ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် အတည်ပြု ထုတ်ပြန်ချက်အရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မှ လွှတ်တော်နေရာ အသီးသီးတွင် (၁၆) ဦး ရွေးချယ်ခံရ ...
မင်းချမ်း (နိုဝင်ဘာ-၁၅)။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် အတည်ပြု ထုတ်ပြန်ချက်အရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မှ လွှတ်တော်နေရာ အသီးသီးတွင် (၁၆) ဦး ရွေးချယ်ခံရသည်ဟု သိရသည်။
ယင်းသို့မှာ ပြည်သူ့လွှတ်တော် (၃) ဦး၊ အမျိုးသားလွှတ်တော် (၄) ဦး၊ မွန်ပြည်နယ်လွှတ်တော် (၇) ဦးနှင့် ကရင်ပြည်နယ်လွှတ်တော်တွင် (၂) ဦး ဖြစ်ကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် အတည်ပြု ထုတ်ပြန်ချက်အရ အောက်ပါအတိုင်း ဖြစ်သည်။
၁။ မိမြင့်မြင့်သန်း- ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၂။ နိုင်လှမောင်- ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၃။ နိုင်သိန်းအောင်- သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၎။ ဒေါက်တာဗညားအောင်မိုး-အမျိုးသားလွှတ်တော် (၇)- မွန်ပြည်နယ်
၅။ နိုင်ကျော်သိန်း- အမျိုးသားလွှတ်တော် (၄)- မွန်ပြည်နယ်
၆။ နိုင်ထွန်းအုံ- အမျိုးသားလွှတ်တော်(၅)- မွန်ပြည်နယ်
၇။ နိုင်မျိုးတင့်လွင်(သားကြီး)- အမျိုးသားလွှတ်တော်(၁၀)- ကရင်ပြည်နယ်
၈။ ဒေါက်တာမင်းနွယ်စိုး-မုဒုံမြို့နယ်(၁)-မွန်ပြည်နယ်လွှတ်တော်
၉။ နိုင်လဝီအောင်(နိုင်မြင့်ဆွေ)- ရေးမြို့နယ်(၁) -မွန်ပြည်နယ်လွှတ်တော်
၁၀။ မင်းအောင်နိုင်ဦး- ချောင်းဆုံမြို့နယ်(၁) -မွန်ပြည်နယ်လွှတ်တော်
၁၁။ နိုင်သိန်းဟန်- ရေးမြို့နယ်(၂) -မွန်ပြည်နယ်လွှတ်တော်
၁၂။ နိုင်စံတင်- ကျိုက်မရောမြို့နယ်(၂) -မွန်ပြည်နယ်လွှတ်တော်
၁၃။ နိုင်ဦး(ခေါ်) ဦးဝင်း(ခေါ်) နိုင်တလချမ်း- သံဖြူဇရပ်မြို့နယ်(၂) -မွန်ပြည်နယ်လွှတ်တော်
၁၄။ မင်းချမ်းမြင့်-ပေါင်မြို့နယ်(၂) -မွန်ပြည်နယ်လွှတ်တော်
၁၅။ မင်းစိုးသိန်း-ကော့ကရိတ်မြို့နယ်(၂)-ကရင်ပြည်နယ်လွှတ်တော်
၁၆။ နိုင်ချစ်ဦး-မွန်တိုင်းရင်းသားရေးရာ-ကရင်ပြည်နယ်လွှတ်တော်
“ကြိုတင်မဲ ကိစ္စတွေကြောင့် ကိုယ်စားလှယ် အချို့ ဆုံးရှုံးခံခဲ့ရတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင် တစ်ဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမတ်လောင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရရှိခဲ့သည်။
အလားတူ ၁၉၉၀ ရွေးကောက်ပွဲ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF မှ အမတ်ဦးရေ ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅ နေရာ အနိုင်ရရှိခဲ့သည်။
ယခင် ၁၉၆၀ ခု ပါတီမာန်ခေတ် ရွေးကောက်ပွဲ၌ မွန်ပြည်သူ့တပ်ဦးမှ အမတ် ၄ နေရာသာ ရရှိခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း၌ မွန်အမျိုးသား ကိုယ်စားပြုပါတီများ သုံးကြိမ်သာ ရွေးကောက်ပွဲ ဝင်ရောက်နိုင်ခဲ့သည်။