နေပြည်တော် ရွေးကောက်ပွဲမှ တရားဝင် ထုတ်ပြန်သော စာရင်းအရ မွန်ပြည်နယ် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ အမတ် ၁၄ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ...
မင်းချမ်း (နိုဝင်ဘာ-၁၇)။ ။ နေပြည်တော် ရွေးကောက်ပွဲမှ တရားဝင် ထုတ်ပြန်သော စာရင်းအရ မွန်ပြည်နယ် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ အမတ် ၁၄ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမတ် ရ ဦး၊ တစညပါတီ အမတ် ၂ ဦးတို့ အသီးသီး ရရှိခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီမှ မွန်ပြည်နယ် လွှတ်တော်အတွက် ဗမာ၊ ပအိုဝ်းနှင့် ကရင် တိုင်းရင်သား မဲဆန္ဒနယ်မြေများတွင် အနိုင်ရရှိခဲ့သည်ဟုလည်း ဖေါ်ပြပါရှိသည်။
အထူးသဖြင့် ကြိုတင်မဲများကြောင့် ပြည်ခိုင်ဖြိုးပါတီ အသာရရှိခဲ့ကြသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြောသည်။
ထို့အပြင် ဆန္ဒမဲပြားပေးစဉ်တွင်လည်း မဲရုံမှူးများ ကိုယ်တိုင် ပြည်ခိုင်ဖြိုးပါတီအတွက် မဲရေးခြစ်ပေးသည့်အတွက် မုဒုံမြို့နယ်အတွင်း အငြင်းပွားစရာ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
ရေးမြို့နယ်၊ ဒူးရားကျေးရွာ၌ မဲထည့်သော နေ့ရက်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ရွာသားများ အစုလိုက်အပြုံလိုက် ထောက်ခံနေသည့်အတွက် နေ့လည်ပိုင်းတွင် မဲရုံမှူး တစ်ဦး ထွက်ပြေးလိုက်ရသည့် ဖြစ်ရပ်များလည်း တွေ့ရှိရသည်။
ပြည်ခိုင်ဖြိုးပါတီ မဲရှုံးလျှင် မဲရုံမှူးများအား အပြစ်ဒဏ်ပေးမည်ဟု သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်က ခြိမ်းခြောက်ထားကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အမည်ဖေါ်လိုသော မဲရုံမှူး တစ်ဦးက ပြောသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်မြေ အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တစညပါတီတို့ နေရာလပ် မကျန်ဝင်ရောက်ယှဉ်ပြိုင်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှာ မြို့နယ် ရ မြို့နယ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အပြင် ဖလုံ-စဝေါပါတီနှင့် ဒီမိုကရက်တစ် မြန်မာပါတီတို့လည်း မြို့နယ် အချို့၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ထောက်ခံမှု မရရှိခဲ့ပေ။
မွန်ပြည်နယ်အတွင်း ၁၀ မြို့နယ် ရှိပြီး မဲဆန္ဒနယ်မြေ ၂၀ ရှိသည့်အပြင် ဗမာ၊ ပအိုဝ်းနှင့် ကရင် တိုင်းရင်းသားများအတွက် မဲဆန္ဒနယ်များ သတ်မှတ်ပေးခဲ့သည်။
ယခု ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပြီးအပြီး မြန်မာပြည်၌ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ
၁။ ဒေါက်တာလှဦး -မော်လမြိုင်(၁)- ပြည်ခိုင်ဖြိုးပါတီ
၂။ ဒေါက်တာ တိုးတိုးအောင်-မော်လမြိုင်(၂)- ပြည်ခိုင်ဖြိုးပါတီ
၃။ မင်းအောင်နိုင်ဦး- ချောင်းဆုံ(၁)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၄။ ဦးကျင်ဖေ- ချောင်းဆုံ(၂)- ပြည်ခိုင်ဖြိုးပါတီ
၅။ ဦးမျိုးညွန့်- သံဖြူဇရပ်(၁)- ပြည်ခိုင်ဖြိုးပါတီ
၆။ ဦးနိုင်ဦး(နိုင်တလချမ်း)- သံဖြူဇရပ်(၂)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၇။ ဦးအုန်းမြင့်- မုဒုံ(၁)- ပြည်ခိုင်ဖြိုးပါတီ
၈။ ဒေါက်တာမင်းနွယ်စိုး(ဦးထွန်းရီ)- မုဒုံ(၂)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၉။ နိုင်မြင့်ဆွေ(နိုင်လဝီအောင်)- ရေး(၁)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၁၀။ မင်းသိန်းဟန်-ရေး(၂)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၁၁။ ဦးထွန်းလှိုင်- သထုံ(၁)- တစည
၁၂။ ဦးသိန်းဇော်-သထုံ(၂)- ပြည်ခိုင်ဖြိုးပါတီ
၁၃။ ဦးမောင်လန်း-ပေါင်(၁)- တစည
၁၄။ မင်းချမ်းမြင့်- ပေါင်(၂)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၁၅။ ဦးဌေးလွင်- ကျိုက်ထို(၁)- ပြည်ခိုင်ဖြိုးပါတီ
၁၆။ ဦးစိန်မြင့်-ကျိုက်ထို(၂)- ပြည်ခိုင်ဖြိုးပါတီ
၁၇။ ဒေါက်တာခင်မောင်သွင်- ဘီးလင်း(၁)- ပြည်ခိုင်ဖြိုးပါတီ
၁၈။ ဦးဝင်းမော်ဦး-ဘီးလင်း(၂)- ပြည်ခိုင်ဖြိုးပါတီ
၁၉။ ဦးလှထွန်း- ကျိုက်မရော(၁)- ပြည်ခိုင်ဖြိုးပါတီ
၂၀။ မင်းစံတင်-ကျိုက်မရော(၂)- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
၂၁။ ဦးသက်ဝင်း- ဗမာတိုင်းရင်းသား- ပြည်ခိုင်ဖြိုးပါတီ
၂၂။ ဦးအောင်ကျော်သိန်း- ကရင်တိုင်းရင်းသား- ပြည်ခိုင်ဖြိုးပါတီ
၂၃။ ခွန်ဖေမြ- ပအိုဝ်းတိုင်းရင်းသား- ပြည်ခိုင်ဖြိုးပါတီ