လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ချင်းအမျိုးသားတဦး လူ့အခွင့်အရေးဆု ရရှိ

လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ချင်းအမျိုးသားတဦး လူ့အခွင့်အရေးဆု ရရှိ

မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူ ချင်းအမျိုးသား ဗစ်တာ ဗျက်လျန်ကို နော်ဝေနိုင်ငံ လူ့အခွင့်အရေး အဖွဲ့တခုက ဆုချီးမြှင့်....

 

မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူ ချင်းအမျိုးသား ဗစ်တာ ဗျက်လျန်ကို နော်ဝေနိုင်ငံ လူ့အခွင့်အရေး အဖွဲ့တခုက ဆုချီးမြှင့်လိုက်သည်ဟု သိရသည်။

Pu_Victorပူးဗစ်တာသည် မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ထူးထူး ခြားခြား ဆောင်ရွက်မှုတွေကြောင့် နော်ဝေနိုင်ငံ လူ့အခွင့် အရေး အဖွဲ့တခု ဖြစ်တဲ့ Norwegian Mission to the East (NMTE) ရဲ့ စိန့် စတီဖင် ဆု (St. Stephen Prize) ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အသက် ၄၅ နှစ်အရွယ်ရှိ Victor Biak Lian ဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ၂၂ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ၁၉၈၈ အရေးအခင်းမှာ ကျောင်းသား လှုပ်ရှားသူတဦးအဖြစ် တက်တက် ကြွကြွ ပါဝင်ခဲ့ကြောင်း၊ နောက်ပိုင်းမှာ အိန္ဒိယကို ထွက်ပြေး ခဲ့ရကြောင်း Chinland Guardian သတင်းမှာ ဖော်ပြထားပါတယ်။

“ကျနော့်ရဲ့ လှုပ်ရှားမှုဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ် အဓိပတိ လမ်းမပေါ်က စခဲ့တာပါ။ နောက်ပိုင်းမှာ တောထဲ ရောက်ပြီး ပြောက်ကျားစစ်သား ဖြစ်ခဲ့ပါတယ်။ အခုတော့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေပါတယ်။ တက်ကြွလှုပ်ရှားသူအဖြစ်
ကိုယ့်ကိုယ်ကိုယ် ခံယူထားပြီး စစ်အစိုးရကို ဆက်လက် တိုက်ပွဲ ဝင်သွားမယ်” လို့ Victor Biak Lian က ပြောထားပါတယ်။

ညီဖြစ်သူနှင့် တော်လှန်ရေး တိုက်ပွဲ ၀င်နေစဉ် ၎င်း၏ ညီသည် ချင်းအမျိုးသား တော်လှန်ရေး တိုက်ပွဲတွင် အသက် စတေးခဲ့ရသည်။

ဗစ်တာဗျက်လျန်သည် ယခုလက်ရှိတွင် တိုင်းရင်းသား လူမျိုးများ ကောင်စီတွင်၎င်း၊ ချင်းအမျိုးသား ကောင်စီတွင်၎င်းအမျိုးသားရေး တာဝန်များကို ပူးတွဲထမ်းဆောင်လျက်ရှိပြီး ချင်းပြည်သူများ လက်ရှိ ကြုံတွေ့နေရသည့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ် ရေးတွင်လည်း တတ်အားသရွေ့ပါဝင်လှုပ်ရှားနေသည်။

“ထိုက်တန်လို့ ဆုရတာ၊ ချင်းတော်လှန်ရေး လက်တွဲဖော်တဦး ဆုရတာ အထူးဝမ်းသာတယ်” ဟု ချင်းအမျိုးသား ကောင်စီဝင် တဦးက ပြောသည်။

ဗစ်တာဗျက်လျန်ကို လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် နော်ဝေနိုင်ငံ မြို့တော် အော်စလို၌ စိန့် စတီဖင် ဆုကို ချီးမြှင့်သွားမည်ဟု သိရသည်။

နော်ဝေနိုင်ငံရောက် ချင်းတိုင်းရင်းသားများသည် ပူး ဗစ်တာဗျက်လျန် ရောက်ရှိချိန်တွင် ၎င်းအတွက် ဆုတောင်းပွဲ အစီအစဉ်တခု ပြုလုပ် ပေးရန် ကြိုတင်ပြင်ဆင်နေကြောင်းလည်း ထပ်မံသိရသည်။

“ဘုရားသခင်က ကျတော်တို့ကို ပစ်မသွားဘူး၊ အဲဒါ ဗစ်တာဗျက်လျန်အားဖြင့် ထင်ဟပ်လာတာ” ဟု ချင်းဘာသာရေး ခေါင်းဆောင် တဦးက ပြောသည်။

Norwegian Mission to the East (NMTE) အဖွဲ့သည် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့ ဖြစ်ပြီး အထူးသဖြင့် ဘာသာရေး လွတ်လပ်ခွင့်အတွက် ကမ္ဘာတ၀န်း လှုပ်ရှားနေသည့်အဖွဲ့ ဖြစ်သည်။ ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှင်းပန်းခံရ သူများ၊ ဖိနှိပ် ချုပ်ချယ်ခြင်း ခံရသူများကို ကူညီပံ့ပိုးပြီး ကာကွယ်ပေးသည့်အဖွဲ့ ဖြစ်သည်။

 

 

Most read this week