ချင်းပြည်နယ်အတွင်း ယခုတလော သည်းထန်သောမိုးကြောင့် ကုလားတန်မြစ်ရေမြင့်တက်ကာ အောက်တို ဘာလ ဒုတိယပတ်အတွင်း ပလက်ဝမြို့ ပေါ် အိမ်ခြေ ၈ဝ ခန့် ယခုလ ၁ဝ ရက်နေ့မှာ ကုလား တန်မြစ်ရေ ...
ချင်းပြည်နယ်အတွင်း ယခုတလော သည်းထန်သောမိုးကြောင့် ကုလားတန်မြစ်ရေမြင့်တက်ကာ အောက်တို ဘာလ ဒုတိယပတ်အတွင်း ပလက်ဝမြို့ ပေါ် အိမ်ခြေ ၈ဝ ခန့် ယခုလ ၁ဝ ရက်နေ့မှာ ကုလား တန်မြစ်ရေ လွှမ်းမိုးသွားခဲ့ကြောင်း သိရသည်။
” မိုး က တအားရွာနေတော့ ကုလားတန်မြစ်ရေက တဟုန်ထိုးတက်လာတယ်၊ အိမ်သုံးပစ္စည်းတချို့ကိုတော့ ရပ်ကွက်သားတွေအကူအညီနဲ့ သယ်ထုတ်နိုင်ကြတယ်၊ စိမ်းစမ်းရွာသားတဦးကတော့ ရေထဲပါသွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။
မြစ်ရေလွှမ်းမိုးခံရသည့် အိမ်ထောင်မိသားစုများအား မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က အဝတ်အစားများ၊ အိမ်သုံးပစ္စည်းများ အနည်းငယ်စီ ထောက်ပံ့သွားသည်ဟု သိရသည်။
အဆိုပါ အိမ်များသည် ကုလားတန်မြစ်ရေအထက် ပေ ၃ဝ ခန့်အမြင့်တွင်ရှိသည်ဟု သိရပြီး အဆိုနေရာတွင် လူနေအိမ်အပြင်၊ ဈေးဆိုင်၊ လဘက်ရည်ဆိုင်များတည်ထားကြကြောင်းသိရသည်။
ကုလားတန်မြစ်ကြောင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ ကုန်သည်များသည်လည်း ကုလားတန်မြစ်ရေကြီးမှုကြောင့် ကုန်ကူးမှုများရပ်တန့်နေသည်ဟုလည်း ထပ်မံသိရသည်။
” စက်လှေသွားလို့မရတာ တလလောက်တော့ ရှိပြီ” ဟု ကုန်သည်အမျိုးသမီးတဦးက ပြောသည်။
ချင်းပြည်နယ်တခြားဒေသများတွင်လည်း မိုးသည်းထန်မှုကြောင်း ဒေသတခုနှင့် တခု ဆက်သွယ်ရေးလမ်းများ ပျက်စီးနေကြောင်း၊ ချောင်းရေတက်မှုကြောင့် လယ်စပါးများ ပျက်စီးနေကြောင်း လည်း ထပ်မံသိရသည်။
ယခုကာလသည် ချင်းပြည်သူများ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း မိုးရေကြောင့် စပါးမရိတ်သိမ်းနိုင်သဖြင့် စပါးများ ဆုံးရှူံးမည်ကို အထူး စိုးရိမ်နေကြသည်။