မြန်မာနိုင်ငံတွင် ခွန်ဆာတို့ကဲ့သို့ ကမ္ဘာကျော် ထိပ်တန်း ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှု တနှစ်ထက်တနှစ် ပိုမိုများပြားလာ ကြောင်း စုံစမ်းသိရှိရ ...
မြန်မာနိုင်ငံတွင် ခွန်ဆာတို့ကဲ့သို့ ကမ္ဘာကျော် ထိပ်တန်း ဘိန်းဘုရင် မရှိတော့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှု တနှစ်ထက်တနှစ် ပိုမိုများပြားလာ ကြောင်း စုံစမ်းသိရှိရပါသည်။
“အရင်တုန်းကတော့ ခွန်ဆာပေါ့၊ ပြီးတော့ဝှေ့ရှော်ကန်း၊ ဒါပေမယ့်အခု ဝှေ့ရှော်ကန်းခေတ်မဟုတ် တော့ဘူး။ကနေ့ ခေတ်ကတော့ ပြည်ပက သိပ်မသိသေးတဲ့မူးယစ်ရာဇအသစ်တွေများလာတယ်။ အဲကြောင့် အမေရိကန် တို့ ထိုင်းတို့က သူတို့အရင်ကသိထားတဲ့ ဝှေ့ရှော်ကန်းကိုဘဲ ဖမ်းဝရမ်းဆက်ထုတ်နေရတာပေါ့”- ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းကပြောပါသည်။
လက်ရှိသျှမ်းပြည်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသူများမှာ နအဖကျောထောက်နောက်ခံပြု ပေးသည့် ပြည်သူ့ စစ်ခေါင်းဆောင်များဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးဧရိယာနှစ်ဆတိုးလာခြင်းမှာလည်း ပြည်သူ့စစ်များနှင့် ဗမာစစ်တပ် တိုက်ရိုက်ထိန်းချုပ်သည့် နယ်မြေများတွင်သာဖြစ်ကြောင်း၊ စိတ်ကြွဆေးပြားထုတ်ရာတွင်လည်း အရင် နှစ်များက အပစ်ရပ်တပ်ဖွဲ့ အချို့ထုတ်လုပ်သည့် အရည်အသွေးနှင့်အရည်အတွက်ထက်လက်ရှိ ပြည်သူ့ စစ် များကအပြိုင်ထုတ် လာနိုင်ကြောင်း၊ သယ်ယူရောင်းချရာတွင်လည်း ပြည်သူ့စစ်မဟုတ်ပါက စျေးကွက်သို့မထိုးဖေါက်နိုင် တော့ကြောင်း - သျှမ်းပြည်တွင်း မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသူ တဦးကပြောပြပါ သည်။
“ကျနော် ရာဘစွဲလို့ ကျနော့်မိဘ က ထိုင်းကိုလွတ်လိုက်တာ ၃ လ ရှိပြီ၊ အခု ဆေးတော့ ဖြတ်နိုင်ပြီ။ ဒါပေမယ့် ကျနော်တို့မြို့မှာ ရာဘပေါတဲ့အကြောင်း ပြောပြချင်တယ်၊ မနှစ်က သျှမ်းနှစ်သစ်ကူးပွဲမှာ ရာဘကို ချိုချဉ်ဝေသ လို လက်ဆင့်ကမ်းဝေတာ။ ဒီနှစ်လဲ အဲလိုဘဲတဲ့” - ဟု အသက် ၁၉ နှစ်ရှိ စိုင်းခမ်းစိုင်း ကပြောပါသည်။
UWSA ဝ ပြည်သွေးစည်းရေးတပ်မတော်ခေါင်းဆောင်ပိုင်းတဦးဖြစ်သူ ဝှေ့ရှော်ကန်းအား ဖမ်းမိပါက အမေရိကန် ဒေါ်လာ ၂ သန်းအထိ ဆုငွေပေးမည်ဟု အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA နှင့် ထိုင်းမူးယစ် နှိမ်နင်းရေး အဖွဲ့တို့က ဆယ်နှစ်ခန့်ကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည််။ ဝေ့ရှော်ကန်းပုံပါသည့် ဘီယာ ခွက်၊ မီးခြစ် များနှင့်တခြားလက်ကမ်းစာစောင်များဖြင့် ထိုင်းမြန်မာနယ်စပ်ဒေသတလျှောက်ဖြန့်ဝေထားကြောင်း ဘန်ကောက် ပိုစ့် သတင်းကိုကိုး၍ ဗွီအိုအေ သတင်းဌာနကပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကသတင်းထုတ်ပြန်ခဲ့ပါသည်။
နအဖ စစ်အာဏာာပိုင်တို့ စိတ်ကြိုက်ရွေးခြယ်ခဲ့သော ရွေးကောက်ပွဲ အနိုင်ရ ကြံ့ဖွတ်ပါတီဝင်အောက်ပါလွှတ်တော် ကိုယ်စားလှယ်များသည် - နာမည်ကျော် မူးယစ်ရာဇာများဖြစ်ကြောင်းဒေသခံပြည်သူများအကြား ရေပန်းစားအသိ အမှတ်ပြု လက်ရှိသည်။