နယ်ခြားစောင့်တပ် နယ်မြေတွင် အထူးတိုက်ခိုက်ရေးရဲ ထပ်ဖွဲ့မည်လော

နယ်ခြားစောင့်တပ် နယ်မြေတွင် အထူးတိုက်ခိုက်ရေးရဲ ထပ်ဖွဲ့မည်လော

ကချင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ရင်း နယ်မြေများတွင် အထူးတိုက်ခိုက်ရေးရဲများ ဖွဲ့စည်းထားခြင်း ရှိမရှိကို မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ယခုရက်ပိုင်းအတွင်း စာရင်းကောက်ယူ....

ကချင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ရင်း နယ်မြေများတွင် အထူးတိုက်ခိုက်ရေးရဲများ ဖွဲ့စည်းထားခြင်း ရှိမရှိကို မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ယခုရက်ပိုင်းအတွင်း စာရင်းကောက်ယူနေကြောင်း စစ်ဘက်သတင်းရပ်ကွက်မှတဆင့် သိရသည်။

ယခင် ဦးစခုန်တိန့်ယိင်း ဦးဆောင်သည့် ကချင် ဒီမိုကရေစီသစ် တပ်မတော်မှ နယ်ခြားစောင့်တပ် ဖွဲ့စည်း bလိုက်သည့် တပ်ရင်း နယ်မြေများတွင် စာရင်းကောက်ယူခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလဆန်းပိုင်းက ကချင် ဒီမိုကရေစီသစ် တပ်မတော် (ခေါ်) ကချင် အထူးဒေသ ၁ အဖွဲ့မှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရာတွင် ချီဗွေမြို့နယ် ဂန့်ဂွင်းဒေသတွင် အမှတ် ၁၀၀၁ ၊ လုပီဒေသတွင် အမှတ် ၁၀၀၂ နှင့် ၀ိုင်းမော်မြို့ နယ် စင်ကြိုင်ဒေသတွင် အမှတ် ၁၀၀၃  တပ်ရင်းများ ဖွဲ့စည်းထားကြောင်း သိရသည်။

“သူတို့ စာရင်း ကောက်ချက်အရတော့ အခု နယ်ခြားစောင့်တပ်ရင်းဂွင်တွေမှာ အထူးတိုက်ခိုက်ရေးရဲ မရှိ သေးဘူး။ နောင်ဖြစ် လာမဲ့ နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ကြိုတင်စစ်တမ်းကောက်ထားတာ ဖြစ်နိုင် တယ်”  ဟု စစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် အထူးတိုက်ခိုက်ရဲတပ်ရင်း အနေဖြင့် သီးခြားဖွဲ့စည်းထားခြင်း မရှိသော်လည်း သျှမ်းပြည် အတွင်း၌ တိုင်းရင်းသား လူမျိုးစု အထူးတိုက်ခိုက်ရေးရဲများ ထားရှိကြောင်း သိရသည်။

တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော “အရင်တုန်းက အထူးတိုက်ခိုက်ရေး ရဲဆိုပြီး ဖွဲ့တာ ရှိတယ်။ ဒီအဖွဲ့တွေကို လုံထိန်းတပ် ပြောင်းလိုက်တယ်။ တပ်ရင်း အနေနဲ့တော့ သီးခြားဖွဲ့ထားတာ မရှိဘူး။ ဒါပေမဲ့ နယ်တွေမှာတော့ထား တာရှိတယ်။ သျှမ်းပြည်နယ်မှာ အထူးတိုက်ခိုက်ရေး ဆိုပြီး ထားတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်အတွင်း၌ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၊ ကချင် ဒီမိုကရေစီသစ် တပ်မတော်နှင့် ဦးလဆန် အောင်ဝါ ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရှိပြီး အဆိုပါ အဖွဲ့များသည် နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည်။

လွန်ခဲ့သည့် နှစ်က ကချင်ဒီမိုကရေစီသစ်တပ်မတော်နှင့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် အဖွဲ့တို့သည် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များအဖြစ် အသွင်ပြောင်းဖွဲ့စည်းလိုက်ပြီး ကချင်ပြည်လွတ်လပ်ရေး အဖွဲ့က နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုကို ငြင်းဆန်နေဆဲ ဖြစ်သည်။