ်မှုနဲ့ တင်ဆက်ခဲ့တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မှ ကရင်ဒုက္ခသည် ၂၀၀နီးပါးရှိသည့် နော်ဝေနိုင်ငံမြောက်ပိုင်းရှိ ကရင်လူမှုအဖွဲ့(NNKC)ကလည်း (၂၇၅၀) နှစ် ကရင့်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့က နော်ဝေနိုင်ငံ ဟာစတပ်(Harstad)မြို့ရှိ မဲ့ရှီလာဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအခမ်းအနားကို ရိုးရာကျွဲချိုမှုတ်ခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ကရင်အမျိုးသားအ စည်းအရုံး ဥက္ကဌ၏ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ နှစ်သစ်ကူးဖြစ်ပေါ်လာပုံ၊ ကရင့်သမိုင်းကြောင်းနှင့် လက်ရှိကရင်လူမျိုးများ၏ အခြေအနေများကို ရှင်းလင်းဟောပြောခြင်း၊ သက်ကြီးရွယ်အိုများကို ရိုသေဂါရဝပြုခြင်းအပြင် တက်ရောက်လာသည့် ဧည့်ပရိ ဿတ်များကို ကရင်ရိုးရာ ဒုံးယိမ်းအကနှင့် ရိုးရာတူရိယာ အတီးအမှုတ်၊ သီဆိုမှုများဖြင့့် ဖျော်ဖြေခဲ့ကြသည်။

ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ဒိန်းမတ်နိုင်ငံရောက် ကရင်အမျိုးသားများသည် ယခုနှစ် ကျရောက်လာသည့် ကရင်နှစ်သစ် ကူးပွဲတော်အခမ်းအနားကို ကျင်းပပြုခဲ့ကြောင်း သိရသည်။

Most read this week