ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ပါတီ ကိုယ်စားလှယ်လောင်းများ မွန်ဝတ်စုံ မဝတ်ရန် တားဆီး

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ပါတီ ကိုယ်စားလှယ်လောင်းများ မွန်ဝတ်စုံ မဝတ်ရန် တားဆီး
by -
ကျလွန်းထော၊ မင်းအာသံ

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲနေ့မှာ မွန်ဝတ်စုံ မဝတ်ဆင်ဖို့ တားဆီး....

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲနေ့မှာ မွန်ဝတ်စုံ မဝတ်ဆင်ဖို့ တားဆီးထားသည်။

AMDP-300x168“ရွေးကောက်ပွဲကော်မရှင်နဲ့ ယမန်နေ့က တွေ့ဆုံရာမှာ ရွေးကောက်ပွဲမှာ ကြီးကြပ်ဖို့ ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်လူမျိုးဝတ်စုံ မဝတ်ဖို့ တားဆီးထားတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ဇနူမွန်က ပြောတယ်။ သို့သော် “အသေးစား ရင်ထိုးတော့ ရတယ်” ဟု သူက ပြောသည်။

ရေးမြို့နယ် ဟံဂံကျေးရွာခံ အမျိုးသမီး တစ်ဦး၏ အဆိုရ မဲရုံအတွင်းရှိ ဝန်ထမ်း များက မဲထည့်မည့် သူများနှင့် မရောနှော စေချင် သောကြောင့် ဝန်ထမ်းများ မွန်ဝတ်စုံ မဝတ်ဆင်ရန် နိုဝင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ (၁) နိုင်လဝီအောင် (ဗိုလ်မှူးမြင့်ဆွေ) က အစည်းအဝေး ခေါ်ယူပြောကြားထားသည်ဟု ပြောသည်။

“ရွေးကောက်ပွဲ နေ့မှာ မဲသွားထည့်မယ့် သူတွေက မွန်ဝတ်စုံ ဝတ်လို့ ရတယ်၊ မဲရုံက ဝန်ထမ်းတွေသာ ဝတ်လို့ မရသာ” ဟု သူမက ပြောသည်။

သို့သော်လည်း ရေးမြို့နယ်ဘက်တွင် ဒေသခံများအား ရွေးကောက်ပွဲ ကာလအတွင်း မွန်ဝတ်စုံ မဝတ်ရန် မြို့နယ် မယက ဥက္ကဌက ကျေးရွာ ရယက ဥက္ကဋ္ဌများအား ညွန်ကြားထားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်မှ စ၍ ကျေးရွာဥက္ကဌတိုင်း မွန်ဝတ်စုံ မဝတ်ဆင်ကြဖို့ ကြီးကြပ်ရန် မယက ဥက္ကဌက လိုက်လံညွှန်ကြားထား သည်ဟု ရေးမြို့နယ်မှ ကျေးရွာ ဥက္ကဋ္ဌ တစ်ဦးက ပြောသည်။

“အာဏာပိုင်တွေက မွန်လုံချည်နဲ့ မွန်ထမိန် ဝတ်စုံ ဝတ်တဲ့သူ ကြည့်ခိုင်းတယ်၊ တကယ်လို့ မွန်ဝတ်စုံကို ဝတ်မယ်ဆိုရင် မွန်ပါတီကို အားပေးထောက်ခံရာ ရောက်လိုမျိုး သူတို့လိုက် ထင်တယ်လေ၊ အမှန်ဆိုရင် ရွေးကောက်ပွဲနှင့် မွန်ဝတ်စုံ ဘာမှ မဆိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

ရေးမြို့နယ် ဒူရားကျေးရွာရှိ ကျေးရွာဥက္ကဌနှင့် နီးစပ်သူ တစ်ဦးက ရွေးကောက်ပွဲ ကာလအတွင်း မွန်ဝတ်စုံ မဝတ်ဆင်ရန် မယက ဥက္ကဌက ညွန်းကြားထားကြောင်း ၎င်းက ပြောသည်။ သို့သော် ရွာသားများအား ထပ်ဆင့်မပြောကြားရသေးကြောင်း သူက ဆက်ပြောသည်။

ယင်းညွန်ကြားချက်ကို တချို့သော ဒေသခံများက ကြောက်ရွံ့ခြင်း ရှိသလို မကြောက်သူများလည်း ရှိသည်ဟု ရေးမြို့ခံ တစ်ဦးက ပြောသည်။

“တချို့သော သူတွေက ကြောက်ကျတယ်လေ၊ ဒါပေမယ့် ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်မွန်စုံကိုတော့ ဝတ်မယ်ဗျာ၊ မကြောက်ဘူး” ဟု ၎င်းက ပြောသည်။

 

 

 

 

 

 

Most read this week