ကယန်းဒေသတွင် လွတ်လပ်စွာ မဲထည့်ခွင့်ရှိဟုဆို

ကယန်းဒေသတွင် လွတ်လပ်စွာ မဲထည့်ခွင့်ရှိဟုဆို
by -
ဒေလီထက်

ကရင်နီပြည် ကယန်းဒေသ အတွင်းရှိ ဖယ်ခုံမြို့နယ်တွင် လွတ်လွတ်လပ်လပ် မဲထည့်ခွင့် ရှိသည်ဟု ညောင်ကုန်း ရပ်ကွက် ဒေသခံ တဦးက ပြောသည်။...

ကရင်နီပြည် ကယန်းဒေသ  အတွင်းရှိ ဖယ်ခုံမြို့နယ်တွင် လွတ်လွတ်လပ်လပ် မဲထည့်ခွင့် ရှိသည်ဟု ညောင်ကုန်း ရပ်ကွက် ဒေသခံ တဦးက ပြောသည်။

၎င်းက “မဲရုံဘေးမှာ စစ်တပ်တွေစောင့်ကြပ်နေတာမရှိဘူး။ ဒီမှာက နည်းနည်းအေးချမ်းတယ်။ အေးအေးဆေးဆေး နဲ့ပေါ့။ လုံခြုံရေးဆိုလည်း သိပ်မရှိလိုဘူး။ စစ်တပ်တွေလည်း မရှုပ်ဘူး အဲဒီမှာ” ဟုပြောသည်။

ညောင်ကုန်းရပ်ကွက်မှ ပြည်သူများက မဲများကို အထကကျောင်းတွင် သွားရောက်ပေးရပြီး ကိုယ်ထည့်ချင်သည့် ပါတီ ထည့်ခွင့်ရှိသည်ဟု ပြောသည်။  

“ကျနော်တို့က တောင်သူလယ်သမားဆိုတော့ စပါးပဲထည့်မှာပေါ့။ ကျတော်တို့ လွတ်လွတ်လပ်လပ် လုပ်စားနိုင်အောင်၊ ကိုင်စားနိုင်အောင် အဲလိုပါပဲ။ ဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကိုပဲ ထည့်တယ်လေ”

ညောင်ကုန် တစ်၊ နှစ်နှင့် သုံးရပ်ကွက်မှ မဲသွားရောက် မထည့်ကြသည့် လူအနည်းအကျဉ်းသာ ရှိသည်ဟု သတင်းရရှိပါသည်။

“ကျမတော့ အသက်မပြည့်သေးလို့ သွားမထည့်ဘူး။ ဒါပေမယ့် မဲရုံမှာ လူအရမ်းများလို့ အဖွားပြန်လာတယ်။ ခဏနေပြန်သွားမယ်လို့ ပြောတယ်လေ” ဟု ဖယ်ခံဒေသခံ အမျိုးသမီးတဦးက ပြောသည်။

၎င်းကယန်းဒေသများဘက်တွင် ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

Most read this week