သျှမ်းနွယ်ဘွား ဆရာတော်အား ထိုင်းဘုရင်မှ ဖရခူး ဘွဲ့ဆက်ကပ်

သျှမ်းနွယ်ဘွား ဆရာတော်အား ထိုင်းဘုရင်မှ ဖရခူး ဘွဲ့ဆက်ကပ်
by -
မွေခေါဝ်

ထိုင်းဘုရင်မင်းမြတ်မှ ထိုင်းနိုင်ငံသံဃာတော်များ ကိုယ်စား ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အရှင်သူမြတ် လန်ဒန်မြို့ ဗုဒ္ဓရမ် (Buddaharam) ကျောင်းထိုင်ဆရာတော် ဥူးမဟာဉာဏိန္ဒော (သျှမ်းနွယ်ဘွား) ခေါ် မဟာဆုံချိုင်း အား ...

ထိုင်းဘုရင်မင်းမြတ်မှ ထိုင်းနိုင်ငံသံဃာတော်များ ကိုယ်စား ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အရှင်သူမြတ် လန်ဒန်မြို့ ဗုဒ္ဓရမ် (Buddaharam) ကျောင်းထိုင်ဆရာတော် ဥူးမဟာဉာဏိန္ဒော (သျှမ်းနွယ်ဘွား) ခေါ် မဟာဆုံချိုင်း အား ဖရခူးဘွဲ့ (သုတဗုဒ္ဓိ၀ိဒေသ) ဆက်ကပ်အပ်နှင်း ခဲ့သည်ဟု သိရှိရပါသည်။

ဆရာတော် ဥူးမဟာဉာဏိန္ဒော“ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်မြို့တော်မှာ အခမ်းအနားနဲ့ ဘွဲ့ဆက်ကပ်တဲ့ပွဲပြုလုပ်ပြီးပြီ။ သျှမ်းလူမျိုးများ ကိုယ်စား ပြုတဲ့အနေနဲ့ ကျနော်တို့ ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုက ဒီလ ၂၅ ရက်မှာ ချင်းမိုင်မြို့ ၀တ်ကူတောဝ် ဘုန်းကြီး ကျောင်းမှာ ဂုဏ်ပြုပူဇော်ပွဲကျင်းပမယ်။ နေ့ဆွမ်းဆက်ကပ်ပြီး ရေစက်ချတရားနာမယ်။ အခမ်းအနားမှာတော့ ဆရာတော်ရဲ့အတ္ထုပ္ပတ္တိကို ဖတ်ကြားပူဇော်ဖို့လဲ ရှိပါတယ်” ဟု သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့အစည်းက ပြောပါသည်။

ဒီဇင်ဘာ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀တ်ကူတောဝ် ဘုန်းကြီးကျောင်း၌ နံနက် ၉းဝဝ နာရီ မှ နေ့လည် ၁၂းဝဝ နာရီထိ၊ ဒီဇင်ဘာ ၂၆ ရက် ဘန်ကောက်မြို့ ၀ွတ်မိုင်ခေယန်းနားဝါး ဘုန်းကြီးကျောင်း၌ ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုး များက ဂုဏ်ပြုပူဇော်ပွဲကျင်းပမည်ဟုဆို၏။

ယနေ့ ထိုင်း-မြန်မာနယ်စပ် ၀ိန်းဟျန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုမှ ကျေးလက်လူထုပူးပေါင်း၍ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲကျင်းပသည်ဟု သိရှိရသည်။

သက်တော် ၄၂ နှစ်၊ ၀ါတော် ၂၂ နှစ်ရှိ ဗုဒ္ဓရမ်ကျောင်းထိုင်ဆရာတော်ဥူးမဟာဉာဏိန္ဒော(သျှမ်းနွယ်ဘွား)သည် ၁၉၆၈ ခုနှစ် ၀ိန်းဟျန်မြို့နယ် ပိန်းလုံ၌ မွေးဖွားခဲ့သည်။ ၁၉၈၁ ခုနှစ် ပိန်းလုံဘုန်းကြီးကျောင်း၌ ရှင်သာမဏေပြုခဲ့၏။ ၁၉၈၇ ဘန်ကောက်မြို့ ၀တ်ဆွန်ဖူးခေပန်းရတ် ဘုန်းကြီးကျောင်း၌ ပဥ္ဇင်းတက်ခဲ့သည်။ ဆရာတော်သည် ၁၉၉၃-၉၆ အထိ ဘန်ကောက်ရှိ ဗုဒ္ဓကျောင်းတိုက်များ၌ ဗုဒ္ဓဆိုင်ရာဘာသာရပ်များကို သင်ကြားပေးခဲ့သည်။ ၁၉၉၉ အိန္ဒိယနိုင်ငံ ပိုးနား တက္ကသိုလ် (Pona University)မှ MA ဘွဲ့ရရှိခဲ့ပြီးနောက် ၂၀၀၀ ၀ိန်းဟျန်ရှိ ဖှဝိန်းအင်းကျောင်းတိုက်၌ အင်္ဂလိပ် သာသာသင်ကြားပေးခဲ့သည်။ ၂၀၀၁ ထိုင်းနိုင်ငံသံဃာ့အဖွဲ့အစည်းက ဓမ္မဒူတ-တရားပြ/တရားဟောဆရာတော် အဖြစ် တာဝန်ပေးအပ်ကာ အနောက်နိုင်ငံသို့ စေလွှတ်ခဲ့သည်။ ၂၀၀၄ ခုနှစ် လန်ဒန်မြို့၌ ဗုဒ္ဓရမ်ကျောင်းတိုက် (Buddharam- 77 Blake All Road, Wonstead, London) ကို တည်ဆောက်ခဲ့သည်။

ဆရာတော်ဘုရားသည် အင်္ဂလိပ်ဘာသာစာပေ၊ ထိုင်းဘာသာစာပေ နှင့် မိခင်ဘာသာစကားဖြစ်သည့် သျှမ်းဘာသာ စာပေအပြင် ဗမာစကားလည်း ကျွမ်းကျင်သည်။