မော်လမြိုင်ခရိုင်ရှိ မွန်ပြည်သစ်ပါတီ အရာရှိတွေက ဒေသခံမွန်ပြည်သူတွေနှင့် မွန်အဖွဲ့အစည်းတွေကို မုဒုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်တဲ့ ရှင်းလင်းမှု ပြုလုပ်....
မော်လမြိုင်ခရိုင်ရှိ မွန်ပြည်သစ်ပါတီ အရာရှိတွေက ဒေသခံမွန်ပြည်သူတွေနှင့် မွန်အဖွဲ့အစည်းတွေကို မုဒုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်တဲ့ ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၇) ရက်နေ့တွင် မော်လမြိုင်ခရိုင် အရာရှိတို့ ရှင်းလင်းပြောကြားချက်ကို ရှင်းလင်းပွဲတွင် တက်ရောက်သူ တစ်ဦး၏ ပြောပြ ချက်အရ “ဒီရွေးကောက်ပွဲတွင် ကိုယ်မကြိုက်လို့ မဲသွားမထည့်လည်း နေလို့ ရတယ်၊ တကယ်လို့ မထည့်မနေရ အတင်းသွားထည့်မယ်ဆိုရင်လည်း (ကြက်ခြေခက်) ခြစ်လိုက်ပါ” ဟု ပြောသည်။
ရွေးကောက်ပွဲ ဆန့်ကျင်တာနဲ့ ဆက်စပ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့ကလည်း ဗဟိုကော်မတီ မွန်အမျိုးသားရေး ပေါင်းစုံ အဖွဲ့အစည်းများက နယ်စပ်တစ်နေရာတွင် အစည်းအဝေး ပြုလုပ်ပြီး ဝေစာဖြန့်ဝေ ပြည်သူလူထုကို တိုက်တွန်းနှိုးဆော်၍ ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန် မဲရုံးကိုလည်း မသွားဖြစ်အောင် ဆိုပြီး မွန်အမျိုးသားရေ စုပေါင်း အဖွဲ့အစည်းတို့က ဖြန့်ဝေထားတာ ရှိသည်။
အန်အယ်ဒီ ပါတီတို့ကလည်း အောက်တိုဘာလဆန်းပိုင်းတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဖြန့်ဝေစာ သုံးခေါက် ထုတ်ထားကြောင်း ၎င်းစာထဲတွင် ရွေးကောက်ပွဲကို မကြိုက်လိုပါက မဲသွားမထည့်လည်း နေရသည့် အခွင့်အရေး ရှိကြောင်း ဖော်ပြထားပြီး ရွေးကောက်ပွဲ ဥပဒေကိုလည်း ဖော်ပြထားသည်ဟု မော်လမြိုင်မြို့သား တစ်ဦးက ပြောသည်။
ဆန့်ကျင်သည့် အဖွဲ့အစည်းများတို့ အမြင်ကို နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် မတရားသော ရွေးကောက်ပွဲ ဖြစ်ပြီး တိုင်းပြည်အုပ်ချုပ်ရေး စစ်အာဏာရှင်တို့အတွက် တရားဝင် ဖြစ်ပြီး လမ်းခရီးဆွဲဆောင်ထားကြောင်း အာဏာပိုင်တို့ အကဲခတ်ထားကြသည်။
ပထမဆုံးအကြိမ် ရွေးကောက်ပွဲနှင့် ဆန့်ကျင်သပိတ်မှောက်ခဲ့သည်မှာ ၁၉၉၀ ခုနှစ်မှာလည်း ဒီမိုကရေဇီပါတီ အမာတ် (၅) နေရာ အနိုင်ရရှိပြီး တစ်ချို့ကမ္မတီတာဝန်ရှိတို့ မဲမပေးရန် ပြည်သူလူထုများထံ စည်းရုံးရေး ဆင်းခဲ့ပြီး မဲရုံသွားခဲ့ပါက မဲစာရွက်ထဲမှာ ကြက်ခြေခြစ် ပေးပါကြောင်း သူတို့က ပြည်သူလူထုထံ တိတ်ဆိတ်သည့် နည်းနှင့် ရှင်းပြခဲ့ကြောင်း ဖြစ်သည်။
မွန်အမျိုးသားရေး အဖွဲ့အစည်း ပေါင်းစုံတို့က သတင်းဌာနမှာ ထုတ်ပြန်ထားသည်မှာ ရွေးကောက်ပွဲ ဆန့်ရေးနှင့် ပက်သက်၍ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် မွန်ပါတီ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီခေါင်းဆောင်များက စိတ်မကောင်း ဖြစ်ကြကုန်သည်။
“တို့ပါတီတွေ နောက်ဆုတ်လို့ မရဘူးလေ။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ဆက်သွားရမှာပဲ တစ်ကယ်လို့ ပြည်သူလူထုထံ ရွေးကောက်ပွဲ သပိတ်မှောက်သွားရန် နှိုးဆော်ထားပါက ပြည်သူလူထုရဲ့ အခွင့်အရေး တစ်ရပ် ဆုံးရှုံးသွားတာနှင့်အတူပဲ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင် ဆရာ စနူမွန်က အပြင်သတင်းဌာနတိုင်း ရှင်းပြခဲ့သည်။
ပြည်သူလူထု တစ်ချို့က (NLD) ပါတီထံ သတင်းရရှိခြင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် မွန်အဖွဲ့အစည်းပေါင်းစုံတို့ ဆန့်ကျင် ခဲ့သည်ကို လည်းကောင်း မဲသွားပေးသံ မဲရုံသွားဖို့ကို စိတ်ပေါ့ပါးလာပြီး ရွေးကောက်ပွဲနှင့် စိတ်မဝင်စားသည့် အဖြစ်နဲ့ အရှိန် အဟုန် များ ပြန်လည်ရရှိလာကြောင်း ပြည်သူလူထု အကဲခတ်တို့က ပြောသည်။