ဒုက္ခသည်များစွာ ထိုင်းသို့ထွက်ပြေး လာနိုင်ဟု ကရင်ကောင်စီသတိပေး

ဒုက္ခသည်များစွာ ထိုင်းသို့ထွက်ပြေး လာနိုင်ဟု ကရင်ကောင်စီသတိပေး
by -
Bern Smith

ရက်အနည်းငယ်အတွင်းတွင် မကြုံစဖူးများပြားလှသော ကရင်ဒုက္ခသည်များ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိခိုလှုံ လာနိုင်....

ရက်အနည်းငယ်အတွင်းတွင် မကြုံစဖူးများပြားလှသော ကရင်ဒုက္ခသည်များ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိခိုလှုံ လာနိုင် သည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီက သတိပေးလိုက်သည်။

ယခုအပတ်အတွင်း ကရင်ငြိမ်းချမ်းရေးကောင်စီမှ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာသို့ ပန်ကြားချက်ထဲတွင် ဒုက္ခသည် ၆,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်အထိ ဘေးကင်းရာသို့ ပြောင်းရွှေ့ခိုလှုံကြဖွယ်ရှိနေပြီး အကယ်၍ မြန်မာစစ်အစိုးရသည် ဒေါနတောင်တန်း အနောက်ဘက်ရှိ ငြိမ်းချမ်းရေးကောင်စီ၏မြို့ ထို့ကော်ကိုး ကိုပါ စစ်ဆင်ရှင်းလင်းရေး လုပ်လာခဲ့လျှင် ဒုက္ခသည်အရေအတွက်သည် တသိန်းခန့်အထိ ရှိသွားနိုင်သည်ဟု ဖော်ပြထားသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ၂ဝဝ၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက် လာသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအချိန်မှ စ၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ဒေါနတောင်တန်း အနောက်ဘက် ထို့ကော်ကိုးရွာတွင် မြို့တခုကို တည်ထောင်ခဲ့ပြီး အဖွဲ့၏ခေါင်းဆောင်များသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ခဲ့ကြသည်။

ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များသည် ယင်းတို့ ချမ်းသာကြွယ်ဝလာရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်း ခဲ့ကြခြင်းဖြစ်သည်ဟု အများကစွပ်စွဲကြသည်။ ယခုနှစ်တွင်မူ မြန်မာစစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအား ယင်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေးကို ရာဇသံပေးလာ ခဲ့သည်။

ငြိမ်းချမ်းရေးကောင်စီသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းရေး ရာဇသံကို အကြိမ်ကြိမ် ငြင်းဆန် ခဲ့သည့်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကို တိုက်ခိုက်ရန် စေခိုင်းမှုအားလည်း ငြင်းဆန်ခဲ့ကြသည်။ ထို့ကြောင့် မကြာသေးခင်က မြန်မာစစ်အစိုးရသည် ငြိမ်းချမ်းရေးကောင်စီအား အမိန့်ကို နာခံရန်နှင့် နာခံခြင်းမရှိပါက မတရားအသင်းအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း ရာဇသံပေးခဲ့သည်။

 

 

 

 

 

 

Most read this week