မိုးခေါင်မှု ဂယက်ကြောင့် အမှတ်-၁ နှင့်အမှတ်-၃ တွင် ကျောင်းထွက်သူ များလာ

မိုးခေါင်မှု ဂယက်ကြောင့် အမှတ်-၁ နှင့်အမှတ်-၃ တွင် ကျောင်းထွက်သူ များလာ
by -
ဒီမင်း

ကရင်နီပြည် ကျေးလက်ဒေသဘက်တွင် မိုးခေါင်ရေရှားမှု ဂယက်ကြောင့် မိသားစုစားဝတ်နေရေးကို အခက်အခဲ ဖြစ်စေသည့်အတွက် ပြီးခဲ့သည့် နှစ်ထက် ကျောင်းသူ၊သားများ ကျောင်းထွက်နှုန်း ပိုများ....

ကရင်နီပြည် ကျေးလက်ဒေသဘက်တွင် မိုးခေါင်ရေရှားမှု ဂယက်ကြောင့် မိသားစုစားဝတ်နေရေးကို အခက်အခဲ ဖြစ်စေသည့်အတွက် ပြီးခဲ့သည့် နှစ်ထက် ကျောင်းသူ၊သားများ ကျောင်းထွက်နှုန်း ပိုများသည်ဟု သိရသည်။

ကျောင်းထွက်နှုန်း အများဆုံးတွေ့ရသည့် ဒေသမှာ ကရင်နီပြည် အမှတ်-၁ ခရိုင် လွိုင်ကော်၊ ဒီးမေ့ာဆို၊ ရှားတော ဒေသနှင့် အမှတ်-၃ ခရိုင် ဒေါရခူ၊ နန်းမယ်ခုံ၊ ဟိုယာ၊ လွိုင်နန်းဖ တို့ဖြစ်သည်ဟု ကရင်နီပညာရေး ဌာနက ဆိုသည်။

loikaw_high_shcool_3

အမှတ် ၁ ခရိုင် လွိုင်ကော်မြို့အတွင်းရှိ ကျောင်းတကျောင်းမြင်ကွင်း (ဓါတ်ပုံ-ကယားလီဖု)

“ကျောင်းထွက်နှုန်းတော့ တိတိကျကျတော့ မပြောနိုင် သေးဘူး။ ဒါပေမယ့် အခုလောလောဆယ် ခရိုင် ၁ နဲ့ ခရိုင် ၃ ကအရင်နှစ်တွေထက် ကျောင်းမနေနိုင် သေးဘူးပေါ့” ဟု ကရင်နီပြည် ပညာရေးဌာနမှ ပြည်တွင်း ပညာရေး ဆိုင်ရာ တာဝန်ခံဖြစ်သူ ဆရာအယ်(လ်)ခွန်း က ပြောသည်။

အများအားဖြင့် ကျောင်းထွက်သော ကျောင်းသူ၊သားများမှာ အသက် ၁၅၊ ၁၆ နှင့် ၁၇ နှစ်အရွယ်တို့ဖြစ်ပြီး အနောက် ပဒေါင်ဒေသဘက်နှင့် လွယ်လင်လေး တို့တွင် တောင်ယာများ သွားရောက်လုပ်ကိုင်ကြပြီး အချို့သောသူတို့မှာ ထိုင်းနှင့် မြန်မာနယ်စပ်တွင် အလုပ်လာရောက် ရှာဖွေကြသည်။

“တချို့လူတွေ က မိဘတွေ ကျောင်းထွက် ခိုင်းစေချင်တယ်။ ဒါပေမယ့် သူတို့က ကျောင်းဆက်တက်ချင်တော့ မိဘတွေက ဘာမှမပြောပဲ နေတယ်။ တချို့လူ တွေတော့ မိသားစု စားဝတ်နေရေးကို နားလည်တော့ ကျောင်းထွက်တာ ရှိတယ်။ ၀င်ငွေရှိအောင်ပေါ့ ဆား၊ ငရုတ်တို့ ၀ယ်ကူနိုင်အောင် ဆိုပြီး အဲမျိုးသွားတာတွေ ရှိတယ်” ဟု အမှတ်-၁ ခရိုင်မှ ကျောင်းသားမိဘတဦးက ပြောသည်။

ကရင်နီပြည်ရှိ ပြည်သူ၊သားတို့မှာ တနှစ်ပြီးတနှစ် စားဝတ်နေရေးဖူလုံရန် လယ်ယာနှင့် တောင်ယာ လုပ်ငန်း များကို အဓိကထား လုပ်ကိုင်ကြပြီး ထိုလုပ်ငန်းများသည် ယခုလိုမိုးရာသီအချိန်တွင် မိုးပုံမှန်ရရှိမှသာလျင် လုပ်ကိုင်နိုင်ကြသည်။

 

Most read this week