ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံ၊ စံခလပူရီမြို့သို့ လိုင်းဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား နမ်းပကိတ်ချက်ပွိုင့်၌စစ်ဆေးခဲ့စဉ် WY စာတမ်းပါ စိတ်ကြွဆေးပြား (၂၄) လုံး ထိုင်းရဲများ တွေ့ရှိ ဖမ်းဆီး....
ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံ၊ စံခလပူရီမြို့သို့ လိုင်းဆိုင်ကယ်တစ်စီးဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား နမ်းပကိတ်ချက်ပွိုင့်၌စစ်ဆေးခဲ့စဉ် WY စာတမ်းပါ စိတ်ကြွဆေးပြား (၂၄) လုံး ထိုင်းရဲများ တွေ့ရှိ ဖမ်းဆီးမိသည်ဟုသိရသည်။
အဖမ်းခံရသူအမျိုးသမီးမှာ မဝင်း၊ အသက်(၃၀)- ဝင်းကရွာအနီး၊ ကွာန်ချုကလ(ကျွန်းသစ်)ရွာတွင် တရားဝင် နေထိုင်ခွင့်ရရှိသူတစ်ဦးဖြစ်သည်။
တရားခံမဝင်း ဆိုသူကိုစံခလပူရီရဲစခန်းသို့ ချက်ချင်းခေါ်ဆောင် သွားခဲ့သော်လည်း ဆိုကယ်တက္ကစီ မောင်းသမားအား သက်သေအဖြစ် အာမခံထား၍ပြန်လွတ်ပေးခဲ့သော်လည်း လုံခြုရေးအရ အမည်ဖေါ်ပြခြင်း မပြုပေ။
ယမန်နေ့ညနေ(၅) နာရီခန့်၌ ထိုင်းရဲများရှာဖွေတွေ့ရှိခဲ့ရာတွင် ယင်းစိတ်ကြွဆေးပြားများကို အမွေးတိုင်အိပ်ငယ် တစ်အတွင်းထည့်သွင်း၍ အဆိုပါအမျိုးသမီး၏ထမီအထက်ဆင့်တွင် ကျစ်လစ်စွာလိပ်ထားပြီး သယ်ဆောင်လာခဲ့ သည်ဟု စစ်ဆေးချက်မှတ်တမ်းတစ်ရပ်တွင် ဖတ်ရှုခဲ့ရသည်။
အဆိုပါအဖမ်းခံရသူ မဝင်းနှင့် စံခလပူရီရှိသိကျွမ်းသူအချို့အား မေးမြန်းခဲ့ရာတွင် ထိုအဖမ်းဆီးခံသတင်းကို ကြားသိရ သည်ဟု အတည်ပြုပြောဆိုကြသော်လည်း ပတ်သက်မှုမရှိလိုသဖြင့် မေးခွန်းများကို ဖြေဆိုကြရန် ငြင်းဆိုပါသည်။
ထိုင်းနိုင်ငံ၊ စံခလပူရီမြို့၌ လက်လီနှုန်းအားဖြင့် WY စိတ်ကြွဆေးတစ်လုံး ထိုင်းဘတ်(၂၀၀) ခန့်ပေးဆောင်ရပြီး ထိုမှကီလိုမီတာ ၂၅ ခန့်ဝေးကွာသည့် ဘုရားသုံးဆူဒေသ၌ ဘတ်ငွေ (၆၀) ဝန်းကျင်သာ ရှိနေကြောင်း နယ်စပ် မူးယစ်ဆေးဝါး စောင့်ကြည့်နေသူတစ်ဦးထံမှ သိရှိရသည်။
ထိုသို့ဈေးနှုန်းများ အလွန်ကွာဟနေမှုကြောင့် လက်လီသယ်ဆောင်သူများအတွက် နေ့တွက်ကိုက်ကြသည်ဟု ယူဆနေကြသည်။
လွန်ခဲ့သော ဇူလိုင်လ (၉) ရက်နေ့တွင်လည်း ဘုရားသုံးဆူမှသယ်ဆောင်လာသော စိတ်ကြွဆေးပြား တစ်သောင်းကျော် စံခလပူရီမြို့နှင့် ထွန်ဖါဖွန်အကြား၌ ထိုင်းရဲများဖမ်းဆီးရမိသည့် သတင်းများ ရှိခဲ့သည်။
ဘုရားသုံးဆူနယ်စပ်သည် တရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြသည့်အနက် မူးယစ်ဆေးဝါးနှင့် လူကယ်ရီ ပို့ဆောင်ခြင်းလုပ်ငန်းတို့ဖြင့် ပို၍ကြွယ်ဝလာသူများ ရှိနေကြသည်။
သို့ရာတွင် ဘုရားသုံးဆူမြို့ရှိ မြန်မာအာဏာပိုင်များထံမှ မူယစ်ဆေးဝါးများဖမ်းဆီးရမိသည့်သတင်းများ ကြားသိ ရခြင်း မရှိခဲ့ပေ။